Friday, June 22, 2012

အလွမ်းပြေ

အလွမ်းပြေ


ခုတလော လွမ်းစိတ်တွေက ဘာဖြစ်နေမှန်းကို မသိဘူး…
 

နဲနဲလေး အထင်လွဲတာနဲ့ စိတ်ဆိုး၊ စိတ်ကောက်နေမိတယ်…


ခုတလော အင်တာနက် ကွန်နက်ရှင် (Internet Connection) က လုံးဝမကောင်း…


ကိုကို့ဘက်က ပိုဆိုးနေတယ်…


မနေ့က ကိုကို့ကို အွန်လိုင်းမှာတွေ့တော့ လွမ်းက ခေါ်တယ်…ကိုကို ပြန်မထူးဘူး…


နောက် ကိုကို အွန်လိုင်းမှာ မရှိတော့ဘူး…


လွမ်း…စိတ်တွေတိုလာတယ်…ဆိုဒ်ထဲလည်း ဝင်ချင်စိတ် မရှိတော့ဘူး…


ဒီနေ့ ကိုကို့ကို ပုန်းနေတယ်…


ကိုကိုက သိတယ်… Off the record လုပ်ပြီး လွမ်း ပုန်းနေတာကို လာဖမ်းတယ်…


ကိုကို: ဟိုကလေး…စိတ်ကောက်လို့ ပြီးရင်တက်ခဲ့

:)

:P

ကြည့်ရတာတော့ စိတ်ကောက်ပြေပြီထင်တယ်

ဟုတ်လား…လွမ်း

:)

ဟဟ

အောက်ဘူးပဲ

ဗျို့…ခေါ်နေတယ်

လွမ်း

မျက်စောင်းထိုးပြီး ကြည့်မနေနဲ့

လိုင်းမကောင်းလို့ မနေ့က တနေကုန်ကို

ဘာမှလဲ မသိဘဲနဲ့ လွမ်းက


လွမ်း : ခေါ်နေတာကို ပြန်မပြောရင် ဘယ်လိုခံစားရတယ်ဆိုတာ ကိုကို သိပြီလား

ကိုကို: ကိုကိုကတော့ လွမ်း…မအားလို့ ဒါမှမဟုတ် ဧည့်သည်လာလို့၊ ရေချိုးနေလို့၊
ထမင်းစားနေလို့ ပြန်မချက်တာလို့ ထင်တာပေါ့
စိတ်တော့ မဆိုးပါဘူး
တစ်ဖက်က အခက်အခဲတစ်ခုခု ရှိလို့နေမှာပါလို့ပဲ တွေးတာ
မနေ့ကလည်း ဖြစ်ချင်တော့ လိုင်းက စုတ်လိုက်တာမှ ရစရာကို မရှိတာ

လွမ်း: လွမ်းက အဲလိုမတွေးဘူး
ကိုကို လွမ်းကို ပြန်မပြောတာ ဘာလို့ပါလိမ့်
လွမ်း…ကိုကို့အပေါ် ဘာအမှားတွေများ လုပ်မိလို့ပါလိမ့်
လွမ်းမကောင်းကြောင်း ကိုကို့ကို ဘယ်သူက လာပြောလို့ပါလိမ့် နဲ့ ရင်တွေပူနေတာပဲ သိတယ်

ကိုကို : မဟုတ်တာတွေကို စပြီးတွေးတာကိုး
အကောင်းဘက်က တွေးရတယ်

လွမ်း : လွမ်း ကိုကိုနဲ့ သိတာ မှားပြီထင်တာပဲ
အစကတည်းက မသိခဲ့ရင် ကောင်းမှာ
ငါ အဝေးကို ထွက်ပြေးချင်လိုက်တာဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေတာ

ကိုကို : နောက်ဆို ဘယ်တော့မှ အဲဒီလိုမတွေးနဲ့
ခုထဲက ကြိုပြောထားမယ်နော်

လွမ်း : ကိုကို့လို အကောင်းဘက်က မတွေးနိုင်ဘူး

ကိုကို : :(
အရင်က မတွေးပေမဲ့ ခု ကိုကို ပြောပြီးပြီလေ
တွေးလို့ရပြီ
လွမ်းက ကိုကို့ကြောင့် ခုလို ခဏခဏဖြစ်နေရင် ကိုကို ဘယ်စိတ်ကောင်းပါ့မလဲ

လွမ်း : အင်းပါ…နောက်ကို မဖြစ်တော့ဘူး

ကိုကို : ကိုကိုဘက်က Connection က အရမ်းဆိုးတာ
အဲဒါလေးကို သိထားပေးပါ…

လွမ်း : ဟုတ်ကဲ့ပါ

ကိုကို : သီချင်း တစ်ခါတင်ဖို့ကို အကြာကြီးစောင့်ရတာ Page ကျလာအောင်
ပြီးတော့ ဘာမှ မကြည့်အားဘူး
Page ကျလာရင်လည်း လုပ်စရာရှိတာ အမြန်လုပ်ပြီး Save ရတာ

လွမ်း : နားလည်ပါတယ်

ကိုကို : မနေ့က ကိုကို့ Page ပျက်နေတာကို ဒီအတိုင်းထားပြီး သွားလိုက်ရတာ
လွမ်းက မကြည့်လိုက်ရလို့
အဲဒါကိုတွေ့ရင် သိမှာ
ခုနက ကိုယ်ရံတော်လည်း မေးနေတာ ကိုကို့ကို
မနေ့က သူလည်း ကိုကို့ကို ခေါ်တာပဲ
အဲဒါ ပြန်မထူးလို့
ခုလေးတင် ရှင်းပြနေတာ

လွမ်း : မသိဘူး…လွမ်းက သူငယ်ချင်းတွေကို နှုတ်ဆက်နေတာ…ဆိုဒ်ကို မလာတော့ဘူး လို့၊ သီချင်းတွေကို မုန်းတယ်လို့ ရေးတင်လိုက်သေးတာ

ကိုကို : လွမ်းကလည်း မလုပ်ရဘူး အဲဒီလို
ကိုကို့ကိုပဲ စိတ်တိုပေါ့…တိုစရာရှိရင်
ဆိုဒ်ကိုတော့ ပစ်မထားပါနဲ့

လွမ်း : မနေ့က အပြင်သွားတာ
ပြန်လာတော့ ၃-နာရီထိုးပြီ
လိုင်းပေါ်မှာ ကိုကို့ကို မတွေ့ဘူး
နောက် ၄-နာရီလောက်ထင်တယ်…တက်လာတာတွေ့လို့ ပျော်ပြီး လှမ်းခေါ်လိုက်တာ
ဘာမှ ပြန်မပြောတော့ လွမ်း…ဘာဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပေါ့

ကိုကို : ကိုကို အွန်လိုင်းမှာ အကြာကြီး စိမ်းနေရဲ့သားနဲ့ ပြန်မပြောရင်တော့ ကိုကို့အပြစ်ပေါ့
ခုဟာက ပြန်ကျသွားတာကို
ချက်ခြင်းတက်၊ ချက်ခြင်းကျတာ
ပြန်ကို တက်မလာတော့ဘူး
အဲဒါနဲ့ ပြန်မဝင်တော့ဘူး

လွမ်း : အင်းပါ
ခု ကိုကို ရှင်းပြလို့ သိပြီလေ

ကိုကို : မနေ့က သီချင်းကို တင်နေတာ
၁၂-နာရီကတည်းက တင်နေတာ
တစ်ခုရသွားတော့ လွမ်းကို ပေးမဲ့သီချင်း ထပ်တင်တာ မရတော့ဘူး
အဲဒါနဲ့ မေးလ်ကို ပို့တာ

အဲလိုလေးတွေ ရှင်းပြတော့လည်း လွမ်း စိတ်ပြေရပြန်ရော…

ခုတော့လည်း အလွမ်းပြေ အလွမ်းသီချင်းတွေနဲ့ လွမ်းနေရဆဲပါပဲ…






မှတ်ချက်။ ကိုကို…သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ်ရေးသားခြင်း မဟုတ်ပါကြောင်း။




လွမ်းဧကရီ

၁၉-၀၆-၂၀၁၂

ည ၁၀:၀၀ နာရီ
 

No comments: