Wednesday, January 21, 2009

ရင်တွင်းခံစားချက် - ၁

ရင်တွင်းခံစားချက် - ၁


လွမ်းမှာ လွမ်းဘဝထက်ပိုပြီး ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်…

သူ့ကို လွမ်း ချစ်ခဲ့တုန်းက သူ့အပေါ်မှာ သစ္စာရှိရှိနဲ့ ချစ်ခဲ့တာပါ…

သူကလည်း လွမ်းကို သိပ်ချစ်ခဲ့မယ်ဆိုတာ လွမ်းယုံတယ်…

လွမ်းတို့ချစ်ခဲ့ကြပြီး နှစ်ဖက်မိဘတွေကို အသိပေးခဲ့ကြတယ်…

လွမ်းတို့ ငယ်သေးလို့ ပညာကိုပဲ ပြီးအောင် သင်ခိုင်းတယ်…

မကန့်ကွက်ကြပါဘူး…

လွမ်းတို့တွေ တဇွတ်ထိုး လျှောက်လုပ်မှာ စိုးလို့ထင်ပါရဲ့…

ဒီအချိန်မှာ လွမ်းတို့နှစ်ယောက်ကို ကံကြမ္မာက ခွဲပစ်တယ်လေ…

သူ ခရီးထွက်သွားခဲ့တယ်…

ခရီးမထွက်ခင် လွမ်းကို သိပ်ချစ်တဲ့အကြောင်း၊ လွမ်းနဲ့ အတူနေရအောင် ကြိုးစားမယ်ဆိုပြီး ထွက်သွားတာ…

လွမ်းကို အပြီးတိုင် နှုတ်ဆက်သွားတာလို့ လွမ်း မထင်ခဲ့မိပါဘူး…

လွမ်းဆီကို ပြန်အလာ Accident ဖြစ်တယ်လို့ သတင်းရောက်လာတော့ လွမ်း မယုံဘူး…

လွမ်းကို အားလုံးက ဒါတကယ်ဖြစ်သွားတာပါ… ယုံရမယ်လို့ ပြောကြတယ်လေ…

လွမ်းရင်ထဲကို ဝင်ကြည့်ပါအုန်း…

လွမ်း ဘယ်လိုနေရမလဲ…

လွမ်း သူပြန်အလာကို မျှော်နေတဲ့သူလေ…

လွမ်းဆီပြန်လာမယ်လို့ သူပြောခဲ့တာ…

သူအဝေးကြီးကို ထွက်သွားမယ်လို့ နှုတ်ဆက်ခဲ့တာ မဟုတ်ဘူး…

လွမ်းကို သူ နှုတ်မဆက်ဘဲ ထွက်သွားရက်တယ်…

လွမ်းကို တစ်ယောက်ထဲ ထားခဲ့တယ်…

အထီးကျန်ခံစားချက်ကို သူသိပါ့မလားပဲ…

လွမ်း သူ့ကို အရမ်းလွမ်းနေတယ်…

 (တကယ့်အဖြစ်အပျက်လေးတစ်ခုပါ)


လွမ်း

No comments: