Tuesday, March 12, 2019

၂၀၁၈-ခုနှစ်၊ ဗုဒ္ဓဂါယာခရီး အပိုင်း(၁)



၂၀၁၈-ခုနှစ်၊ ဗုဒ္ဓဂါယာခရီး အပိုင်း(၁)

ဖေဖေါ်ဝါရီလ ၂၂-ရက်နေ့က ဗုဒ္ဓဂါယာခရီးကို စတင်ထွက်ခွာခဲ့ပါတယ်။



လေယာဉ်နဲ့ ဂါယာမြို့သို့ တိုက်ရိုက်ခရီးစဉ်ရှိပေမဲ့ လွမ်းတို့တွေ ရန်ကုန်ကနေ KOLKATA မြို့ကို လေယာဉ် စီးဖြစ်ခဲ့ပါတယ်။ လေဆိပ်က နိုင်ငံတကာအဆင့်မှီလေဆိပ်ဖြစ်ပြီး ကျယ်ဝန်းပါတယ်။ မျက်နှာကြက်မှာလည်း စာလုံးများနဲ့ ပုံဖော်ထားပါတယ်။

 




လွမ်းတို့ကို လာကြိုတဲ့ကားနဲ့ KOLKATA ကနေ GAYA ကို သွားခဲ့ကြပါတယ်။
အိန္ဒိယအစားအစာဖြစ်တဲ့ ကြက်ချဉ်စပ်ဟင်းရည်၊ ပါပလာကြော်တွေကလည်း စားလို့ကောင်းပါတယ်။





GAYA မှာ HOTEL SUJATA မှာ တည်းခိုခဲ့ပါတယ်။ 



  

ဟိုတယ်က အစားအသောက်ကောင်းပါတယ်။





ဖေဖေါ်ဝါရီ ၂၃-ရက်နေ့မှာတော့ မနက်စောစော မဟာဗောဓိစေတီကို သွားပြီး မြတ်စွာဘုရားပွင့်တော်မူ တဲ့ မဟာဗောဓိညောင်ပင်အောက်မှာ လွမ်းတို့အဖွဲ့သားတွေ ဆံချကြပါတယ်။ ဉီးပဥ္ဇင်းလေးပါးနဲ့ သီလရှင်နှစ်ပါးအဖြစ် ခံယူခဲ့ကြပါတယ်။ လွမ်းရဲ့ သီလရှင်ဘွဲ့ကတော့ မဝိမလ ဖြစ်ပါတယ်။




မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိပင်အောက်မှာ ဆံချပြီး သီလရှင်အဖြစ် ခံယူခဲ့ရတဲ့နေ့ကတော့ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးပါပဲ။



လွမ်းဧကရီ
၁၂-၃-၂၀၁၉
၁၂:၀၂ နာရီ
 

No comments: