Tuesday, January 21, 2014

အရမ်းကို တိုးတက်နေသော စင်္ကာပူ


အရမ်းကို တိုးတက်နေသော စင်္ကာပူ


လွမ်း စင်္ကာပူကို မရောက်တာ ကြာပါပြီ။

ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တဲ့အတွက် စင်္ကာပူမသွားဖြစ်ဘဲ ထိုင်းနိုင်ငံသို့သာ သွားဖြစ်ပါတယ်။
 ဒီနှစ်စမှာတော့ မရောက်တာကြာပြီဖြစ်တဲ့ စင်္ကာပူကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံကို ၇-ကြိမ်မြောက် ခရီးထွက်ခြင်းပါ။

(၆) ကြိမ်မြောက်က ၂၀၁၀-ခုနှစ်က ရောက်ခဲ့တာပါ။

စင်္ကာပူနိုင်ငံအကြောင်းရေးရင်း လွမ်း ပြောပြချင်တဲ့အကြောင်းက နိုင်ငံခြားမှာ ပစ္စည်းဝယ်ရင် Refund ပြန်ပေးတတ်တဲ့အကြောင်းပါ။
 လွမ်း စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖြစ်ပါတယ်။
 လွမ်းအတွက် အသုံးကျမဲ့ 2TB External Harddisk ဝယ်ဖြစ်ပါတယ်။
Mobile Phone နဲ့ TV တွဲသုံးနိုင်တဲ့ကြိုး၊ Player နဲ့ TV တွဲသုံးနိုင်တဲ့ကြိုးတွေ ဝယ်ဖြစ်ပါတယ်။
 Mobile Phone မှာ ထည့်သုံးဖို့ Memory Card ဝယ်ပါတယ်။
 ဝယ်တဲ့ပစ္စည်းအတွက် Refund လိုချင်ကြောင်းပြောတဲ့အခါ လွမ်း Passport ကို ပြရပါတယ်။

Form မှာ လွမ်းနာမည်နဲ့ Passport ထည့်ရေးထားတဲ့စာရွက်ကို ဆိုင်က ပေးလိုက်ပါတယ်။
 
Sketcher ဖိနပ်ဆိုင်မှာလည်း Refund အတွက် စာရွက်တောင်းလာခဲ့ပါတယ်။

Singapore Airport ရောက်တော့ Check-in မဝင်ခင် Refund Counter ကို သွားပါတယ်။
 
Refund Counter မှာ Stand Computer တွေ ထားပြီး Bar Code Scanner တွေ ထားရှိပါတယ်။
 
၂၀၁၀-ခုနှစ် လာတုန်းက Refund Counter မှာ Custom Officer များထားပြီး အလုပ်လုပ်ပါတယ်။


ခု ၂၀၁၄-ခုနှစ်မှာတော့ GST Refund Counter မှာ Computer များ ထားရှိပါတယ်။


လွမ်းရဲ့နာမည်၊ Passport ထည့်ရိုက်တာနဲ့ ဆိုင်က ဝယ်လာတဲ့ Voucher မှ Bar Code ကို Scan ဖတ်ခိုင်းပါတယ်။ ဖတ်လိုက်တာနဲ့ Confirmation ဖြစ်ပြီး Refund Letter ထွက်လာပါတယ်။


အရင်လို Custom Officer နဲ့ တွေ့စရာမလိုတော့ဘဲ စက်နဲ့ပဲ အလုပ်လုပ်ရပါတယ်။


Check-in ဝင်ပြီး Immigration ကို ဖြတ်ပြီးတာနဲ့ Refund Counter မှာ လွမ်းရလာတဲ့ Refund Letter ကို ပြပြီး ငွေထုတ်လိုက်ရုံပါပဲ။


လွမ်းတို့ရန်ကုန်ကို Singapore လိုဖြစ်အောင်လုပ်ဖို့က နှစ်တွေအများကြီး လိုအုန်းမယ်ထင်ပါတယ်။


Singapore မှာ Network ချိတ်ပြီး အလုပ်လုပ်နေကြတာမို့ Mobile Phone တစ်လုံးရှိရုံနဲ့ အရာရာကို လုပ်ဆောင်သွားနိုင်ပါတယ်။


ဒီအကြောင်းကို နောက် Post တစ်ခုမှာ အကျယ်တဝင့် ရေးပြချင်ပါသေးတယ်။


လွမ်းလိုလူတွေနဲ့ မဆက်ဆံချင်တဲ့သူအဖို့ စက်တွေနဲ့ပဲ အလုပ်လုပ်ရတဲ့ Singapore လို မြန်မာနိုင်ငံမှာလည်း ဖြစ်စေချင်ပါတယ်။


လိုက်မှီဖို့ကတော့ အများကြီး လိုပါသေးတယ်။



လွမ်းဧကရီ
၂၁-၀၁-၂၀၁၄

နေ့လည် ၁၁:၂၅ နာရီ



No comments: