တစ်ရက်ချစ်သူ
လွမ်းဟာ အမှတ်သည်းခြေနည်းသူလို့ အပြစ်တင်လိုကလည်း
တင်ကြပါစေတော့…
အသည်းနှလုံးနုနုလေးကို
ကြိမ်ဖန်များစွာ ခံစားချက်ပြင်းပြင်း ရိုက်ခတ်ခံရတော့ ခံနိုင်ရည် စွမ်းရည်တွေ
မရှိတော့တာအမှန်ပါ…
တစ်နေ့သောနေ့တစ်နေ့မှာ ဆိုဒ်တစ်ခုရဲ့
အလှူအတွက် အလှူငွေကို ခိုင်လေးတို့ အင်တာနက် ဆိုင်ကို သွားပေးခဲ့ပါတယ်…
ခိုင်လေးနဲ့ စကားပြောနေချိန်မှာ လူငယ်တစ်ယောက်
ဆိုင်ထဲကို ဝင်လာတော့ ခိုင်လေးက ဒီမှာ မမလွမ်းနဲ့ စကားပြောနေတာ လို့
လှမ်းပြောလိုက်ပါတယ်…
လွမ်းကို ပြုံးပြီး မိတ်ဆက်ပါတယ်…
ကျွန်တော့်နာမည် မောင်မောင်ပါ…
နောက်တော့ လွမ်းအကောင့်နဲ့ ဖုန်းနံပါတ်ကို
တောင်းလို့ ပေးလိုက်ပါတယ်…
Chatting မလုပ်ဘဲ ပုန်းနေတတ်တဲ့
လွမ်းရဲ့အကောင့်မှာ မောင်မောင့်နာမည်လေး စိမ်းနေရင် ပုန်းနေရာက လွမ်း လှမ်းပြောရင်
ပျော်စရာ အရွှတ်အနောက်တွေနဲ့ ပြန်ပြောတတ်လို့ လွမ်းရဲ့ အပန်းဖြေချိန်လေးဟာ မောင်မောင်တစ်ယောက်ထဲအတွက်
ဖြစ်လာခဲ့ပါတယ်…
လွမ်း စိတ်ညစ်လာရင် မောင်မောင်ဆီ
လွမ်း ဖုန်းဆက်ပြောတတ်ပါတယ်…
မောင်မောင်က လွမ်းကို
ရီစရာတွေပြောပြီး ဖြေသိမ့်ပေးတတ်ပါတယ်…
လွမ်း တစ်ခုခုကို ဒေါသဖြစ်ရင်
မောင်မောင့်ဆီ ဖုန်းဆက်ပြောပါတယ်…
မောင်မောင်က လွမ်း ဒေါသတွေကို
ပျောက်အောင် အာရုံလွှဲပြောင်းပေးတတ်ပါတယ်…
လွမ်း ဘာလုပ်ရမှန်းမသိဘဲ
ပျင်းနေတဲ့အခါ မောင်မောင့်ဆီ ဖုန်းဆက်တတ်ပါတယ်…
မောင်မောင်က လွမ်း စိတ်ညစ်ရင်၊ လွမ်း
ဒေါသဖြစ်ရင်၊ လွမ်း ပျင်းရင် ဖုန်းဆက်တတ်တာကို သတိထားမိနေပါတယ်…
လွမ်း အလုပ်တွေနဲ့ ရှုတ်နေလို့
ဖုန်းမဆက်တာ ရက်ခြားသွားရင်တော့ လွမ်းဆီကို SMS ပို့တတ်ပါတယ်…
ဒီတော့မှ လွမ်း မောင်မောင့်ဆီ
ပြန်ဖုန်းဆက်ဖြစ်ပါတယ်…
မောင်မောင်က ညအိမ်အပြန်လမ်းမှာ
လွမ်းကို ဖုန်းလှမ်းဆက်တတ်ပါတယ်…
အဲဒီအချိန်မှာ လွမ်းက အိပ်ရာက
နိုးပြီး စကားပြန်ပြောရပါတယ်… ဘာလုပ်နေလဲ လို့ မေးရင် လွမ်း TV ကြည့်နေတာပေါ့ လို့
ညာပြောလိုက်ပါတယ်…
ဖုန်းဆက်တတ်တာ အချိန်ကြာလာတော့
ဖုန်းမလာရင် မျှော်တတ်တဲ့အကျင့်လေး ဖြစ်လာပါတယ်…
တစ်ခုသောညနေမှာတော့ မောင်မောင်က
ထူးထူးဆန်းဆန်း တောင်းဆိုချက်တစ်ခုကို ပြောပါတယ်…