Saturday, June 2, 2012

ကွက်လပ်လေးဖြည့်ပေးပါ

ကွက်လပ်လေးဖြည့်ပေးပါ



ဒီစာကို သတိရခြင်းများစွာနဲ့ ရေးလိုက်ပါတယ်…မ

MM Flash Song က မနဲ့ မောင့်ကို ဆုံတွေ့စေတဲ့ Ning Site လေးပါ…

မောင့်အိမ်လေးကို မ…မှတ်ချက်လေးတွေ ပို့ရာကနေ မ…ကို မောင် သတိထားမိသွားတာပါ…

မောင်က မ Gmail Address တောင်းတော့ မ…အလွယ်တကူပဲ ပေးခဲ့ပါတယ်…

မ…Online မှာ မရှိရင် မ…အိမ်လေးထဲမှာ မောင် မ…ကို သတိတရနဲ့ စာလေးတွေ ချန်ခဲ့သလို မောင် Online မလာနိုင်တဲ့အချိန်မှာ မ…က မောင့်အိမ်လေးထဲမှာ အချစ်တွေ၊ အလွမ်းတွေနဲ့ စာလေးတွေ ချန်ထားတတ်တယ်လေ…

မောင် MM Flash Songs ဝင်ပြီဆိုရင် မောင့်အိမ်လေးထဲကို အပြေးလေး ဝင်ကြည့်ရတာ မောင့်ရဲ့ အလုပ်တစ်ခုလို ဖြစ်နေတယ်လေ…

မ…စာလေးတွေ ဖတ်ပြီး မောင်အရမ်းပျော်ရပါတယ်…

မ…က မောင့်အနားမှာ ရှိနေသလို မောင်ခံစားရပါတယ်…

မောင့်အိမ်လေးထဲကို မ…တစ်ယောက်ထဲကိုပဲ ဝင်ခွင့်ပေးထားတာပါ…

မောင် မ…ကို အရမ်းချစ်မိသွားတယ်…

မောင်က တက္ကသိုလ်ကျောင်းဆင်းစ အလုပ်လုပ်နေပါတယ်…

အလုပ်လုပ်နေရင်းနဲ့လည်း မ…ကိုပဲ မောင်သတိရမိတယ်…

မ…ကို မောင့်အိမ်ထောင်ဘက်တစ်ယောက်အဖြစ် မောင်…ရည်ရွယ်ထားတာပါ…

အချိန်တွေကြာလာတော့ မ…မောင့်အိမ်လေးကို လာမလည်တော့ဘူး…

မ…ကိုလည်း Online မှာ မတွေ့ရတော့ဘူး…

မောင့်စိတ်တွေ ဘယ်လိုမှ နေလို့ မရတော့ဘူး…

ရက်စက်လိုက်တာ မ…ရာ

မောင့်ကို အရုပ်လေးတစ်ရုပ်လို ချစ်တမ်းကစားသွားတာလား ဟင်…

မောင် မနဲ့ ဝေးမှာကို ကြောက်နေမိပါတယ်…

ကလေးတစ်ယောက်လို “မောင့်အနား မြန်မြန်ပြန်လာပါတော့” လို့ အော်ခေါ်ချင်နေမိတယ်…

မောင့်ရဲ့ နှလုံးသားကို မ…အတွက် ပေးထားတာပါ…

မောင့်ရဲ့ကွက်လပ်လေးကို ဖြည့်ပေးပါလို့ တောင်းဆိုပါတယ် မ…ရာ

မ…ကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေတဲ့





မ…သိပ်ချစ်တယ်ဆိုတဲ့


မောင်








လွမ်းဧကရီ

၀၁-၀၆-၂၀၁၂



ည ၉:၃၅ နာရီ


No comments: