Monday, February 11, 2008

အချစ်ဆုံးသူတစ်ယောက်အကြောင်း

အချစ်ဆုံးသူတစ်ယောက်အကြောင်း

လွမ်းတယ်ဗျာ…

ကျွန်တော် လူ့လောကထဲ ရောက်လာတာ အလွမ်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ နေရအောင် ဖန်တီးပေးထားသလိုပဲ…

ကျွန်တော် လွမ်းတတ်လာတာက ကျွန်တော်ချစ်ရတဲ့သူ စရတဲ့အချိန်က စတော့တာပဲ…

ဒီနေ့က ကျွန်တော့်ချစ်သူရဲ့ မွေးနေ့လေးပါ…

ကျွန်တော့်ဘဝမှာ အချစ်ဆုံးချစ်ခဲ့ရတဲ့ ချစ်သူပါ…

သူကလည်း ကျွန်တော့်ကို အချစ်ဆုံးဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် လုံးဝယုံကြည်တယ်…

သူ ကျွန်တော့ကို နှုတ်မဆက်ဘဲ ထားသွားခဲ့တယ်…

တစ်ချို့လူတွေက သူတို့ချစ်သူကို စွန့်ခွာခါနီးမှာ နှုတ်ဆက်စကား၊ အကြောင်းပြချက်စကားတွေ ပြောပြပြီးမှ စွန့်ခွာသွားကြတာလေ…

ကျွန်တော့ချစ်သူက ကျွန်တော့်ကို ဘာမှမပြောဘဲ ထားသွားခဲ့တာ…

ကျွန်တော်ကတော့ သူ့ရဲ့ အမှတ်တရနေ့လေးတွေမှာ သူ့ကို တမ်းတရင်းနဲ့ လွမ်းနေဆဲပါ…


သူနဲ့ ကျွန်တော် စတွေ့ပြီး ချစ်ခဲ့ရတဲ့အကြောင်းလေးတွေကို တမ်းတမ်းတတနဲ့ ခင်ဗျားတို့ကို ပြောပြချင်သေးတယ်ဗျာ…

သူနဲ့ ကျွန်တော်နဲ့က တစ်တန်းတည်းသား ကျောင်းနေဖက်သူငယ်ချင်းပါ…

အဲလိုပြောလို့ ကျောင်းကတည်းက တွေ့ပြီးချစ်ခဲ့တာပေါ့ လို့ မထင်လိုက်ပါနဲ့…

လုံးဝ မဟုတ်ဘူး…သူ့ကို ကျောင်းမှာတုန်းက မသိခဲ့ဘူး… မခင်ခဲ့ဘူး…

ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ စက်မှုမေဂျာက မိန်းခလေး ၈-ယောက်ပဲ ရှိတာ…

ယောင်္ကျားလေးက အယောက်-၃၀၀ လောက် ရှိတာလေ…

ဒီတော့ သူတို့က ကျွန်တော်တို့ကို သိတယ်…

ကျွန်တော်တို့က ခုံနံပါတ်နီးတဲ့သူတွေနဲ့ စာဂျပိုးတွေနဲ့ပဲ သိတာ…

ကျောင်းတုန်းက ကျွန်တော်က စာပဲ ကြိုးစားတာ… ပထမရတာ… ကျွန်တော့်ကို “စာလိပ်” လို့ နာမည်ပေးထားကြတာ… ဂျပိုးထက် ကြီးလို့တဲ့…

သူ့ကို ကျောင်းပြီးလို့ အောင်စာရင်းမထွက်ခင် ဆည်မြောင်းဦးစီးဌာနမှာ ခေတ္တ အလုပ်ဝင်လုပ်တော့မှ တွေ့ကြတာ…

အတူသွား၊ အတူစားရင်းနဲ့ သူက ရည်းစားစကား ပြောတော့တာ…

ကျွန်တော်ကလည်း နောက်တော့ အဖြေပေးမယ်ဆိုပြီး တစ်ပတ်ထဲနဲ့ အဖြေပေးလိုက်တာ…

မရီနဲ့… ခင်ဗျားတို့ကို ရီစရာပြောဘို့ ကျန်သေးတယ်…

ရည်းစားဖြစ်ပြီးမှ ပြန်သိရတဲ့အကြောင်းလေး…

သူက ကျွန်တော့်ကို ရည်းစားစကားပြောမဲ့နေ့က သူ့သူငယ်ချင်း ဂဏန်းဗေဒင်ဆရာက တွက်ချက်ပြီး ဘယ်အရောင်ဝတ်၊ ဘယ်အချိန်မှာပြော…ဆိုပြီး လုပ်ခိုင်းလိုက်တာတဲ့ဗျာ…


ဟား ဟား…ဒါကြောင့် ကျွန်တော်အဖြေ မြန်မြန်ပေးမိတာ ထင်ပါရဲ့…


လွမ်း

1 comment:

Thanyawzin said...

လမ်းခွဲတာ ၀မ်းနည်းစရာလားတဲ့ တီတီ ဆရာတော်တစ်ပါးက ပြောဘူးတယ်..
လူတိုင်းက အမြဲတမ်း အတူတူရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောချင်တာပါ..
ကိုယ်စိတ်နဲ့ကိုယ်တောင် တစ်ခါတစ်လေ စိတ်က ကိုယ်မှာ မကပ်တာတွေရှိတယ်ဟုတ်..
အဲဒီလိုပဲ ခွဲခွာခြင်းဆိုတာ ကိုယ်တစ်ယောက်ထဲမှ မဟုတ်ပါဘူး.. လူတိုင်း ခံစားနေရတဲ့ဝေဒနာလေးတစ်ခုပါ...