***မင်းလေးသိစေချင်***
လွမ်းတယ်…လွမ်းတယ်
လွယ်လွယ်ပြောလည်း
မင်းလေးအတွက်
နာကျင်ခံစား
ပြောမထွက်တဲ့
အလွမ်းတွေနဲ့
ပြည့်နှက်နေတာ
မင်းလေး
သိလား။ ။
တောင်ပုံယာပုံ
ပုံနေတဲ့
အလွမ်းမြို့ရိုးပေါ်ကနေ
မင်းလေးကို
ချစ်တယ်ဆိုတဲ့အကြောင်း
လှမ်းအော်နေမိခဲ့တာလေ
မင်းလေးကြားကောင်းပါရဲ့
ချစ်တယ်…ချစ်တယ်
လွယ်လွယ်ပြောလည်း
မင်းလေးအတွက်
တကယ်ခံစား
နှလုံးသားက
ပြောမထွက်တဲ့
ချစ်စကားတွေနဲ့
ပြည့်နှက်နေတာ
မင်းလေး
သိလား။ ။
သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
ပင့်ကူတစ်ကောင်လို
အကွက်အကွင်းကျကျ
ခင်းကျင်း
အဲ့ဒီထဲမှာ
ငါ့ကိုယ်ငါနှောင်ဖွဲ့လို့
တစ်စတစ်စ…နဲ့ပေါ့…
နှစ်ယောက်တွေ့ဆုံ
ငါပြောသမျှ
မင်းလေးရယ်မော
ငါ့ရဲ့စကား
ပေါ့ပေါ့လေးတွေး
ပေါ့ပေါ့လေးပဲလို့
မင်းလေး…ထင်နေရောလား…
ငါ့ရဲ့အလင်းရောင်ခန်းထဲမှာ
ငွေ့ရည်ဖွဲ့ပြီး
ပေါ့ပေါ့ပါးပါးခုန်ဆင်းနေတာ
မင်းတွေ့ရဲ့လား…
ရင်မှာခံစား
တကယ့်ရင်တွင်းစကား
ပြည့်နှက်နေတာ
မင်းလေး…သိရင်
မင်းလေး
ရယ်နိုင်အုန်းမှာလား။ ။
ရင်မှာခံစား
တကယ့်ရင်တွင်းစကားတွေကို
မင်းလေးမလှောင်လိုက်ပါနဲ့
မင်းရဲ့
ရယ်သံချိုချိုလေးနဲ့
ထာဝရအိပ်စက်ပါရစေ…
တိမ်ပြာ
& လွမ်း
၂၈.၀၅.၁၀
No comments:
Post a Comment