Wednesday, August 15, 2012

နေပြည်တော်သို့  တစ်ခေါက်

နေပြည်တော်သို့  တစ်ခေါက်


လွမ်းတို့  ကုမ္ပဏီက ALPHARD ကားငှားပြီး နေပြည်တော်သို့ ခရီးထွက်ခဲ့ပါတယ်...

လွမ်းက ကားမောင်းသူဘေးမှာ လိုက်တဲ့အတွက် ခရီးလမ်းကို မြင်ကွင်းကျယ်ကြည့်ရသလိုပါပဲ...

ခရီးသွားတိုင်း အတူပါလာတဲ့ ကင်မရာနဲ့  ခရီးလမ်းတစ်လျှောက် ဓါတ်ပုံရိုက်လာတာကို သူငယ်ချင်းတို့ ကို မျှဝေလိုက်ပါတယ်...

လမ်းဘေးဝဲယာက ကွင်းပြင်တွေဖြစ်တဲ့အတွက် ခရီးလမ်းရှည်လို့  ကားမောင်းသူအိပ်မငိုက်အောင် လွမ်းက ဘေးကနေ စကားတွေ ပြောပေးပါတယ်...

အဲလိုကားမျိုးကြီးတွေကို ကျော်တက်ရရင်တော့ စိတ်ညစ်ဖို့ ကောင်းတယ်...

လမ်းမှာ ခရီးသည်တင်ကားကြီးတွေနဲ့  ဆုံတဲ့အခါ ခရီးဝေးသွားရင် ထုံးစံအတိုင်း သုံးတတ်တဲ့ အချက်ပြမီးကို ကျော်တက်လို့  ရပြီဆိုတာ ဘယ်ဖက်အချက်ပြမီးကို မှိတ်တုတ် မှိတ်တုတ် လုပ်ပြပါတယ်... ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့  မရသေးတဲ့ မှားယွင်းသော အချက်ပြမီးပါ...

ဒီနေရာလေးကိုတော့ ခရီးသွားဖူးသူတိုင်း သိကြမှာပါ... ၁၁၅-မိုင် နားနေစခန်းလေးပါ... လွမ်းတို့ ကတော့ သွားတဲ့အခေါက်တိုင်း Feel မှာပဲ စားဖြစ်ပါတယ်...

ဒါကတော့ Toll Gate လေးပါ...

ဒါကတော့ နေပြည်တော်မှာ ရှိတဲ့ Capital Hypermarket ပါ... လွမ်းတို့  နေ့ လည်စာစားတဲ့နေရာပါ...

နေပြည်တော်မှာ ရှိတဲ့ အ၀ိုင်းပတ်များမှ တစ်ခုကို လှမ်းရိုက်ထားတဲ့ ပုံပါ...

ဒါကတော့ နေပြည်တော်မှ လှပသောအိမ်များထဲမှ တစ်ခုသော အိမ်ယာများကို လှမ်းရိုက်ထားတဲ့ပုံပါ...

ဒီလောက်ဆိုရင် နေပြည်တော်ခရီးစဉ်လေးမှ မှတ်တမ်းဓါတ်ပုံများကို သူငယ်ချင်းများ ကြည့်ရှုခံစားရမယ်ထင်ပါတယ်...

နောက်တစ်ခေါက်မှ နေချင်စဖွယ် ဟိုတယ်ခန်းများကို ခံစားနိုင်ရန် တင်ပေးပါမယ်...

သူငယ်ချင်းများ စိတ်ချမ်းမြေ့ကြပါစေ...



လွမ်းဧကရီ
၁၄-၀၈-၂၀၁၂
ည ၁၀း၃၀ နာရီ

No comments: