Sunday, June 21, 2020

မုန့်ပြားသလက် ပြုလုပ်နည်း


"မုန့်ပြားသလက် ပြုလုပ်နည်း"



ကျနော့်ရဲ့ မုန့်ပြားသလက်ပြုလုပ်နည်းကို ရေးပါမယ်။
 
မွှေးဆန်မှုန့်အစိမ်းတစ်ထုတ်မှာ Baking Soda လ္ဘက်ရည်ဇွန်းသေးနဲ့ ဇွန်းတစ်ဝက်ထည့်ပါတယ်။ 



ဆားအနည်းငယ်ထည့်ပါတယ်။ 

ရေကို နည်းနည်းချင်းစီထည့်ပြီး ဖျော်ပါတယ်။ 250 ml အတိအကျပါ။
 
ဖျော်ထားတဲ့အနှစ်ရည်ကို အဖုံးဖုံးပြီး ရေခဲသေတ္တာအောက်ထပ်ခန်းမှာ ညမှာ ထည့်ထားပါတယ်။
 
မနက်မှာ ပဲပြုတ်နံနံပင်ညှပ်ထားတာ၊ ဆီပန်းကန်လေးများကို မီးဖိုနားမှာ အဆင်သင့်ထားပါတယ်။


 
အိုးက IKEA ကုန်တိုက်က ဝယ်ထားတဲ့ non-stick pan ကို အသုံးပြုပါတယ်။
 
အိုးကိုမီးပူပေးနေချိန်မှာ မုန့်နှစ်ရည်ကို မွှေပေးနေပါ။ 

အိုးပူတာနဲ့ ဆီစက်လေးတွေချပြီး မုန့်နှစ်ရည် ထည့်ပါတယ်။ 

အပေါက်လေးတွေဖြစ်လာတာ တွေ့မှာပါ။ အဲဒီ့အချိန်မှာ ပဲပြုတ်နဲ့ နံနံပင်ကို ထည့်ပြီး အဖုံးအုပ်ထားပေးပါ။
 
အဖုံးဖွင့်ပြီး မုန့်ကို ဆီသုတ်ပေးပြီး ပြန်ဖုံးထားပါ။
 
မျက်နှာပြင်အားလုံးကျက်ပြီဆိုရင် ယောင်းမပြားနဲ့ ကော်လိုက်ရုံပါပဲ။ 



မွှေးဆန်မှုန့်အစိမ်းတစ်ထုတ်ကို မုန့်ပြားသလက် ၆-ခု ရပါတယ်။
Non-stick pan သုံးထားတဲ့အတွက် လုံးဝမကပ်ပါ။
 
အရမ်းလွယ်ကူတဲ့ ပြုလုပ်နည်းဖြစ်သလို ကုန်ကျစရိတ်လည်း သက်သာပါတယ်။
 
လုပ်ကြည့်ပါနော်။



လွမ်းဧကရီ
၂၁-၀၆-၂၀၂၀

ည ၉:၀၂ မိနစ်

No comments: