Thursday, August 5, 2010

ပျံသန်းခြင်းမိုးတိမ်



ပျံသန်းခြင်းမိုးတိမ်




…..မိလွမ်းကတော့ ချစ်လိုက်ရတာ…..


ဟေ့ဒီမယ်…မိလွမ်း
အဲ့ဒီအလွမ်းတွေကြားမှာ အရင်းလည်းမရှိ အင်းလည်းမရှိ
ဒီအလွမ်းတွေကိုပဲ သောက်သုံးနေရတာ
သိကောင်းပါရဲ့ကွာ


Online မှာ လာခေါ်တာနဲ့
ကြည်နူးရတာ၊ ပျော်ရွှင်နေတာ
သိစေချင်တာ
လွမ်းဆန္ဒပါ…
အထီးကျန်သူရဲ့
တမ်းတမှုတွေ၊ လွမ်းဆွတ်မှုတွေ
ပြေပျောက်နိုင်တာ
မင်းလေးကြောင့်လို့
…..မပြောပေမဲ့ သိနေမှာပါ…..


အဲ့ဒီပျော်ရွှင်မှုတွေကိုပဲ ရွာချနေခဲ့တဲ့
နွေနွေ… မိုးမိုး… ဆောင်းဆောင်း… ငါ့ဆန္ဒပဲ


နွေဆိုလည်း အတူအရိပ်အောက်မှာ ပျော်မယ်
မိုးဆိုလည်း အတူထီးဆောင်း တွဲလျှောက်မယ်
ဆောင်းဆိုလည်း ကိုယ့်ရင်ခွင်ထဲ ဝင်နေချင်တာ
…..မိလွမ်းဆန္ဒပါ…..


 ငြိမ်းချမ်းရေးနဲ့ အိပ်စက် ငါ့ရင်ခွင်ကို
လရောင်နဲ့ ယက်လုပ်ထားတယ်


နွေးထွေးမှုနဲ့ လုံခြုံမှုအတွက်
ကိုယ့်ရင်ခွင်မှာ ခိုနားမယ်


သာမညကောင်က သာသာယာယာ
တေးသီချင်းတစ်ပုဒ် အမြဲသီဆိုနေမယ်

မိလွမ်းအတွက်
ကိုယ်ဆိုပြတဲ့သီချင်းလေးက
…..အမြဲ လတ်ဆတ်နေမှာပါ…..


ကြည့်လိုက်ကြည့်လိုက် ငါ့ရင်ခွင်ကို ကြည့်လိုက်
ခုန်နေတဲ့ နှလုံးသံတွေက မင်းအတွက်ချည်းပဲ
အဲ့လိုပြောလိုက်လို့ မင်းငါ့ကို သရော်နေမလားပဲ
…..ခုတောင် မင်းမျက်နှာလေး ပြုံးလို့ရွှင်လို့…..



ကိုယ့်ရင်ကို ခိုနား
ကိုယ့်နှလုံးခုန်သံလေးကြောင့်
ရင်ထဲက ပီတိ
လွမ်းမျက်နှာမှာပေါ်နေလို့
ကိုယ် လှောင်ပြုံးပြုံးမှာ
…..ရှက်လိုက်တာ…..


အဲ့ဒီမပွင့်တစ်ပွင့်ရှက်ပြုံးလေးက
ရှပ်ပြေးယာဉ်တစ်စင်း ခုတ်မောင်းသွားသလို
မင်းရဲ့ မပွင့်တစ်ပွင့်အကြည့်က
ငါ့ရင်ကို ခုတ်မောင်းစေတယ်
ငါ့နှလုံးသားရဲ့ အော်သံက
မိုးကြိုးပစ်လိုက်သလိုပဲ
အဲ့ဒီထဲမှာ ချစ်တယ်ဆိုတဲ့အသံ
ထည့်ပစ်လိုက်ချင်ရဲ့


ကိုယ့်အပြောလေးက
လွမ်းရင်ထဲမှာ
လှိုင်းပေါ်က လှေလေးလိုပဲ
မတည်ငြိမ်လည်း
ငြိမ့်ငြိမ့်လေးနဲ့
…..စီးချင်နေမိတယ်…..



အဲ့ဒါ မင်းက ငါ့ကို မယုံကြည်တာပဲ
မုသားနဲ့ဆိုတယ်လို့များ မင်းထင်ရော့လား
ဒီမယ် မိလွမ်း
အဲ့ဒီလှိုင်းတွေလို လှုပ်ခတ်နေတာ ငါ့နှလုံးရဲ့ ခုန်သံပဲ
ရဲရဲကြီးလိုက်ခဲ့စမ်းပါ
တက်မရှိတောင် ငါ့လက်နဲ့ လှော်ခတ်နေမယ်
…..ငါ့အသက်ရှိနေသ၍ပေါ့…..


