Wednesday, June 24, 2020

အီကြာကွေး ပြုလုပ်နည်း


အီကြာကွေး ပြုလုပ်နည်း


ဂျုံနှစ်ခွက်မှာ Instant Yeast 1 tbsp, Baking Powder ½ tbsp, Baking Soda 1/8 tbsp, ဆား ¼ tbsp, သကြား 1 tbsp ထည့်ပြီး ဇွန်းနဲ့ သမအောင် မွှေပေးပါတယ်။ 


(tbsp = Table Spoon)



ဆီ တစ်ဇွန်း ထည့်ပါတယ်။





ဂျုံထဲကို ရေနည်းနည်းချင်း ထည့်ပြီး လက်နဲ့ နယ်ပါတယ်။ ရေက ဆန်ချိန်ခွက်နဲ့ ¾ ထည့်ရပါတယ်။ နယ်တဲ့ဇလုံမှာ မကပ်သည်အထိ ဂျုံကို နယ်ပေးပါတယ်။ Steel ဇလုံမှာ ဆီသုတ်ပြီး နယ်ထားတဲ့ ဂျုံကိုထည့်၍ အဖုံးအုပ်ပြီး ရေခဲသေတ္တာ အောက်ထပ်ခန်းမှာ တစ်နာရီထည့်ထားပါတယ်။




တစ်နာရီကြာပြီးနောက် ဂျုံကို လက်ဖနောင့်နဲ့ နယ်ပေးပါတယ်။ နယ်တဲ့ ဂျုံသားက Smooth ဖြစ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါမယ်။




တစ်ညနှပ်ထားပြီး နောက်တစ်နေ့မနက်မှာ ဂျုံက နှစ်ဆနီးပါး ပွနေတာကို တွေ့မြင်ရမှာပါ။





ဂျုံကို ပုံတွင် မြင်ရသည့်အတိုင်း အပြားပုံစံ လှိမ့်ပေးပါမယ်။ ဂျုံအထူက ¼ inch လောက် ရှိရပါမယ်။




ဓားနဲ့ ကိုယ်လိုချင်တဲ့ အနေအထား ဖြတ်ပါမယ်။




ပုံမှာ ပြထားတဲ့အတိုင်း တစ်ဖက်ခြမ်းမှ ဂျုံများကို ရေစွတ်ထားတဲ့ တူနဲ့ အရာလေးများ ပေးပါတယ်။




အရာပေးထားတဲ့ ဂျုံပေါ်ကို နောက်တစ်ဖက်ခြမ်းက ဂျုံများဖြင့် ထပ်လိုက်ပြီး တူနဲ့ အလယ်ကနေ ဖိချလိုက်ပါတယ်။



ကျနော်က ဆီကို နေကြာဆီကို အသုံးပြုပါတယ်။ ဆီကို ဒယ်အိုးတစ်ဝက်နီးပါး ထည့်ပြီး အပူရှိန် ပြင်းလာသည်အထိ စောင့်ပါတယ်။


ဆီ ပူ၊ မပူ စမ်းသပ်လိုလျှင် တူကို ဆီထဲနှစ်လိုက်လျှင် ပလုံစီတက်လာလျှင် ဆီပူပါပြီ။

နှစ်ထပ်ဂျုံလေးများကို ဆီပူထဲထည့်သည့်အခါ နှစ်ဖက်အရှည်ဖြစ်အောင် ဆွဲပြီး ထည့်ပါ။ ထည့်တာနဲ့ ဆက်တိုက် လှည့်ပေးနေရပါမည်။ ပွပြီး အညိုရောင်ပြောင်းလာလျှင် ချရပါမည်။






လုပ်ရင်းနဲ့ ကျွမ်းကျင်လာပါလိမ့်မယ်။


လွမ်းကတော့ အီကြာကွေးကို ဝယ်မစားချင်တာနဲ့ ကိုယ်တိုင်လုပ်စားရင်းနဲ့ လုပ်တတ်သွားတာပါ။


စမ်းသပ်ကြည့်ပါနော်။ အဆင်ပြေကြပါစေ။




လွမ်းဧကရီ
၂၄-၆-၂၀၂၀

၁၄:၃၆ နာရီ

No comments: