ဖွင့်ဟဝန်ခံချက်
စာမရေးဖြစ်တာ
ကြာပါပြီ…
ဒီနေ့
မီးငယ်က သူ့ဘလော့ဂ်လင့်ခ်လေးပေးလို့ ဝင်ရင်းနဲ့ ဒီစာလေး ရေးဖြစ်တာပါ… မီးငယ်က
သင်္ကြန်မှာ စာရေးဘို့ ပြောပေမဲ့ မရေးဖြစ်ခဲ့ပါဘူး…
ဒီအတွက်
ခွင့်လွှတ်ပေးပါ…
စာရေးရင်
ရင်ထဲက ခံစားချက်တွေ ရေးမိတတ်တော့ စာရေးရမှာ ကြောက်လာတယ်…
ဒီအရွယ်ရောက်နေပြီ…
ခံစားတတ်တုန်းပဲလားလို့ မေးရင်တော့ အဖြေကို သိပြီးဖြစ်မှာပါ…
ဘဝမှာ
အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ပြီးတဲ့နောက် ကိုယ့်ဘဝမှာ ပျော်ရွှင်မှုဆိုတာ
မရှိတော့ပါဘူး…
ဒီလိုအချိန်တွေမှာ
ကိုယ့်အတွက် ဖြေသိမ့်ပေးနိုင်တယ်လို့ ထင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဆုံဆည်းရတဲ့ အခါ
သူငယ်ချင်းတွေနဲ့ စကားပြောရတဲ့အချိန်လေးဟာ ကိုယ့်အတွက် ပျော်ရွှင်မှုလေး
ရခဲ့တယ်လို့ ဝန်ခံပါတယ်…
ကိုယ့်ဘဝအတွက်
ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒတွေ မရှိတော့ပါဘူး…
ဒီအတွက်
တစ်ချိန်မှာ ကိုယ်ပဲခံစားပြီး ကျန်ရစ်ခဲ့ရမယ်ဆိုတာကို သိနေပါတယ်…
ဒါကြောင့်
နောင်ဖြစ်လာမဲ့ အနာဂတ်ဆိုတာကို တွေးမထားချင်ပါဘူး…
ယခုလက်ရှိ
ဘဝလေးထဲမှာပဲ နေပျော်ချင်ပါတယ်…