ယုံချင်ခဲ့လို့
ကမ်းတဲ့လက်ကို လှမ်းခဲ့တာကို
…..ကိုယ်လည်းသိမှာပါ…..


တွဲလက်တွေခိုင်မြဲ ခိုင်မြဲတဲ့လက်နဲ့အတူ
ကမ္ဘာ ကမ္ဘာ သင်္ချေ
လွတ်လပ်တဲ့ ကောင်းကင်မှာ
ပျံသန်းကြတာပေါ့


ကိုယ်နဲ့အတူဆိုရင်
စင်္ကြဝဠာအနှံ့ လျှောက်သွားရလည်း
မမောပန်းဘဲ
…..ပျံသန်းမယ်…..


ပျံသန်းခြင်းမိုးတိမ်လေးတွေလိုပေါ့
…..ဘာအတားအဆီးမှမရှိ ပျံသန်းသွားကြတာပေါ့…..




တိမ်ပြာ + လွမ်း
၀၆-၀၇-၂၀၁၀
ည ၁၁:၁၂ နာရီ

ချစ်သူသို့

Couple


ချစ်သူသို့

ဝ မရှိဘဲ ဝိလုပ်လို့မရမှန်း သိပေမဲ့

အချစ်မသိဘဲ အချစ်ကို ငါရှာခဲ့တယ်

နင်ပေးတဲ့အချစ်ကို ငါ လက်ခံရတော့

ငါပျော်ခဲ့ရတယ်ဆိုတာ

…..နင် သိရဲ့လား…...


နင်က ဝေးနေလို့

ငါ လွမ်းနေရတာကိုရော

…..နင် သိရဲ့လား…..


ငါ့နားမှာ မနေနိုင်တဲ့ နင့်ကို

ငါမျှော်နေရတဲ့ အဖြစ်ကိုရော

…..နင် သိရဲ့လား…..


ငါ့အချစ်တွေကို နင်မယုံလို့

နင် ငါ့ကို အပြစ်တင်လည်း

ကျေကျေနပ်နပ် ခံယူလိုက်ပါ့မယ်

…..ရင်နာစွာနဲ့ပေါ့…..



လွမ်းဧကရီ

၂၈-၀၆-၂၀၁၀

မင်းလေးသိစေချင်


***မင်းလေးသိစေချင်***



လွမ်းတယ်…လွမ်းတယ်



လွယ်လွယ်ပြောလည်း



မင်းလေးအတွက်



နာကျင်ခံစား



ပြောမထွက်တဲ့ အလွမ်းတွေနဲ့



ပြည့်နှက်နေတာ



မင်းလေး သိလား။ ။



တောင်ပုံယာပုံ ပုံနေတဲ့



အလွမ်းမြို့ရိုးပေါ်ကနေ



မင်းလေးကို ချစ်တယ်ဆိုတဲ့အကြောင်း



လှမ်းအော်နေမိခဲ့တာလေ



မင်းလေးကြားကောင်းပါရဲ့



ချစ်တယ်…ချစ်တယ်



လွယ်လွယ်ပြောလည်း



မင်းလေးအတွက်



တကယ်ခံစား



နှလုံးသားက



ပြောမထွက်တဲ့ ချစ်စကားတွေနဲ့



ပြည့်နှက်နေတာ



မင်းလေး သိလား။ ။



သိသည်ဖြစ်စေ



မသိသည်ဖြစ်စေ



ပင့်ကူတစ်ကောင်လို



အကွက်အကွင်းကျကျ ခင်းကျင်း



အဲ့ဒီထဲမှာ ငါ့ကိုယ်ငါနှောင်ဖွဲ့လို့



တစ်စတစ်စ…နဲ့ပေါ့…



နှစ်ယောက်တွေ့ဆုံ



ငါပြောသမျှ



မင်းလေးရယ်မော



ငါ့ရဲ့စကား



ပေါ့ပေါ့လေးတွေး



ပေါ့ပေါ့လေးပဲလို့



မင်းလေး…ထင်နေရောလား…



ငါ့ရဲ့အလင်းရောင်ခန်းထဲမှာ



ငွေ့ရည်ဖွဲ့ပြီး



ပေါ့ပေါ့ပါးပါးခုန်ဆင်းနေတာ



မင်းတွေ့ရဲ့လား…



ရင်မှာခံစား



တကယ့်ရင်တွင်းစကား



ပြည့်နှက်နေတာ



မင်းလေး…သိရင်



မင်းလေး ရယ်နိုင်အုန်းမှာလား။ ။


ရင်မှာခံစား



တကယ့်ရင်တွင်းစကားတွေကို



မင်းလေးမလှောင်လိုက်ပါနဲ့



မင်းရဲ့ ရယ်သံချိုချိုလေးနဲ့



ထာဝရအိပ်စက်ပါရစေ…




တိမ်ပြာ & လွမ်း

၂၈.၀၅.၁၀