Monday, November 19, 2012

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၄)

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၄)



ဒီတစ်ခါတော့ နေပြည်တော် ဟိုတယ်ဇုံမှာ ရှိတဲ့ The MyatMingalar ဆိုတဲ့ Hotel လေးအကြောင်း ရေးချင်ပါတယ်...

လွမ်း ဒီတစ်ခေါက် နေပြည်တော်သွားတာ နေ့ ချင်းပြန်သွားခဲ့တာပါ...

လွမ်းတို့  ဧည့်သည်တွေက The MyatMingalar Hotel မှာ တည်းနေတဲ့အတွက် ဟိုတယ်ကိုပဲ တိုက်ရိုက် သွားခဲ့ပါတယ်...

ဟိုတယ်ရဲ့ အဆောက်အဦပုံစံလေးတွေက ချစ်စရာလေးပါ...


လာရောက်တည်းခိုသူများအတွက် အခန်းတိုင်းဟာလည်း မိမိအိမ်နေရာလို ကျယ်ဝန်းတာကို မြင်တွေ့ ခဲ့ရပါတယ်...


အခန်းထဲဝင်တာနဲ့  ဧည့်ခန်းနဲ့  အလုပ်စားပွဲကို ထားပေးထားပါတယ်...

အသုံးပြုနိုင်ရန် Internet ကိုလည်း ချိတ်ဆက်ပေးထားပါတယ်... 

အိပ်ခန်းက သီးသန့် အကန့် နဲ့  ခြားထားပြီး အိပ်ရာထဲကနေ TV ကြည့်နိုင်အောင် ထားပေးပါတယ်...
 


 ရေချိုးခန်းက ကျယ်ဝန်းပြီး Bath Tub နဲ့  Shower, Toilet တွေကို အကန့် လေးများနဲ့   ပိုင်းခြားထားပါတယ်...



Dressing Room သီးသန့် ခန်း ပြုလုပ်ထားပြီး Hair Dryer နဲ့  Iron ထားပေးတာကို တွေ့ ရပါတယ်...


ဘီရိုထားပေးပြီး ရတနာသိမ်းဆည်းနိုင်ရန် Safe Box လည်း ထားပေးထားပါတယ်...

ဟိုတယ်ရဲ့ ခမ်းနားတဲ့ အဆောက်အဦကတော့ အခမ်းအနားများ ကျင်းပနိုင်ရန် ခန်းမနဲ့  ညစာစားပွဲ ပြုလုပ်နိုင်တဲ့ ခန်းမများကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်...



ဒီပုံလေးကတော့ ညဖက်ရိုက်ထားတဲ့ပုံလေးပါ...


The MyatMingalar Hotel လေးဟာလည်း နေပြည်တော်မှာ တည်းခိုချင့်စဖွယ် ဟိုတယ်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်...



လွမ်းဧကရီ
၂၀-၁၁-၂၀၁၂
ည ၁၁း၅၅ နာရီ

No comments: