Tuesday, February 19, 2008

ချွင်းချက်

 



ချွင်းချက်


ချစ်သူ
 
မမေ့တတ်တာ
 
မှတ်မိလို့ပဲ ထင်ပါရဲ့
 
လေ့ကျင့်ရင်း သင်ယူ
 
သင်ယူရင်း လေ့ကျင့်နဲ့
 
မေ့ခြင်းပညာအဖြာဖြာကို
 
တစ်ဖက်စွန်းရောက်
 
…ငါတတ်မြောက်နေပြီ...
 
ကျောင်းမှာလည်းမေ့
 
အိမ်မှာလည်းမေ့
 
လမ်းပေါ်မှာမေ့
 
ကျူရှင်မှာမေ့
 
ဟိုမေ့ဒီမေ့
 
အင်မတန်မေ့တဲ့
 
ငါဆိုတဲ့ကောင်မလေးမှာ
 
မမေ့ရက်နိုင်တာ
 
နင်တစ်ယောက်ထဲပါ…



No comments: