ကဗျာမြစ်တစ်စုံ
အလွမ်းနုနု
မလွမ်းဘဲ..မနေနိုင်ဘူး
…လွမ်းတဲ့သူရယ်…
မိုးစက်တွေ…ဖြိုးဖြိုးဖြိုက်ဖြိုက်
…သတိရနေဆဲ…
…အနမ်းရယ်…
ပါးထက်မှာ…မဖျော့တော့သေးပါလား?
ခါးလေးဖက်တာကို…ရှက်ရွံ့လို့
…ဘယ်သူ ဘာပြောပြော…
…တွေးကြောက်မနေနဲ့…
အမောတံခါးရောက်ရင်…ပြီးသွားမှာပဲ
ကလေးအနားမှာ….ကိုယ်အမြဲရှိတယ်
စေတနာဖြူဖြူ…လမ်းတူတူ
…ချိုချို နွေးနွေး ချစ်နှစ်စ…
ပူးကပ်လို့…မေ့မရဘူး
…နွဲ့ဟန်လေး…
…ကဗျာဆရာမို့ ချွဲတာမဟုတ်ဘူး…
…ရင်ထဲက ပြောမယ်…
…တကယ်…
ငိုရမလောက်…ချစ်တယ်
ခုံမင်ခြင်း…ညဉ်နက်ရဲ့
ရီရီမောမော…ဖုန်းသံလေး
…မဝေးပေမယ့်…
…ပိုနီးခွင့်ရှိရင်…
…တံတားတစ်ခု ခင်းပါ…
…ကလေးရယ်…
အပြင်းစား…လွမ်းတတ်ပေမယ့်
ငရဲမီးစားသော…အချစ်မဟုတ်လို့
…နှုတ်ခမ်းပါးလေး…
…ချစ်နေမယ်…
အနော်မာ
၄.၄.၀၉ (၆:၀၀ am)
တသရသော လွမ်းရက်များ
လွမ်းတယ်…ကိုရယ်
ကလေးအပေါ်မှာ…အမြဲအလိုလိုက်တတ်တဲ့
ကိုကြီးတစ်ယောက်လို…ဆက်ဆံနေတဲ့
…ကို့ရဲ့အပြုအမူလေးတွေ…
ကလေးကို ရင်ခုန်အောင် ပြောတတ်တဲ့
…ခုံမင်ခြင်း ညဉ်နက်ရဲ့…
…ကို့ရဲ့စကားသံလေးတွေ…
…မိုးသည်းနေ့တွေမှာ…
ကိုနဲ့နှစ်ယောက်အတူ
…တစ်မိုးအောက်မှာ…
နေခဲ့ရတဲ့နေ့ရက်လေးတွေ
တစ်ယောက်တည်း အားငယ်နေတဲ့
…ကလေးကို နှစ်သိမ့်မှုတွေနဲ့…
…အနားမှာနေပေးတဲ့…
…အချိန်ကာလလေးတွေ…
…ဝါသနာတူတူ လမ်းအတူတူမို့…
…ဘယ်သူခွဲခွဲ မကွဲချင်ဘူး…
…စက္ကန့်မလပ် သတိရနေတယ်…
…လွမ်းတယ်…
…ကို…
…ရယ်…
လွမ်းဧကရီ
No comments:
Post a Comment