Sunday, September 1, 2013

ဘဝအတွက် ခွန်အားဖြစ်စေသော စာစုများ

ဘဝအတွက် ခွန်အားဖြစ်စေသော စာစုများ

လွမ်း…ခုတလော ချစ်သူကို သတိရပြီး လွမ်းနေမဲ့အစား MRTV-4 5-Network Series က လာနေတဲ့ အသိပညာရစရာ ဆွေးနွေးခန်းတွေကို ရွေးချယ်နားထောင်ဖြစ်နေပါတယ်။

စာရေးဆရာတွေနဲ့ ဆွေးနွေးချက်တွေ၊ အနုပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးဆွေးနွေးခန်းတွေနဲ့ Popular ChatRoom က လာတာတွေကို နားထောင်ဖြစ်နေပါတယ်။

လက်တွေ့ စာရေးနေတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေဟာ စာများစွာဖတ်သူတွေ၊ မိမိရေးသားမဲ့ အကြောင်းအရာတွေအတွက် ပိုင်နိုင်သူတွေဆိုတာ သူတို့ပြောပြတဲ့ အကြောင်းအရာတွေ နားထောင်တော့မှ သိလာရပါတယ်။

မိမိရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်တဲ့သူအပေါ် အသိပညာတစ်ခုခု ပေးလိုက်နိုင်ရမယ် ဆိုတာ နားလည်လာရပါတယ်။

လွမ်းက လွမ်းဆိုတဲ့ နာမည်နဲ့လိုက်အောင် အလွမ်းသီချင်းတွေ၊ လွမ်းနေရတဲ့ ခံစားချက်စာလေးတွေပဲ ရေးတတ်ပါတယ်။

ဒါပေမဲ့ လွမ်းတတ်ထားတဲ့ နည်းပညာတွေကိုတော့ ဖြန့်ဝေပေးပါတယ်။

လွမ်းရေးတဲ့စာကို ဖတ်သူကလည်း နည်းပညာတစ်ခု တတ်မြောက်သွားတယ်ဆိုရင်တော့ လွမ်း ဝမ်းသာမိမှာပါ။

လွမ်းက ကိုယ်တိုင်ရေးတဲ့စာတွေကိုပဲ တင်ထားတာပါ။

နည်းပညာတွေကို တင်မယ်ဆိုရင် လွမ်း အရင်ဆုံးလေ့လာပါတယ်။ လွမ်းကိုယ်တိုင် လုပ်ကြည့်ပါတယ်။ ရပြီဆိုတော့မှ ရေးတင်လေ့ ရှိတာပါ။

အားရင် နည်းပညာအသစ်တွေ ထပ်လေ့လာပါတယ်။

ခုခေတ်က Computer အသုံးပြုတဲ့ခေတ်ဆိုတော့ Computer နဲ့ ပတ်သက်တဲ့ နည်းပညာတွေ လေ့လာသင့်ပါတယ်။

အနည်းဆုံး ရုံးလုပ်ငန်းတွေမှာ သုံးတဲ့ Microsoft Office ကိုတော့ တတ်ထားသင့်ပါတယ်။

Internet အသုံးပြုနည်း၊ E-mail ပို့နည်းတွေကိုပါ တတ်အောင် သင်စေချင်ပါတယ်။


လွမ်း Facebook သုံးပါတယ်။ Facebook သုံးရင်းနဲ့ လွမ်းကြိုက်တဲ့ စာစုလေးတွေကို သိမ်းထားတတ်ပါတယ်။

လွမ်း သိမ်းထားတဲ့အထဲက တစ်ချို့သောစာစုလေးတွေကို သူငယ်ချင်းတို့ကိုပါ မျှဝေချင်ပါတယ်။
 

Successful People ဖြစ်ချင်ရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို ရေးထားတာပါ။ အရမ်းကို ကောင်းပါတယ်။ လိုက်နာနိုင်မယ်ဆိုရင် တကယ်အောင်မြင်တဲ့သူ ဖြစ်မှာပါ။



ဘဝဟာ စာအုပ်နဲ့ တူတယ်တဲ့။ တစ်ချို့ Chapter တွေမှာ ဝမ်းနည်းစရာတွေရှိမယ်။ တစ်ချို့ Chapter တွေမှာ ပျော်စရာတွေရှိမယ်။ တစ်ချို့ Chapter တွေမှာ စိတ်လှုပ်ရှားစရာတွေ ရှိမယ်တဲ့။ ဒါပေမဲ့ ဒီစာမျက်နှာတွေကို မလှန်ခဲ့ရင် သင်ဟာ ဘယ်တော့မှ နောက် Chapter မှာ ဘာရှိမယ်ဆိုတာ ဘယ်တော့မှ မသိနိုင်တော့ဘူးတဲ့။


မှန်တယ်နော်။ ဒီတော့ သူငယ်ချင်းတို့လည်း ပြီးခဲ့တဲ့အတိတ်ကို မေ့ထားပြီး အနာဂတ်မျှော်လင့်ချက် တွေအတွက် ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရအောင်နော်။




ဒီပုံလေးက ဒီနေ့ သင် ဘယ်အဆင့်ကို ရောက်နေပြီလဲလို့ မေးထားတာပါ။ လွမ်း ကြိုက်လို့ Facebook မှာလည်း တင်ပေးဖူးပါတယ်။ လွမ်း ဖြေပေးထားပါသေးတယ်။ “I can do it” လို့။



လွမ်း ခု ကုမ္ပဏီမှာ လုပ်နေတဲ့အလုပ်က စက်ပစ္စည်းတွေကို တင်သွင်းပြီး Site ထဲအရောက် ပို့ပေးရတဲ့ လုပ်ငန်းပါ။


စလုပ်စကတော့ သူများဆီက သင်ယူရပါတယ်။ ကိုယ်တိုင် လုပ်ပါတယ်။


ခုတော့ ဘယ်လိုလုပ်ဆောင်ရတယ်ဆိုတာတွေကို တတ်ကျွမ်းနားလည်နေပါပြီ။


ဒါပေမဲ့ မသိသေးတာတွေကို ဆက်လက်လေ့လာ လုပ်ဆောင်နေရဆဲပါ။


ဒီပုံလေးကို ကြည့်ပြီး သူငယ်ချင်းတို့လည်း ကြိုက်မှာပါ။ လွမ်းလည်း ပျော်စရာ၊ ဝမ်းနည်းစရာတွေ ရှိတဲ့ တကယ့်ဘဝမှာ ပျော်ရွှင်အောင် နေနေပါတယ်။


ဒီကာတွန်းပုံလေးက ပညာပေးလေးပါ။ ကြီးပွားချမ်းသာသူနဲ့ ဆင်းရဲသူ ကွာခြားသွားတာက ဆင်းရဲသူအတွေးက ဘယ်လိုပဲ တွေးတယ်ဆိုတာ သင်ခန်းစာပေးထားတယ်လို့ ထင်ပါတယ်။




ဒီပုံလေးကတော့ လွမ်းကို တိုက်ခိုက်လာသူရှိရင် စိတ်ထားတတ်အောင် ကိုယ့်ကို ခွန်အားပေးတဲ့ စာစုလေးပါ။

ကိုယ့်ကို မကြိုက်သူတွေအကြောင်းကို စိုးရိမ်ပူပန်ဖို့ အချိန်မရှိဘူးတဲ့။ ကိုယ့်ကို ချစ်တဲ့သူတွေ

အတွက် အရမ်းအလုပ်များနေလို့ပါတဲ့။


ဟုတ်တယ်။ လွမ်းကို လာတိုက်ခိုက်သူတွေအကြောင်း မစဉ်းစားတာပဲကောင်းတယ်။ လွမ်းကို ချစ်တဲ့သူအတွက် လွမ်း ဆက်လက် စာကြိုးစားရေးသွားမယ်။


အရမ်းကို ကောင်းတဲ့စာစုလေးပါ။ လွမ်းကြိုက်လို့ သိမ်းထားတာပါ။


လွမ်း သူငယ်ချင်းတို့အတွက် ကြိုးစားစာရေးနေသလို သူငယ်ချင်းတို့ကလည်း လွမ်းအတွက် မရှိမဖြစ် လိုအပ်နေသူတွေပါ။


လွမ်းဧကရီ
၀၁-၀၉-၂၀၁၃

နံနက် ၈:၄၅ နာရီ

No comments: