Thursday, March 7, 2019

၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ ချောင်းသာခရီးစဉ်

 

၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ ချောင်းသာခရီးစဉ်

သမီးက သူ့မွေးလရောက်တိုင်း မြန်မာပြည်ကို ပြန်လာတတ်ပါတယ်။

လာရင်လည်း ခရီးထွက်လေ့ ရှိပါတယ်။
ဒီတစ်ခေါက်တော့ တူမလေးက ကမ်းခြေမရောက်ဖူးလို့ သွားလည်ချင်တယ်ဆိုတာနဲ့ သမီးမရောက်ဖူးသေးတဲ့ ချောင်းသာကို တူမလေးပါ ခေါ်ပြီးသွားဖို့ စီစဉ်ဖြစ်ပါတယ်။

သမီးမလာခင် Amazing Chaung Tha Resort မှာ Booking တင်ထားပြီး ကားကိုလည်း ကြိုတင် ငှားထားလိုက်ပါတယ်။

လွမ်းတို့ခရီးထွက်ချိန်မှာ မုန်တိုင်းသတင်း ကြေငြာထားပေမဲ့ ကံအားလျော်စွာပဲ လွမ်းတို့ ချောင်းသာ ကမ်းခြေရောက်ချိန်မှာ ရာသီဥတုက သာယာနေခဲ့ပါတယ်။


လွမ်းတို့ တည်းတဲ့အခန်းက Suite Villa – Beach Front (3 Person) ပါ။







တည်းတဲ့အခန်းကနေ ပင်လယ်ကို လှမ်းမြင်ရပါတယ်။



ဟိုတယ်က Breakfast ကျွေးတာလည်း အမျိုးအမယ်များစွာ ပါဝင်ပါတယ်။




ချောင်းသာကို လာရောက်တဲ့သူ များပြားပါတယ်။ လွမ်းတို့ကတော့ လူရှင်းတဲ့နေရာမှာပဲ ရွေးနေပါတယ်။
ဝင်ကစွပ်ကောင်လေးများကိုလည်း တွေ့မြင်ရပါတယ်။





လွမ်းတို့က တစ်ရက်ပဲ ပင်လယ်ထဲဆင်းပြီး ကျန်ရက်တွေမှာ ဟိုတယ်ရေကူးကန်မှာပဲ ရေကူးဖြစ်ကြပါတယ်။


ချောင်းသာမှာ လည်ပတ်စရာ ကျောက်မောင်နှမရှိတယ်ဆိုလို့ လည်ဖြစ်ခဲ့ပါတယ်။ လွမ်းတို့က ညနေစာစားပြီးမှ သွားတာဆိုတော့ နေဝင်ဆည်းဆာ ရောက်နေပါပြီ။ ဆည်းဆာအလှကို ဓာတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။


  

ကျောက်မောင်နှမ



လွမ်းတို့တည်းတဲ့ဟိုတယ်နဲ့ ကမ်းခြေအလှပါ။




လွမ်းတို့ အပြန်ခရီးကလည်း သာသာယာယာပါပဲ။ အပန်းဖြေ ကမ်းခြေခရီးကတော့ အလှဓာတ်ပုံ များစွာရိုက်ရင်း အပန်းပြေခဲ့ပါတယ်။




ပုသိမ်တံတား



ဗိုလ်မြတ်ထွန်းတံတား





လွမ်းဧကရီ
၇-၃-၂၀၁၉

နေ့လည် ၃ နာရီ ၁၂ မိနစ်

No comments: