Tuesday, April 1, 2008

လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီး


ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၃၅၇-ခုနှစ်တွင် ပန္နက်ချခဲ့ပါသည်။


လူသားတို့ သည် လောဘ၊ ဒေါသ၊ မောဟများနှင့် ပျော်ပါးနေကြပြီး မြတ်စွာဘုရားဟောကြားခဲ့သော တရားတော်များကို မေ့လျော့နေသည်ကို ရပ်တော်မူဘုရားကြီးအား ဖူးမြင်လိုက်ရသည်နှင့် ငါတို့ သည် (၃၁)ဘုံအတွင်း၌ ကျင်လည်နေကြပါလားဟု အသိ၊ သတိ တရားလေးဝင်ကြစေရန်နှင့် ရပ်တော်မူဘုရားကြီး၏ အတွင်းထဲသို့  ၀င်ဝင်ခြင်းမှစ၍ လူသားတို့  မကောင်းမှုများ မပြုလုပ်စေရန် မကောင်းမှုပြုသူများသည် ကိုယ်လုပ်ခဲ့သော အပြစ်နှင့်အညီ ငရဲသို့ ခံစားရပြီး ကောင်းမှုပြုသူများသည် ကိုယ်ပြုခဲ့သော ကောင်းမှုကုသိုလ်နှင့်ညီသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံများကို အသီးသီးရောက်ရှိကြပုံ များကို ပန်းချီရုပ်လုံးများဖြင့် ဖော်ပြပြီး လူသားတို့ ကောင်းမှု၊ မကောင်းမှုများကို ခွဲခြားသိစေရန် ရည်ရွယ်ပြီး ရပ်တော်မူဘုရားကြီး၏ (၃၁)ထပ်တွင် (၃၁)ဘုံကို ပထမထပ်မှစ၍ ငရဲဘုံ၊ အပေါ်ဆုံးထပ်တွင် နေ၀သညာနာသညာယသတနဘုံ ထိ အထပ်တိုင်းတွင် ပန်းချီပုံများဖြင့် ရေးသားရုပ်လုံးဖော်ပြပေးတော်မူခဲ့သည်။


ကျွန်တော် မတ်လ(၆)ရက်နေ့ မှာ ရပ်တော်မူဘုရားကို ဖူးခွင့်ရခဲ့ပါတယ်...

ရပ်တော်မူဘုရားကြီးအတွင်းဖက်မှာ ပြင်ဆင်နေဆဲကာလပါ...၂၆-ထပ်အထိ တက်ခွင့်ရတဲ့အတွက် တက်ရောက်ဖူးခဲ့ရပါတယ်...အတွင်းဖက် အထပ်တိုင်းမှာ သံဘောင်များနဲ့ ထောက်ခံထားရတာပါ...

ရပ်တော်မူဘုရားကိုယ်လုံးတော်ပေါ်မှာ မြင်ရတဲ့လေးထောင့်ကွက်လေးတွေက လေ၀င်ပေါက်တွေပါ..
လေ၀င်ပေါက်ကနေ ဘုရားရင်ပြင်တော်ကို လှမ်းမြင်ရတဲ့ ရှုခင်းလေးကို ဓါတ်ပုံရိုက်ယူခဲ့ပါတယ်...




ဘုရားအတွင်းပိုင်းမှာ တစ်ထပ်နဲ့  တစ်ထပ် ဘုရားပုံတော်တွေက မတူကြပါဘူး...လေးဖက် လေးဆူတည်ထားပါတယ်...

အထပ်တိုင်းမှာ ပန်းချီကားများနဲ့ သရုပ်ဖော်ရေးဆွဲထားပါတယ်...


ငရဲဘုံမှာ မကောင်းမှုပြုလုပ်မှုကြောင့် ကိုယ်ပြုလုပ်ခဲ့တဲ့အပြစ်နဲ့ အညီ ခံစားရတာတွေကို သရုပ်ဖော်ရေးဆွဲထားတာ အင်မတန်ကြောက်စရာကောင်းပါ တယ်...
တစ်ထပ်ပြီးတစ်ထပ် တက်ဖို့ ကျွန်းလှေကားများကို ပြုလုပ်ထားပါတယ်...နောင် ဓါတ်လှေကားနဲ့ တက်နိုင်ရန်အတွက် စီစဉ်ဆောက်ရွက်နေတာကိုလဲ တွေ့ ခဲ့ ရပါ တယ်...
ဒီနေရာမှာ ကျွန်တော့်ကို ဘုရားဖူးခွင့်ကြုံအောင် စီစဉ်ပြီးလိုက်ပို့ ပေးတဲ့ ရေဦးကဆွေမျိုးများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောလိုပါတယ်...ကျွန်တော်ဘုရားဖူးခွင့်ရတဲ့ အခိုက်အတန့် လေးမှာ အလွမ်းလေးတွေ ပျောက်ကွယ်ပြီး ကြည်နူးဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်...


ခုတော့ ရောက်ခဲ့ရတဲ့နေရာလေးကို လွမ်းနေရပြန်ပြီလေ...










လွမ်းဧကရီ


No comments: