Saturday, September 14, 2013

နေပြည်တော်သို့ အလည်တစ်ခေါက် ရောက်ပြန်တော့

နေပြည်တော်သို့  အလည်တစ်ခေါက်ရောက်ပြန်တော့


(၁၁-၀၉-၂၀၁၃) ရက်နေ့ က ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာက လွမ်းကို နေပြည်တော်သွားရမယ်ဆိုပြီး ရုံးကားစီစဉ်ပေးတာနဲ့  အိမ်ကနေ ညနေ ၇-နာရီခန့် မှာ ရန်ကုန်ကနေ ထွက်လာဖြစ်ပါတယ်။

ရုံးက စီစဉ်ပေးလိုက်တဲ့ ကားမောင်းသမားကလည်း ခန့် ထားတာ မကြာသေးပါဘူး။

မောင်လေးက ရှေ့ ခန်းမှာ ထိုင်ပြီး လွမ်းက နောက်ခန်းထိုင်ခုံမှာ တစ်ယောက်ထဲ လိုက်လာပါတယ်။

နေပြည်တော်ကို သွားတဲ့ အမြန်လမ်းက နာမည်ကြီးတာမို့  မအိပ်ဖြစ်ပါ။

နောက်ခန်းကနေ လမ်းတစ်လျှောက် ရှေ့ ကို ကြည့်လိုက်လာရင်း မကြာခဏ ကားမောင်းသမားကို စကားလှမ်းပြောပါတယ်။ အိပ်မငိုက်စေချင်လို့ ပါ။

သတ္တ၀ါအားလုံးကို မေတ္တာပို့ ပြီး မေတ္တာသုတ်ရွတ်ပါတယ်။

ကားမောင်းသမားကလည်း ကားအမြန်နှုန်းကို ၁၀၀-မိုင်ထက် ပိုမမောင်းတာကို တွေ့ ပါတယ်။

အင်္ဂလိပ်လို၊ မြန်မာလို ရေးသားထားသော ယာဉ်မောင်းသမားများကို သတိပေးထားတဲ့ ဆိုင်းဘုတ်များကို လမ်းတစ်လျှောက် တွေ့ မြင်ရပါတယ်။

ညဖက်မောင်းတာဖြစ်တဲ့အတွက် အကွေ့ ကြီးသောနေရာသို့  ရောက်ခါနီးလျှင် လမ်းပေါ်တွင် အဖုလိုင်းများလုပ်ထားသော နေရာသုံးခုကို ဖြတ်ပြီးမှ အကွေ့ နေရာသို့  ရောက်ပါတယ်။

အဖုလိုင်းများဖြတ်ချိန်တွင် ကားမှာ တုန်ခါမှုကြောင့် ကားအောက်ပိုင်းမှ အသံပေါ်ထွက်လာပါတယ်။

ယာဉ်မောင်းသမားများ အိပ်ငိုက်နေလျှင် သတိပေးတဲ့အနေနဲ့  လုပ်ပေးထားတယ်လို့  ထင်ပါတယ်။

ရန်ကုန်မြို့  ဟံသာဝတီအ၀ိုင်းအနီး ဦးဝိစာရလမ်းပေါ်တွင် ပြုလုပ်ထားသော ဖုလိုင်းများကဲ့သို့  ဖြစ်ပါတယ်။

အကွေ့ နေရာများမှာလည်း ကာထားသော ကွန်ကရစ်တုံးများတွင် ရောင်ပြန်ပြားများ ကပ်ထားတဲ့အတွက် ညအချိန်တွင် အကွေ့ တစ်လျှောက်ကို သိသာစွာ မြင်စေပါတယ်။

အန္တရာယ်ဖြစ်နိုင်သောနေရာများတွင် ကွန်ကရစ်တုံးများကာရံထားခြင်း၊ အမှတ်အသားဆိုင်းဘုတ်များ တပ်ဆင်ထားခြင်းတို့ ကို ပြုလုပ်ထားပါတယ်။

ယခင်ကထက်စာလျှင် Safety ဖြစ်စေရန် ပိုမိုဆောင်ရွက်ထားတာကို တွေ့ ရှိရပါတယ်။



 လမ်းခရီးတစ်လျှောက်မှာ နေသာတာရှိသလို

တိမ်မဲတွေ အုံ့ မိုင်းနေတာကိုလည်း တွေ့ မြင်ရပါတယ်။

ဒီတစ်ခေါက်ကတော့ အသစ်ဖွင့်လှစ်ထားတဲ့ Ocean SuperMarket အသစ်ကို သွားဖြစ်ပါတယ်။



Season ဆိုင်ကနေ Ocean SuperMarket မျက်နှာစာကို လှမ်းရိုက်ထားပုံ




(၁၃-၀၉-၂၀၁၃)ရက်နေ့  ညနေပိုင်းမှာ နေပြည်တော်ကနေ ပြန်လာခဲ့ပါတယ်။

၁၁၅-မိုင် ယာဉ်ရပ်နားစခန်းမှာလည်း အသီးအနှံဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေတာကို တွေ့ ရပါတယ်။

လွမ်းစားနေကျ Feel Express ဆိုင်ကလည်း Air Con. Room ထပ်မံဆောက်လုပ်ထားတာကို တွေ့ ရပါတယ်။ 



လွမ်း ခေါက်ဆွဲကျော်စားခဲ့ပါတယ်။ 


ကားများနဲ့  ပြည့်နှက်နေသော ရန်ကုန်မြို့ နဲ့  မိုင်-၂၀၀ ကွာဝေးတဲ့ ကျယ်ဝန်းသောလမ်းမကြီးများနဲ့  ရှင်းလင်းနေသော နေပြည်တော်မြို့ ကတော့ လှပနေဆဲပါပဲ။



လွမ်းဧကရီ
၁၄-၀၉-၂၀၁၃
နေ့ လည် ၂း၅၅ နာရီ



No comments: