Wednesday, January 21, 2009

ရင်တွင်းခံစားချက် - ၂

ရင်တွင်းခံစားချက် - ၂



လွမ်း မညာတတ်ပါဘူး…

အချစ်ဆုံးသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး လွမ်း အချစ်ကို အစားထိုးခံစားချင်လာတယ်…

၂-နှစ်အကြာမှာ လွမ်းရဲ့ ထွက်ပေါက်က အင်တာနက်ကို အသုံးပြုတာ ဖြစ်လာတယ်…

အဲလို အင်တာနက်ကို အသုံးပြုရင်းနဲ့ လွမ်း အွန်လိုင်းချစ်သူကို ရလာခဲ့တာပဲ…
 
ပထမဆုံး အွန်လိုင်းချစ်သူက အင်ဂျင်နီယာပါ…

မြန်မာနဲ့ အချိန် ၃-နာရီခွဲကွာတဲ့ နိုင်ငံမှာ သူက ပညာဆက်သင်နေတာပါ…

ပထမတော့ သူငယ်ချင်းတွေလိုပဲ နောက်ပြောင်ပြောနေကြတာပါ…

အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်ဆိုတာ ဖြစ်လာခဲ့တာ…

အချိန်မှန် အွန်လိုင်းမှာ ချိန်းတွေ့ပြီး စကားပြောဖြစ်နေမိတော့တာလေ…

နောက်တော့ သူကလည်း လွမ်းမွေးနေ့မှာ ဖုန်းဆက်ပြီး Birthday Wish လုပ်ပေးတယ်…

သူ့ကို အွန်လိုင်းမှာ မတွေ့ရင် လွမ်းလည်း သူ့ဆီ ဖုန်းဆက်မိတဲ့အထိ ဖြစ်လာခဲ့တယ်…

ဒီလိုနဲ့ သူ နောက်ဆုံးနှစ် Thesis တင်ရမဲ့အချိန် ရောက်လာခဲ့တယ်…

လွမ်းကလည်း အင်ဂျင်နီယာဆိုတော့ သူ့ Drawing တွေ ကူဆွဲပေးခဲ့တာ…

နောက်ပိုင်း သူ အလုပ်တွေများလာတာကို အကြောင်းပြပြီး အွန်လိုင်းကို မလာတော့ဘူးလေ…

အွန်လိုင်းက ရလာတဲ့ချစ်သူက အွန်လိုင်းမှာ ရှိမနေရင် ဘယ်လိုခံစားရမယ်ဆိုတာ ခံစားကြည့်ပါအုန်း…

လွမ်းဖုန်းဆက်လည်း မရတော့ဘူးလေ…

အဲ့ဒီအချိန်မှာ လွမ်းဘဝထဲကို ဒုတိယအွန်လိုင်းချစ်သူ ဝင်လာတာ…



လွမ်း

No comments: