Wednesday, January 21, 2009

ရင်တွင်းခံစားချက် - ၃


ရင်တွင်းခံစားချက် - ၃




လွမ်း…အချစ်ကို အစားထိုးခံစားတယ်လို့ ရေးခဲ့ပေမဲ့ လွမ်းတကယ်ခံစားပြီး ချစ်ခဲ့တာပါ…


ပထမအွန်လိုင်းချစ်သူ အွန်လိုင်းမရှိလို့ ဝမ်းနည်းနေတဲ့အချိန်မှာ Skype မှာ လာ Add တဲ့ တစ်ယောက်ကို လက်ခံစကားပြောခဲ့တယ်…


သူ့နာမည်က တေဇာပါ… (နာမည်တူရှိရင် ခွင့်လွှတ်ပါ)


တေဇာနဲ့ စပြီး စကားပြောတော့ ရန်ဖြစ်ကြတာ… ဘုနဲ့ ဘောက်ပဲ…


အွန်လိုင်းမှာ နာမည်ကို ညာပြောတတ်တာ များတယ်လေ…


လွမ်းက သူ့ကို စွပ်စွဲတဲ့စကားတွေ ပြောတာ…


တေဇာက သူအမှန်အတိုင်းပြောတာကို ညာပြောတယ်လို့ စွပ်စွဲရလားဆိုပြီး ရန်တွေ့တာ…


နောက်တော့ ဓာတ်ပုံတောင်းတယ်…


သူပေးရင် လွမ်းပေးမယ်ဆိုပြီး ပြောတော့ သူတစ်ပုံပေးရင် လွမ်းတစ်ပုံ ပြန်ပေးရမယ် ဆိုတဲ့ကတိနဲ့ သူက စပြီး ပို့ပေးတယ်…


သူ့ဓာတ်ပုံရောက်လာတော့ လွမ်း ရင်ခုန်သွားမိတယ်… (မရီနဲ့)


တေဇာက ချောတယ်…

လွမ်းလည်း လွမ်းဓာတ်ပုံတွေထဲက လှမယ်ထင်တာ ရွေးပို့ရတာပေါ့…


လွမ်းက သူ့ကို အမှန်အတိုင်း ပြောပြလိုက်ပါတယ်… အွန်လိုင်းချစ်သူ အွန်လိုင်းပေါ်မှာ ပျောက်သွားတဲ့အကြောင်းပေါ့…


တေဇာက လွမ်းအတွက် အွန်လိုင်းမှာ အမြဲနေပေးမယ်လို့ ကတိပေးပြီး လွမ်းအတွက် အွန်လိုင်းမှာ နေပေးခဲ့တယ်…


နောက် သူ့ဓာတ်ပုံတစ်ပုံရောက်တိုင်း လွမ်းဓာတ်ပုံ တစ်ပုံ ပြန်ပို့ပေးခဲ့တယ်…


အချိန်တွေကြာလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာခဲ့တယ်လေ…


တေဇာကလည်း သူ့ချစ်သူနဲ့ စကားများပြီး လမ်းခွဲပြီးစအချိန်မှာ လွမ်းနဲ့ တွေ့တာဆိုတော့ တေဇာအတွက် လွမ်းက အစားထိုးချစ်သူ ဖြစ်လာခဲ့တယ် ထင်ပါရဲ့…


လွမ်း တေဇာကို ချစ်တယ်လို့ အဖြေပေးတဲ့နေ့မှာ ပထမအွန်လိုင်းချစ်သူက အွန်လိုင်းပေါ် ရောက်လာတယ်…


လွမ်းကို သူဘာလို့ အွန်လိုင်းပေါ်ကို ရောက်မလာနိုင်တဲ့အကြောင်း ရှင်းပြတယ်… သူတို့အဆောင်က Sever Error ဖြစ်လို့ တစ်ဆောင်လုံး အင်တာနက်သုံးလို့မရ ဖြစ်သွားတာတဲ့…


လွမ်းဆီ ဖုန်းဆက်လို့မရတာကလည်း သူပြန်လာခါနီးလို့ ဖုန်းကဒ်အသစ် မလုပ်တော့တာတဲ့လေ…


လွမ်းလေ လွမ်း သူ့ကို ရင်နာနာနဲ့ပဲ လွမ်းမှာ ချစ်သူအသစ်ရနေတဲ့အကြောင်း ပြောပြလိုက်တယ်…


အဲဒီတော့ လွမ်းကို သူပြန်ပြောခဲ့တဲ့စကားတွေက လွမ်းကို ဝမ်းနည်းစေခဲ့ပါတယ်…


လွမ်းရဲ့ ပထမအွန်လိုင်းချစ်သူက သူချစ်ပါ…


လွမ်းရဲ့ ဒုတိယအွန်လိုင်းချစ်သူက ကိုယ်ချစ်ပါ…




လွမ်း
 

No comments: