Saturday, October 6, 2012

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၃)

နေချင်စဖွယ် နေပြည်တော်မှ ဟိုတယ်များ အပိုင်း(၃)



ဒီတစ်ခါတော့ ဟိုတယ်ဇုံအတွင်းမှာ ရှိတဲ့ သင်္ဂဟဟိုတယ်အကြောင်းလေး ရေးချင်ပါတယ်။

သင်္ဂဟဟိုတယ်ဟာလည်း ၀န်ဆောင်မှုပေးတဲ့အခါ ကောင်းမွန်တာကို တွေ့ ရှိရပါတယ်။

Customer များကို ဂရုတစိုက် ရှိတာကို တွေ့ ရပြီး လိုအပ်တာကို ဖြည့်ဆည်းပေးပါတယ်။

အခမ်းအနား ပြုလုပ်လိုတဲ့အခါ သင်္ဂဟဟိုတယ်မှာ ကျယ်ဝန်းတဲ့ ခန်းမ၊ ကျယ်ဝန်းတဲ့ ညစာစားပွဲနေရာ၊ ကျယ်ဝန်းတဲ့ ကားရပ်နားရာနေရာရှိတဲ့အတွက် အဆင်ပြေတာကို တွေ့ ရပါတယ်။

ဟိုတယ်တွင် တည်းခိုစဉ် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ထားခဲ့ပါတယ်။

 ဧည့်ခန်းလေးပါ။

 Double Bed Room ပါ။

ကုတင်ခြေရင်းမှာ TV စင် ထားရှိပါတယ်။


 စာရေးစားပွဲ ထားပေးပါတယ်။
 Counter Basin ကို သီးခြားအခန်းမှာ ထားပေးပါတယ်။

 Bath Tub ပါ။

 Shower Room ပါ။ ခေါင်းလျှော်ရည်နဲ့  Bath Cream ထားပေးပါတယ်။

 အ၀တ်အစားချိတ်တဲ့ နေရာလေးပါ။

လွမ်းအနှစ်သက်ဆုံးကတော့ မီးပူတိုက်ဖို့  Iron Table နဲ့  Iron ကို ထားပေးထားတာပါ။
သင်္ဂဟ ဟိုတယ်မှာပဲ ထားပေးတာ တွေ့ ရပါတယ်။

 TV စင်အောက်မှာ ရေခဲသေတ္တာလေး ထားပေးပါတယ်။ ယူသောက်ရင်တော့ ကျသင့်ငွေရှင်းပေးရမှာပါ။

 အခမ်းအနားကျင်းပရင် အခမ်းအနားမှူးရဲ့ နေရာပါ။

 အခမ်းအနားကျင်းပရာနေရာလေးပါ။

 ညစာစားပွဲနေရာလေးပါ။

 Breakfast စားတဲ့အဆောင်လေးပါ။


တည်းခိုဆောင်လေးပါ။

ဟိုတယ်အများစုရဲ့ ပေးထားတဲ့ Facility တွေက အကုန်နီးပါး တူကြပါတယ်။

နောင် ရောက်ရှိလာမည့် နိုင်ငံခြားခရီးသည်တွေအတွက် ဟိုတယ်တွေက လိုအပ်နေဆဲပဲ ရှိပါတယ်။

မိမိနိုင်ငံသို့  ရောက်ရှိလာသော ဧည့်သည်များအတွက် ဟိုတယ်များက ၀န်ဆောင်မှုအပြည့် ပေးနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်။



လွမ်းဧကရီ

၆-၁၀-၂၀၁၂
ည ၆း၂၅ နာရီ

No comments: