Sunday, March 30, 2008

ခံစားချက်လေးများ


 ခံစားချက်လေးများ

အချစ်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်နေကြပေမဲ့ ကျနော်ကတော့ သူနဲ့ပြောလို့ စိတ်ခံစားမှုပေးနိုင်ရင် သူ့ကိုချစ်နေမိတာပဲလို့ ယူဆတယ်…

ကျနော်က အချစ်နဲ့ ပတ်သက်ရင် အတ္တကြီးတယ်…
 
ကျနော်ကလွဲပြီး ဘယ်သူ့ကိုမှ ချစ်တယ်ဆိုတာကို မပြောစေချင်ဘူး…

ကျောင်းနေတုန်းက အတန်းထဲမှာ ပထမရအောင် အမြဲကြိုးစားတယ်…

ပြိုင်ရင် အနိုင်ရအောင် ကြိုးစားတယ်…

အချစ်ကို ရခဲ့တုန်းကလည်း မပြိုင်သင့်တဲ့ ပြိုင်ပွဲလေး လုပ်ခဲ့ဖူးတယ်…

၅၂၈-မေတ္တာနဲ့ ၁၅၀၀-မေတ္တာ ပြိုင်တာမှာ ကျနော် အနိုင်ရခဲ့ဖူးတယ်…

ပြန်စဉ်းစားကြည့်တော့ ကျနော် မလုပ်သင့်ဘူး…

ကျနော့်ချစ်သူအတွက် ကျနော်ထည့်မစဉ်းစားခဲ့တာ…

သူအခက်အခဲတွေကြားက ကျနော့်ကို ကျေနပ်အောင် လုပ်ပေးသွားတာ…

ဒါတွေက ဟိုးလွန်ခဲ့တဲ့ ကာလလေးတုန်းကပါ



လွမ်း
 



2 comments:

Thanyawzin said...

အလွမ်းဆိုတာ လူတစ်ယောက်ကို မူးယစ်ထုံးထိုင်းစေတဲ့ မူးယစ်ဆေးတစ်မျိုးဆိုတာ သိရင်တော့ တီတီ တစ်နေ့ အလွမ်းတွေထဲက လွတ်မြောက်မှာပါ.. အခုလို စွဲလမ်းစိတ်နဲ့ လွမ်းနေတာဟာ.. ဖတ်ပြီးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ကို ကြိုက်လွန်းအားကြီးပြီး.. အမှတ်ရအောင် ဆက်ဖတ်နေတဲ့ ပုံပြင်လိုဆိုရင်တော့.. ဘယ်တော့မှ အဲဒီပုံပြင်ဟောင်းလေးကို မေ့သွားမှာ မဟုတ်ပါဘူး.. အဲဒီလိုပဲ အလွမ်းကို ပုံဖော်နေရင်လည်း ဘယ်တော့မှ မေ့ပျောက်မသွားနိုင်ပါဘူး... မေ့နိုင်အောင် အချိန်က ကုစားပေးတယ်တဲ့.။. ဒါပေမယ့် အဲဒီလို ခံစားဖို့အတွက် အချိန်ကို ပေးနေရတယ်လေ.. ကိုယ် လွမ်းတာကို သိရင် သူကျေနပ်ပါလိမ့်မယ်.. မတရာကြီး မလွမ်းပါနဲ့လို့ ဆုတောင်းလိုက်ပါတယ်.. ခံစားချက် ကိုယ်ဆီ ရင်ထဲမှာ ရှိတတ်ကြတာမို့ မလွမ်းပါနဲ့လို့တော့ မပြောပါဘူးနော်.. ဟဲ..ဟဲ.. ခံစားချက်ရှိမှ အချစ်ဆိုတာ ဖြစ်ပေါ်လာတာလေ.. ဟုတ်တယ်ဟုတ်.. ဝေဖန်ချက်က လေကန်ချက်တော့ မဟုတ်ဘူးနော်.. ဟီ..ဟီ.

မီးငယ် said...

တီတီ လွမ်းနေမဲ့ အချိန်တွေကို သမီးတို့နဲ့ စကားပြော..
ကြာရင်သူ့ကိုမေ့သွားလိမ့်မယ်...
တီတီ စကားပြောချင်တဲ့အချိန်လှမ်းခေါ်နော်..
သမီး Meetingမှာမဟုတ်ရင်တီတီကိုစကားပြောဖော်လုပ်ပေးမယ်...