Friday, February 8, 2008

ချစ်သူအတွက်

ချစ်သူအတွက်
 



မိုင်ရာချီဝေးတဲ့နေရာကသူ

တောင်တွေခြားလို့ အတားအဆီးများစွာကိုကျော်ဖြတ်

အင်တာနက်ကတစ်ဆင့် ကျွန်တော့်အနားရောက်နေသလို

အသက်ရှူသံတိုးတိုးလေးကိုတောင်ကြားနိုင်ရဲ့

ကျွန်တော့်ရင်တွေ ဘယ်လိုခုန်နေတယ်ဆိုတာ

မိုက်ခရိုဖုန်းကတစ်ဆင့် သူ့ဆီကို ခရီးပြင်းနှင်သွားလေမလား

ကျွန်တော့်ရင်မှာ ပြည့်နေတာတော့ အပျော်တွေပေါ့

ဟုတ်မှာပဲနော် ကျွန်တော်ပျော်ခဲ့တာက အဆုံးစွန်ထိ

ရင်ထဲမှာတကယ်ကြည်နူးခဲ့တယ်

အပျော်တွေနဲ့ပေါ့

အချိန်လင့်နေလို့

ပင်ပန်းရှာမှာမို့

စကားစသိမ်း

အွန်လိုင်းကိုဖြတ်

အတူလှည့်ထွက်ခဲ့ကြတာတောင်

ကြောင်နေတဲ့မျက်လုံး

ပြုံးနေတဲ့မျက်နှာ

ရင်မှာတော့ ပျော်နေလို့

အိပ်ဖို့ ဝေးစွကွယ်

တစ်ညလုံးမိုးလင်း

သူ့အကြောင်းတွေးရင်းပေါ့

ခုတော့ ဘယ်လောက်ပဲ ကြားချင်ပေမဲ့

သူ့အသံလေး ကျွန်တော်ကြားခွင့်မရှိတဲ့နောက်

နှလုံးသားချင်းကလွဲရင် အရာရာဝေးကွာခဲ့ရတဲ့ဘဝမှာ

ကြိုလှည့်ပါ

တိမ်တွေကိုကျော်ဖြတ် အရောက်လာခဲ့မယ်

ချစ်သောသူရှိရာကို…





DSTA မှ သူငယ်ချင်းဖိုးဇော်ကဗျာကို ပြန်လည်တည်းဖြတ်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။


No comments: