Saturday, February 18, 2012

လွမ်းရင်ထဲ ထိသောသီချင်းလေး

လွမ်းရင်ထဲ ထိသောသီချင်းလေး


သီချင်းလေးတွေ နားထောင်ရင်း မိမိစိတ်ခံစားချက်နဲ့ တိုက်ဆိုင်ရင် ရင်ထဲမှာ ဝေဒနာလေးတွေ ဖြစ်လာတတ်ပါတယ်…

ဖေဖေါ်ဝါရီလ (၉)ရက်နေ့မနက် လွမ်းသူငယ်ချင်းတွေဆီ မှတ်ချက်လေးတွေ လိုက်ပေးရင်း Double Tun စာမျက်နှာအရောက်မှာ တင်ထားတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ချင်လို့ Play Button လေး အနှိပ်မှာ သီချင်းလေးကို နားထောင်ရင်း စိတ်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်လေး ဖြစ်ပေါ်လာပါတယ်…

လွမ်းက အထီးကျန်နေသူတစ်ယောက်မို့ အလွမ်း၊ အဆွေးသီချင်းလေးတွေကို ပိုနှစ်သက်တတ် ပါတယ်…

Double Tun ရဲ့ တင်ထားတဲ့ Flash Song လေးကို နားထောင်ပြီး သူငယ်ချင်းတွေကို နားထောင်စေ လိုတဲ့ဆန္ဒနဲ့ ဘလော့လေး ရေးတင်လိုက်တာပါ…

သီချင်းလေးကို သူငယ်ချင်းတို့လည်း နားဆင်ပြီး မိမိတို့ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ခဲ့ပါနော်…

လွမ်းကတော့ သီချင်းဆိုသူရဲ့ နေရာမှ လွမ်းအနေနဲ့ ဝင်ရောက်ပြီး အရမ်းကို ခံစားရပါတယ်…

လွမ်း အနှစ်သက်ဆုံးသီချင်းလေးအဖြစ် သိမ်းထားမှာပါ…

Double Tun လည်း သီချင်းလေးများကို ဖန်တီးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပါစေ…


Double Tun ဖန်တီးထားတဲ့ “နေရာ”ဆိုတဲ့ Flash Song လေးကို ဖွင့်လို့ မရတော့တဲ့အတွက် ဖျက်လိုက်ပါတယ်…

အဝေးက ချစ်သူအတွက် ရင်ထဲနေရာလေးတစ်ခု ချန်ထားပေမဲ့ လွမ်းဆီ ရောက်လာပါ့မလား…

အရမ်းလွမ်းနေပါတယ်…

စောင့်စားရတဲ့ရက်လေးတွေလည်း ရှည်ကြာနေပါပြီ…

သီချင်းလေးနားထောင်ပြီး လွမ်းနေပါတယ်…








လွမ်းဧကရီ
၀၉-၀၂-၂၀၁၂

နံနက် ၆:၅၀ နာရီ

No comments: