Monday, February 11, 2008

အွန်လိုင်းသူငယ်ချင်းများအပေါ် ခံစားချက်

ကျွန်တော်ဘလော့ဂ်စရေးပြီး လိုအပ်တာတွေကို တစ်ခုချင်းလုပ်ကြည့်ပြီး စမ်းရေးနေတာလေ...ခုထိကို မပြည့်စုံသေးပါဘူး...ကျွန်တော်စာတွေက ပညာရပ်နဲ့  မသက်ဆိုင်သလို ဘယ်လိုမှလဲ ခင်ဗျားတို့ အတွက် ခံစားမှုကို ပေးနိုင်မှာမဟုတ်ဖူးဆိုတာ သေချာတယ်...ဒါဆို ဘာရည်ရွယ်ချက်နဲ့ ရေးတာ လဲလို့ မေးချင်နေမှာဘဲ...ကျွန်တော်က ၀က်ပေ့ခ်ျလုပ်ရတာကို ၀ါသနာပါတာဗျ...ကျွန်တော် ပုံတွေ တင်တယ်...သူငယ်ချင်းတွေ ၀က်ပေ့ခ်ျသွားကြည့်တယ်...မှတ်ချက်တွေရေးခဲ့တယ်...ကျွန်တော်ကြိုက်တဲ့ ပုံလေးတွေ ထည့်ပေးခဲ့တယ်....အဲဒါ ကျွန်တော့်အလုပ်ဘဲ...ကျွန်တော့် ခံစားချက် ကျွန်တော်ရေးချင်တာလေးတွေ ရေးချင်လို့  လုပ်ထားတာလို့ ဘဲ ပြောပါရစေ....ကျွန်တော့်ရေးတာကိုတော့ အများဖတ်စေချင်တာလေ...ကျွန်တော့် ပရိသတ်က ကျွန်တော့်အွန်လိုင်းက သူငယ်ချင်းတွေဘဲ... သူတို့ အကြောင်းကို ပြောပြချင်လို့  ဒီစာလေးကို ရေးဘို့  နိဒါန်းပျိုးနေတာလေ...



ကျွန်တော် အွန်လိုင်း စသုံးတော့ ကိုယ့်မိသားစု ဆွေမျိုးတွေလောက်နဲ့ ပဲ ဆက်သွယ်တာပါ...တစ်ရက်မှာ ကျွန်တော့်မောင်လေးနံမည်နဲ့  တူတဲ့သူတစ်ယောက်လာဆက်သွယ်တာတွေ့ လို့  လက်ခံလိုက်တယ်...အဲဒီမှာ Chatting ဆိုတာကို စသိလာရတာဘဲ...သူက မိသားစုနဲ့  ဝေးကွာတဲ့ ကိုးရီးယားနိုင်ငံမှာ အလုပ်လုပ်နေသူလေ...အလုပ်ကပြန်လာရင် နှုတ်ဆက်တယ်...သွားတော့မယ်ဆိုရင် နှုတ်ဆက်တယ်...ဒီနေ့ အထိ ၀တ္တရားမပျက်တဲ့ သူငယ်ချင်းတစ်ယောက်ပါ...
ဒုတိယဆက်သွယ်လာလို့  လက်ခံလိုက်တဲ့သူက ဂျပန်မှာ သွားအလုပ်လုပ်နေတဲ့သူပါ...သူ့ အကြောင်း ကိုယ့်အကြောင်းပြောရင်း ခင်မင်သွားတဲ့ သူငယ်ချင်းပါ...သူ့ အကြောင်းကို ပြောပြလို့ သိရတာက သူက အွန်လိုင်းမှာ Chatting လုပ်ရင်း ရည်းစားရသွားတာဗျ...နောက် သူ့ ကောင်မလေး ကပါ ကျွန်တော့်ကို ဆက်သွယ်လာတယ်...သူတို့ အချစ်ကတော့ တည်မြဲတယ်ဗျာ...သူငယ်ချင်းက ဂျပန်ကပြန်လာပြီး သူ့ ကောင်မလေးကို လာတွေ့ ပြီးပြန်သွားပြီဗျ...တိုးတက်တဲ့  အင်တာနက်ဆက်သွယ်ရေးကွန်ယက်မှာ ချစ်သူဖြစ်သွားကြတဲ့ သူတွေပေါ့ဗျာ...
တတိယဆက်သွယ်လာတဲ့သူတွေကတော့ အဝေးမှာ ကျောင်းသွားတက်နေရတဲ့သူတွေပါ...သူတို့ က မိသားစုနဲ့ ခွဲခွာပြီး ပညာသင်နေရတော့ အားတဲ့အချိန်လေးတွေမှာ အွန်လိုင်းကို ၀င်ပြီးစကားပြော၊ ဒါမှမဟုတ် ဂိမ်းဆော့ရင်း အပျင်းဖြေနေကြတဲ့သူတွေလေ...
နောက်ပိုင်းကျွန်တော့်သူငယ်ချင်းတွေက Zorpia ကတစ်ဆင့် ရလာတဲ့သူငယ်ချင်းတွေဗျ...သူတို့ နဲ့ Chat လုပ်ရင် အရမ်းပျော်စရာကောင်းတာ...စ နောက်နေတာဘဲလေ...သူတို့ ကို ပြောထားတယ်...ခင်ဗျားတို့ အကြောင်းတွေ ရေးမှာဆိုတော့ ဘာတွေများရေးမလဲဆိုပြီး လန့် နေပြီလေ...
ပထမဆုံးရေးချင်တဲ့ Zorpia သူငယ်ချင်းကတော့ KgsoTelay ပါ...သူက အိပ်ပုတ်ကြီးသူပါ...အိပ်ရာနိုးတာနဲ့  မျက်နှာမသစ်သေးဘဲ Gtalk ၀င်လာပြီး နှုတ်ဆက်တတ်တဲ့  သူငယ်ချင်းပါ...သူနှုတ်ဆက်နေကျ စကားက "Good nya" တဲ့...အိပ်ခါနီးလဲ အဲလိုပြောပြီး အိပ်တတ်တယ်...ဒါကြောင့် သူဝင်လာတာကို ကျွန်တော်အရင်ဆုံး တွေ့ ရင် "Good nya အိပ်တော့" ဆိုပြီး စရတယ်...
ဒုတိယရေးချင်တာက Zorpia မှာ နံမည်ကြီးတဲ့ zootsoelay ပါ...သူကတော့ အတော်ခင်ဘို့ ကောင်းတဲ့ သူငယ်ချင်းပါ...တစ်ခါတစ်ရံပေါ်လာတတ်တဲ့ Online ကလူတစ်ချို့ ကြောင့် ကျွန်တော်စိတ်ညစ်တဲ့အချိန်မှာ အားပေးခဲ့တဲ့ သူငယ်ချင်းပါ... သူဘဲ ဒီBlog ရေးနိုင်အောင် လိုအပ်တာတွေ ပို့ ပေး ခဲ့တာပါ... သူ့ ကို Online မှာတွေ့ ရင် ဘာလို့ မှန်းမသိဘူး... အရမ်းစချင်တာဘဲ... သူပြန်ပြောတဲ့စကားကလဲ စချင်စရာဗျ... သူ့ မှာအကျင့် တစ်ခုရှိတယ်တဲ့...
သူ့ ကိုနမ်းရင် ရှူရှူပေါက်ချတတ်တယ်တဲ့... ဟား ဟား...
ဒါနဲ့ သူ့ ကိုပြန်စရတယ်...zootsoelay ကိုချစ်တဲ့ ကောင်မလေးတော့ မလွယ်ဘူးလို့ ...
ကျွန်တော် နောက်သူငယ်ချင်းတစ်ယောက်အကြောင်းကို ခုရေးမှဖြစ်တော့မှာမို့  မအိပ်ပဲရေးနေတယ်ဆိုတာ သူသိစေချင်လိုက်တာဗျာ... သူက Strayman တဲ့... ၂၀၀၇-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့ မှာ သူ့ Homepage မှာComment သွားရေးခဲ့တာ... Background မှာ သူGuitar တီးနေတဲ့ပုံကိုတွေ့ ပြီး ရေးခဲ့တာ... နောက်ထပ်သွားကြည့်တော့ နောက်ခံပြောင်းထားပြန်ရောဗျ... သူကကျွန်တော့်ကို FMTT လို့ ခေါ်တာ... ဘာကြောင့်ခေါ်တာလဲဆိုတာ သူကရှင်းပြသေးတာ... နောက် Gtalk မှာဆက်Chat ဖြစ်တော့ သူက ပုံပြင်တွေပြောပြတာ... စကားကလဲ တတ်သလားမမေးနဲ့ ... ကျွန်တော်ဘဲ အရှုံးပေးရတာ... သူက ခုကျွန်တော့်ကို စကားနာထိုးနေတာ... သူ့ အကြောင်း မရေးသေးလို့ ... အချစ်ကြီးရင် အမျက်ကြီးတတ်လို့  သူစိတ်မနာခင် အမြန်ရေးနေရတာ... သူရေးတာတစ်ဖက်လူ ဘယ်လိုခံစားရမယ်ဆိုတာ နားလည်ရဲ့ နဲ့  ရေးတတ်တဲ့သူပေါ့... ကျွန်တော့်ကို ခံစားမှုအမျိုးမျိုးပေးတဲ့ Online Friend တွေပေါ့ဗျာ...
ကျွန်တော်ရေးချင်တဲ့ သူငယ်ချင်း
အကြောင်းနောက်တစ်ယောက်က lovercreater ဗျ... သူရေးတဲ့ကဗျာတွေက ကျွန်တော့်ခံစားချက်နဲ့  ထပ်တူနီးပါးတူနေလို့  ခင်နေမိတဲ့ သူငယ်ချင်းတစ်ယောက်ပါ... သူ့  Profile ပုံက သူ့ ပုံမဟုတ်ပေမဲ့ သူလိုဘဲခံစားထားတယ်... Valentine's Day မှာ သူ့ ကိုမြင်ဘူးချင်တယ်လို့  အများကတောင်းဆိုလို့  သူ့ ဓါတ်ပုံကို တင်တဲ့နေ့ မှာ ကျွန်တော်သူ့ Homepage ကို သွားတတ်တော့ မြင်လိုက်ရတယ်... မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ဆုလေးရထားတယ်ထင်ပါရဲ့ ဗျာ... ခင်ဘို့ ကောင်းပါတယ်... ခုသူ့ ဓါတ်ပုံကို ပြန်ဖြုတ်ပစ်လိုက်ပြီ... ဒီနေရာမှာ ကျွန်တော်ရေးချင်တာတစ်ခုက ကျွန်တော် တစ်ခါတစ်ရံ Chatting လုပ်တဲ့အချိန်မှာ ပေါ်လာတဲ့ စာလုံးတွေအပေါ်မှာဘဲ ခံစားပြီးပြန်ရိုက်နေတာ... တစ်ဖက်လူရဲ့ ပုံပန်းသဏ္ဌာန်ကို မစဉ်းစားမိဘူး... ကျွန်တော်က Online Friend ကို သူငယ်ချင်းတစ်ယောက်လိုဘဲ ပြောနေမိတာ... ဒီလ ၁၉-ရက်နေ့ က lovercreater က ဖိတ်တဲ့စာလေး ရောက်လာတယ်...
သူတို့ Group ၀င်ဘို့ ဗျ... Group Name ကဘာလဲ သိချင်လား... "achitatwetyinkhonethumyar" တဲ့... ကျွန်တော် အချစ်အတွက် ရင်ခုန်တတ်မှန်း သူသိတယ်ဗျ... ခင်ဗျားတို့ မရီနဲ့ နော်... ရီတဲ့သူက မချစ်တတ် လို့ ဘဲ...
Group Invite လုပ်တာနဲ့ ပတ်သက်ပြီး နောက်သူငယ်ချင်းတစ်ယောက် အကြောင်းဆက်ပြောရမယ်... သူကL@veLy B@Y^^....^^ ဗျ... သူက ဒီလ ၁၀-ရက်နေ့ က လာဖိတ်တာ... သူ့ Group Name က "Red Devils Fan" တဲ့... သူငယ်ချင်းကဖိတ်တာဆိုတော့လဲ ၀င်လိုက်တာပေါ့ဗျာ... သူက Football Match Crazy ဗျ... Football Match ကတော့ ယောင်္ကျားလေးသူငယ်ချင်းအားလုံး ကြိုက်ကြတယ်ဗျာ... အဲဒီဘောလုံးပွဲလာချိန်ဆို Online မှာ သူတို့ ကို မတွေ့ ရ တော့ဘူး... တွေ့ လဲသူတို့ က စာရေးထားကြတာ... "ဘောလုံးပွဲ ကြည့်နေသည်" ဆိုပြီးလေ... ဒီသူငယ်ချင်းက Manchester United Crazy လေ... ကျွန်တော်က သူဖိတ်လို့ သာ ၀င်ထားတာ လုံးဝကို ၀ါသနာမပါတာ... စိတ်မဆိုးနဲ့ နော်... ကျွန်တော်က အမှန်ကိုပြောတတ်လို့ ပါ...

