လွမ်း ခင်ရသော မြို့ သားများ
အပိုင်း(၂)
အမျိုးကောင်းသား
အမျိုးကောင်းသားကိုလည်း သူငယ်ချင်းတော်တော်များများ သိကြမှာပါ…
ကော့သောင်းမြို့ ကပါ… ပန်းတိမ်လုပ်တယ်ဆိုပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ရွှေထည်ပစ္စည်းများကိုလည်း လက်ဆောင်လာပေးတတ်ပါတယ်…
အမျိုးကောင်းသားက လွမ်းချော့ကလက်မြို့ တော်ကို စ၀င်ကတည်းက ရှိနေတာပါ…
လွမ်းရေးတဲ့စာကို လာဖတ်ပြီး Comment ပေးရာကနေ Comment လေးတွေ အပြန်အလှန် ပေးနေတာ ယနေ့ ထက်တိုင်ထိပါပဲ…
ရင်းနှီးခင်မင်မှုကလဲ ကြာလာတဲ့အတွက် အခေါ်အဝေါ်ကလဲ တဖြေးဖြေး ပြောင်းလာပါတယ်…
စလာလည်တုန်းကတော့ လွမ်းတဲ့…
အချိန်ကြာလာတော့ မမလွမ်းလို့  ပြောင်းခေါ်ပါတယ်…
ယခုတော့ တီလေးလွမ်းတဲ့… :P
အရင်တုန်းက သူငယ်ချင်းများစွာကို Comment အပေးကောင်းမှုကြောင့် သူ့ Account နဲ့  ချော့ကလက်
မြို့ တော်ကို ပြန်ဝင်လို့  မရ ဖြစ်သွားဖူးပါတယ်…
မြို့ တော်ကို ပြန်ဝင်လို့  မရ ဖြစ်သွားဖူးပါတယ်…
လွမ်းရေးတဲ့ လွမ်းပျောက်နေတဲ့အကြောင်းပြောပြမယ် ဆိုတဲ့ Blog လေးအတိုင်း လုပ်လိုက်တာ ပြန်ရသွားလို့  ဆိုပြီး သူကိုယ်တိုင် ဖန်တီးလုပ်ထားတဲ့ Comment လေးတွေ လာပေးပါတယ်…
Comment လေးလှလှလေးတွေ နှစ်သက်တတ်တဲ့လွမ်းက အမျိုးကောင်းသား ပေးပို့ တဲ့ Comment လေးတွေကို နှစ်သက်ခဲ့ရပါတယ်…
လွမ်းကို ဘယ်လိုခေါ်ခေါ်ပါ…
လွမ်းက အားလုံးသောမြို့ တော်သူ၊ မြို့ တော်သားတွေ အားလုံးကို အဖြူရောင်သံယောဇဉ်နဲ့  ချစ်ပါတယ်…
အခုဆို အမျိုးကောင်းသားက Comment မှာ ကဗျာလေးတွေနဲ့  လိုက်ပေးနေတာတွေ့  မှာပါ…
အမျိုးကောင်းသားပေးတဲ့ ကဗျာတွေထဲက လွမ်းတယ် ဆိုတဲ့ကဗျာလေးကို နှစ်သက်ခဲ့ပါတယ်…
လွမ်းတယ်
ငါ့အနားကလူတွေ
ငါ့အပေါ်နားမလည်ပေးနိုင်ဘဲ
ကြမ်းကြမ်းတမ်းတမ်းစကားတွေလာပြောတိုင်း
ငါ့အပေါ်မှာဘယ်တော့မှစိတ်မဆိုးဘဲ
အထပ်ထပ်ခွင့်လွှတ်တတ်တဲ့
နင့်ကိုလွမ်းတယ်။
ငါ့အိတ်ထဲမှာသုံးစရာပြတ်လို့
အပေါင်းအသင်းတွေကြား
မျက်နှာငယ်ရတိုင်း
ငါ့အိတ်ထဲ
တိတ်တိတ်လေးပိုက်ဆံထည့်ထားပေးတတ်တဲ့
နင့်ရဲ့အလိုက်သိမှုတွေကိုလွမ်းတယ်။
ငါ့ရဲ့စိတ်တွေ
ထွက်ပေါက်ပျောက်ပြီး
မွန်းကျပ်စွာပိတ်လှောင်ခံရတိုင်း
ရယ်စရာတွေနဲ့
နှစ်သိမ့်ပေးတတ်တဲ့
နင့်အချစ်တွေကိုလွမ်းတယ်။
ငါနဲ့ပတ်သက်လာတိုင်း
ကိုယ့်ကိုကိုယ်မေ့ပျောက်ပစ်
ငါ့စိတ်နဲ့ထပ်တူဖြစ်အောင်
ပုံပြောင်းယူပေးခဲ့တဲ့
နင့်ရဲ့အနှိုင်းမဲ့မေတ္တာတွေကို
ငါ့အသက်ရှူသံတွေနဲ့အတူလွမ်းတယ်။
နောက်တစ်ပုဒ်ကတော့-
မဆုံနိုင်တာကို သိရဲ့နဲ့လည်း
မခွဲကြေးလို့ ပြောကြတယ်နော်။
မလွမ်းတတ်ဘူးလို့ ထင်ပေမယ့်
မယုံနိုင်အောင်ပဲ တမ်းတခဲ့ကြတယ်။
ဒါပေမယ့်လေ.....
တို့နှစ်ယောက်မှာ တူညီတာတစ်ခုရှိတယ်
အဲဒါက
တို့နှစ်ယောက်မှာ တူညီတဲ့
တစ်ဦးကိုတစ်ဦး အဖြူရောင်တန်ဖိုးထားမှုပဲ။
လွမ်းခင်ရတဲ့ အမျိုးကောင်းသားလေး ကျန်းမာ၊ ချမ်းသာစွာနဲ့  ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ…
လွမ်း
၁၇-၀၇-၂၀၁၀
နံနက် ၁၂း၃၄
1 comment:
ဝင်ခွင့်ပြုပါ။
Post a Comment