Wednesday, June 1, 2011

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၂


ပြည်တွင်း ခရီးသွားမှတ်တမ်း-၂


ကိုကိုရေ...လွမ်း...ခရီးသွားမှတ်တမ်း-၂ ကို ဆက်ရေးဖြစ်ခဲ့ပါတယ်...
လွမ်းတို့  အင်းလေး HU PIN HOTEL မှာ နေ့ လည်စာ စားပြီးတာနဲ့  ပင်းတယမြို့ ကို ထွက်လာကြပါတယ်...
တစ်နာရီလောက်ပဲ မောင်းရတယ်...INLE INN PINDAYA HOTEL ကို ရောက်ပါတယ်...
ပစ္စည်းတွေ အခန်းထဲထားပြီးတာနဲ့  ဘုရားဖူးသွားဖို့  ပြန်ထွက်ခဲ့ကြပါတယ်...
လမ်းမှာ ပုန်းတလုတ်ရေကန်နားကို ဖြတ်ရတော့ ဓါတ်ပုံရိုက်ထားလိုက်တယ်...



ပင်းဒယဆိုတဲ့နံမည်က ရှမ်းနံမည်လို့ ပြောပါတယ်...
သူ့ အဓိပ္ပါယ် က ကျယ်ပြန့် တဲ့လွင်ပြင်တဲ့...
ပင်းဒယဟာ တောင်ပိုင်းရှမ်းပြည်ရဲ့ မြေလတ်လို့  ခေါ်တဲ့ဒေသထဲမှာ စတုရန်းမိုင်-၂၀၀ ရှိတဲ့ နေရာလေးပါ...
အနောက်ဖက်မှာရှိတဲ့ တောင်ရိုးတောင်တန်းကနေပြီး ကျန်နေရာတွေကို တဖြည်းဖြည်း လျှောကျ ပြန့် ပြူး သွားတဲ့သဘောရှိပါတယ်...




  
ပင်းဒယနဲ့ ပတ်သက်လို့  စိတ်ကူးယဉ်ဆန်ဆန် ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ပါတယ်...
ညောင်ရွှေပြည်က မင်းသားကုမ္မာဘယ မင်းသားဟာ သထုံမှာ သွားအိမ်ထောင်ကျတယ်...
အဲဒီမှာ အနေကြာလာလို့ ပျင်းတော့ မယားနဲ့ သားကို ပစ်ပြေးတယ်....
ပင်းဒယရေကန်နားရောက်တော့ ဂဠုန်နဂါးရန်ပွဲမှာ နဂါးဘက်ကဝင်ပြီး သူကဂဠုန်ကို သတ်တယ်..
ဂဠုန်က ပင့်ကူဖြစ်ပြီး ပင့်ကူနဲ့ နတ်သမီး ခုနစ်ဖော်ပွဲမှာ သူက ပင့်ကူကိုသတ်တယ်...
ပင့်ကူက ဘီလူးဖြစ်သွားတယ်...
နတ်သမီးတွေထဲက အငယ်ဆုံးရှင်မိယာကို သူက ယူထားလိုက်တယ်...
ဘီလူးနဲ့ သူနဲ့  သတ်ကြပြန်တော့ သူလဲသေ၊ ဘီလူးလဲ သေသွားတယ်...
ဘီလူးကဇော်ဂျီဖြစ်ပြီး ဇော်ဂျီက မိယာကို ခေါ်သွားတယ်...
မိယာက ဇော်ဂျီကို ပရိယာယ်နဲ့  မြစ်ထဲတွန်းချပြီး ထမီနဲ့ အုပ်လို့ ဇော်ဂျီသေပြီး ဇော်ဂျီမြစ် ဖြစ်သွားရောတဲ့...
မင်းသားကို သိကြားမင်းက အသက်ပြန်သွင်းပေးတယ်...
သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့  ဇာတ်လမ်းက မရပ်သေးဘူး...
မင်းသမီး သူ့ အဖေဆီ ပြန်ပြေးလို့  မင်းသားလိုက်ခေါ်ခန်း ပါရသေးတယ်...
ပြန်ရောက်တော့ မင်းသားက မင်းဖြစ်သွားတယ်တဲ့...
ဒီတော့ ပင်းဒယနယ်က ညောင်ရွှေစော်ဘွားဆက် ဖြစ်တယ်တဲ့...

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၁

ပြည်တွင်း ခရီးသွားမှတ်တမ်း - ၁


ကိုကို ရေ...


လွမ်း...ကိုကို့ဆီက Missed Call ရတော့ အင်းလေးကို ရောက်နေပြီလေ...

ကိုကို အဲလို ဖုန်းဆက်တတ်မှန်းသိလို့ ကိုကို့ဆီကို Mail ပို့ခဲ့တာကို ကိုကိုက မဖတ်ဘဲ ဖုံးဆက် လိုက်တာလေ...

ကိုကို မသိအောင်တိတ်တိတ်လေး ထွက်သွားမလို့ပဲ…

ကိုကိုစိတ်ပူနေမှာလည်း စိုးတာလေ...

ဒါကြောင့် စာရေးထားခဲ့တာ...

လွမ်းက ခရီးထွက်တာကို ပြန်လာမှပဲ သိစေချင်တာ...

အင်းလေးမှာက Service ရတာနဲ့ ကိုကို့ဆီကို ၈-ရက်နေ့ညမှာ ဖုန်းဆက်လိုက်တာ...

လွမ်း ၈-ရက်နေ့ညနေ အင်းလေးကိုရောက်တယ်...

အင်းလေး ဟိုတယ်က စက်လှေတွေနဲ့ လာခေါ်တာလေ...

ညနေခင်း အင်းလေးကန်မှာ စက်လှေကို ပထမဆုံးစီးဖူးတာပဲ...

စက်လှေစီးနေတုန်းမှာ ကိုကိုနဲ့ လွမ်းသူငယ်ချင်းတွေကို သတိရနေတယ်ဆိုတာ ယုံမှာလား ဟင်...

ညနေ ၆-နာရီ နေဝင်ခါနီးအချိန် တောင်တွေထဲကို နေဝင်သွားတာကို စက်လှေပေါ်ကနေ ဓါတ်ပုံ လှမ်းရိုက်ထားလိုက်တယ်...


နောက်နေ့ ဟိုတယ်မှာ Breakfast စားပြီးတာနဲ့ စက်လှေတွေနဲ့ ဖောင်တော်ဦးဘုရားကို သွားကြတယ်... ၄၅မိနစ်စီးရတယ်... 

ဘုရားမဖူးခင် ရိုးရာအဝတ်အထည်ဆိုင် ကိုဝင်ပြီး အမှတ်တရ ပစ္စည်းတွေ ဝယ်ကြတယ်...




ဘုရားကို စက်လှေနဲ့ သွားဖူးရတာ ပျော်ဖို့ ကောင်းလိုက်တာ ကိုကိုရယ်...




အလွမ်းနေ့ရက်များ


အလွမ်းနေ့ရက်များ




ဟဲ့ လွမ်း

နင်ဘာတွေလုပ်နေလဲ

နင်တို့အိမ်နား ငါရောက်နေတာ

ဆင်းခဲ့…လ္ဘက်ရည်ဆိုင်သွားမယ်


ဒီလိုပြောနေကျ

နင့်အသံ ငါမကြားရတာကြာတော့

လွမ်းလိုက်တာဟာ

နင့်သူငယ်ချင်း ငါ့ကို

သတိမှရရဲ့လားလို့

ငါသိချင်လိုက်တာ


နင့်သူငယ်ချင်း

လွမ်း


ကဗျာမြစ်တစ်စုံ

ကဗျာမြစ်တစ်စုံ

အလွမ်းနုနု

မလွမ်းဘဲ..မနေနိုင်ဘူး

…လွမ်းတဲ့သူရယ်…

မိုးစက်တွေ…ဖြိုးဖြိုးဖြိုက်ဖြိုက်

…သတိရနေဆဲ…

…အနမ်းရယ်…

ပါးထက်မှာ…မဖျော့တော့သေးပါလား?

ခါးလေးဖက်တာကို…ရှက်ရွံ့လို့




…ဘယ်သူ ဘာပြောပြော…

…တွေးကြောက်မနေနဲ့…

အမောတံခါးရောက်ရင်…ပြီးသွားမှာပဲ

ကလေးအနားမှာ….ကိုယ်အမြဲရှိတယ်

စေတနာဖြူဖြူ…လမ်းတူတူ

…ချိုချို နွေးနွေး ချစ်နှစ်စ…

ပူးကပ်လို့…မေ့မရဘူး

…နွဲ့ဟန်လေး…




…ကဗျာဆရာမို့ ချွဲတာမဟုတ်ဘူး…

…ရင်ထဲက ပြောမယ်…

…တကယ်…

ငိုရမလောက်…ချစ်တယ်





ခုံမင်ခြင်း…ညဉ်နက်ရဲ့

ရီရီမောမော…ဖုန်းသံလေး



…မဝေးပေမယ့်…

…ပိုနီးခွင့်ရှိရင်…

…တံတားတစ်ခု ခင်းပါ…




…ကလေးရယ်…

အပြင်းစား…လွမ်းတတ်ပေမယ့်

ငရဲမီးစားသော…အချစ်မဟုတ်လို့



…နှုတ်ခမ်းပါးလေး…

…ချစ်နေမယ်…
အနော်မာ
၄.၄.၀၉ (၆:၀၀ am)