4 comments:

Unknown said...

မာမီရေ ဆက်ပြီးရေးပါအုန်း
သားတို့ အားပေးနေတယ်ဗျို့
ပေါ့ပေါ့ပါးပါးနဲ့ ရီစရာလေးတွေ
များများရေးနော်
စောင့်ပြီး ဖတ်နေမယ်ဗျို့

Thanyawzin said...

လူတိုင်းကို ခင်တတ်တယ်လို့ ထင်ခဲ့ဘူးတယ်.. တကယ်တော့ ခွဲခြားပြီး ခင်တာပဲနော်.. ဟဲဟဲ.. နံမည်မပါလို့ ပြောနေတာနော်.. ဟီဟီ..
သူများတွေမှာက ဘလော့ဂ်ရေးသူပေါ်မှာ အမှတ်တရလေးတွေထားသွားနိုင်တယ်နော်.. ဒီကတော့ မထားခဲ့နိုင်ဘူး.. စိတ်မကောင်းစွာပဲ.. ပထမ မဖြစ်ပေမယ့် နောက်ဆုံးသူတော့ ဖြစ်ချင်လိုက်တာ....

Anonymous said...

ရေးထားတာတွေ ရေရေလည်လည်မိုက်တယ် ဗျာ ....
တီတီတို့ကတော့ တစ်နေ့တစ်ခြား နှုန်းတွေ မြန်လာပြီ
အားပေးတယ် သားတို့ကတော့ ...... အားလပ်တဲ့အချိန်
လေးတွေမှာ မိမိဝါသနာပါရာ အလုပ်ကလေးတွေကို လုပ် ရတာဟာ ငယ်ငယ်က ရောင်စုံခဲတံလေးနဲ့ ပန်းချီဆွဲနေရသလို ပျော်စရာကောင်းပါတယ် ဗျာ ......
တီတီကို အားပေးနေမယ် နော်
လိုအင်ဆန္ဒပြည့်ဝပါစေဗျာ

Unknown said...

တီတီ...
ပြောရက်တယ်နော်..သားအကြောင်းတွေကို..တစ်ကမ္ဘာလုံးက...မြန်မာတွေသိအောင်..တီတီကြေညာရက်တယ်နော်....တီတီရောနေလင်းရော..
ပေါင်းကြံကြတယ်..ကြိုက်တယ်...နှစ်ယောက်လုံး..ပြေးပေါက်မှားပြီမှတ်.. ဟ ဟ ဟ