Friday, February 8, 2008

ဆန္ဒ နဲ့ ဘဝ



ဆန္ဒ နဲ့ ဘဝ

နွေးထွေးတဲ့ မျက်ဝန်း

နူးညံ့တဲ့ နှုတ်ခမ်း

ချိုသာတဲ့ အသံလေးတွေနဲ့

ပြုံးနေမဲ့ ချစ်သူမျက်နှာ

အာရုံမှာ အရုပ်ထင်

စိတ်ကူးမှာ ရေးဆွဲ

မမြင်ဘူးပဲနဲ့ ချစ်ခဲ့

ဪ သံယောဇဉ်ဆိုတာ

…မမြင်ဘူးပဲနဲ့ ငြိတွယ်တတ်ပါသလား…

ချစ်သူရေ တစ်ခါတစ်လေတော့လည်း

ငှက်တွေလို အတောင်ပေါက်

လေယာဉ်ပျံကြီးစီးပြီး

အလင်းရဲ့ အလျင်နှုန်းထက်မြန်တဲ့

စိတ်ရဲ့အမြန်နှုန်းနဲ့ ကိုယ်လှမ်းလို့ လာချင်ခဲ့

ဒါပေမဲ့ ချစ်သူရေ

ဘဝဆိုတာ ဆန္ဒမှ မဟုတ်တာ

ခုတော့လည်း ဆန္ဒကို အသာထား

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးပြီး

ကိုယ်တို့နှစ်ယောက်ရဲ့ ဘဝတွေဟာ….



သူငယ်ချင်းတေဇာ အွန်လိုင်းရှိစဉ်က ပေးပို့သောကဗျာကို အမှတ်တရ ဖော်ပြခြင်း ဖြစ်ပါသည်။

No comments: