Monday, January 20, 2014

မြန်မာ

မြန်မာ

လွမ်း ဘန်ကောက် ကုမ္ပဏီနှစ်ပတ်လည်ပွဲကို ၂၀-၁၂-၂၀၁၃ ရက်နေ့က သွားခဲ့ပါတယ်။


၂၁-ရက်နေ့နဲ့ ၂၂-ရက်နေ့မှာ ဈေးဝယ်ထွက်ကြပါတယ်။


၂၁-ရက်နေ့က Platinum Plaza မှာ အဝတ်အထည်တွေနဲ့ Hand Carrier Baggage တစ်လုံး ဝယ်ပါတယ်။


၂၂-ရက်နေ့က Big C ကို သွားပြီး အိမ်သုံးပစ္စည်းတွေ ဝယ်ပါတယ်။


Robinson မှာ Air Fryer ဝယ်တော့ Baht 6000/- ပေးရပါတယ်။

Foreigner ဆိုရင် Airport မှာ Refund ပြန်ပေးပါတယ်။ ဒါကြောင့် Service Counter မှာ Refund အတွက် Form ဖြည့်ရပါတယ်။ မိမိရဲ့ Passport Number ဖြည့်ရပါတယ်။


လွမ်းရဲ့ Passport က Hotel မှာ ကျန်ခဲ့တဲ့အတွက် Number ကို အလွတ်ပြောတာမှာ ဂဏန်းတစ်လုံး မှားသွားပါတယ်။ ကျန်တဲ့ Data တွေက မှန်ပါတယ်။


Airport ရောက်တော့ Check-in မဝင်ခင်မှာ Custom Refund Counter မှာ Custom Signature သွားယူရပါတယ်။


Check-in ဝင်ပြီး Immigration ဖြတ်ရပါတယ်။ အတွင်းမှာ Refund Counter သွားပြီး ငွေထုတ်ပါတယ်။


လွမ်း Passport နဲ့ Refund Form ထုတ်ပေးတော့ မြန်မာဆိုတာ သိတာနဲ့ Sea Game အကြောင်း မေးပါတယ်။


လွမ်းပြန်တဲ့နေ့က ၂၂-၁၂-၂၀၁၃ နေ့ ပိတ်ပွဲနေ့ဖြစ်ကြောင်း ပြောပြတော့ သူက ဖွင့်ပွဲကြည့်ရတဲ့ အကြောင်း ပြောပြပါတယ်။


Form ကို စစ်တဲ့အခါ Passport Number တစ်လုံးလွဲနေပေမဲ့ ကျန်တဲ့ Data တွေ မှန်တဲ့အတွက် ထုတ်ပေးမဲ့အကြောင်း ပြောပြီး Refund Baht 250/- ပေးပါတယ်။


ဘာပဲပြောပြော လွမ်းကတော့ မြန်မာဆိုတာ ၂၇-ကြိမ်မြောက် Sea Game ကြောင့် ပိုသိလာကြတယ် ဆိုတာ ဂုဏ်ယူစရာပါပဲ။

ခုဆို နိုင်ငံခြားသွားရင် မြန်မာဆိုတာ သိနေကြပါတယ်။


Indonesia သွားတုန်းက ရိုးရာပစ္စည်းဆိုင်မှာ လွမ်းတို့ကို “မြန်မာလား” လို့ မေးတယ်။


ဘာပဲပြောပြော လွမ်း မြန်မာလို့ ဖြေရတာကို ကျေနပ်ဂုဏ်ယူပါတယ်။


လွမ်းဧကရီ
၂၀-၁-၂၀၁၄
ညနေ ၄:၀၀ နာရီ

No comments: