ရာဇဝင်ထဲက အလွမ်း
လက်ရေးတွေ
စိမ်းတယ်
စာလုံးတွေ
စိမ်းတယ်
မျက်လုံးတွေ စိမ်းတယ်
အကြည့်တွေ
စိမ်းတယ်
အပြောတွေ
စိမ်းတယ်
ခြေလှမ်းတွေ
စိမ်းတယ်
အဲ့လိုချည်းပဲ
စိမ်းနေတော့မှာလား…
ပင်လယ်အောက်မှာ
ရှူရှိုက်နေတဲ့
မီးတောင်က
မျက်နှာပြင်မှာ
လာပေါ်မှာစိုးလို့
ဖုံးကွယ်ထားတာကို
စိမ်းကားရက်တယ်လို့
ပြောရင်လည်း
နှလုံးသားလေး
သိုသိပ်ကျေနပ်စွာ
ခံယူလိုက်ပါ့မယ်
အဲ့ဒီလိုနဲ့
မင်းက ငါ့ကို
ကန္တာရထဲကနေ
နေလုံးကြီးခုန်ချသွားတာကို
ကြည့်ပြီး
စိတ်ပျက်လက်ပျက်နဲ့
အိုအေစစ်ကမ္ဘာထဲ
လျှောက်လှမ်းသွားမယ်လို့များ
မင်းထင်နေရော့လား…
ကောင်းကင်ကြီးနဲ့
ပင်လယ်
ဘယ်မှာထိတာလဲ
အဲ့ဒီနေရာလေးမှာ
အတူသွားနေချင်ခဲ့တာ
ဘယ်တော့မှ
မရောက်နိုင်တဲ့နေရာလေးမို့
အချိန်တွေ
ကုန်ဆုံးသွားမှာကို
တွေးတွေးငေးငေးနဲ့
အငိုမျက်လုံးတွေက
မဲ့လို့
ဒဏ္ဍာရီသာဖြစ်နေခဲ့တာလေ…
ကောင်းကင်နဲ့
ပင်လယ်
မိုးကုပ်စက်ဝိုင်းရဲ့
တစ်နေရာမှာ
ထိမယ်ဆိုတာ
ဖြေရှင်းချက်ပေးရအုန်းမှာလား
ဟော့ဒီရင်ဘတ်ထဲက
ချစ်ခြင်းရဲ့အဆုံးမှာ
ထိလိမ့်မယ်
အဲ့ဒါ
မြေ အဆုံး
ရေ အဆုံး
မိုး အဆုံး
ဟို့………………….အဆုံးထိ
ဆိုတာပဲ
ငါ့ရှေ့မှာ
မင်းမဲ့ပြုံးလေးတွေနဲ့
နောက်ကွယ်မှာ
ကိုယ့်ကိုကိုယ်
စိတ်အစာကျွေးနေမယ်ဆိုတာ
ဟော့ဒီ…မြောက်မြို့ရိုးကြားမှာ
ဝှက်ထားတဲ့
ရှင်သန်မှုတွေကို
မင်းယူသွားပေးပါလားကွာ…
ဖြစ်နိုင်ရင်
ရင်တွင်းခံစားချက်လေးတွေကို
ဘယ်သူ့ကိုမှ
မသိစေချင်ပါဘူး…..
ပြက္ခဒိန်တွေကို
နောက်ပြန်ဆွဲကြည့်မယ်ဆိုရင်
မြှုပ်နှံထားတဲ့
တောင်ပုံယာပုံ
အလွမ်းတွေထဲမှာ
ခဏခဏပြေးပြေးကြည့်ရင်
လွမ်းနေခဲ့ရတယ်ဆိုတာ
မင်းသိကောင်းပါရဲ့…
အချိန်တွေကို
နောက်ပြန်ဆွဲလို့ရရင်
အတိတ်ဆိုတဲ့ နေရာလေးမှာပဲ
နောက်ပြန်ဆွဲလို့ရရင်
အတိတ်ဆိုတဲ့ နေရာလေးမှာပဲ
နေချင်ခဲ့သူပါ
ရယ်မောပျော်ရွှင်ခဲ့ရတဲ့
ရယ်မောပျော်ရွှင်ခဲ့ရတဲ့
အချိန်လေးတွေကို
သတိရလွမ်းနေဆဲပါ…
သတိရလွမ်းနေဆဲပါ…
အတိတ်ဟာ
တိတ်မနေဘူးဆိုတာပဲ
မခေါ်ဘဲရောက်ရောက်လာတဲ့
အဲ့ဒီအလွမ်းတွေကို
တိတ်တိတ်လေး
ဖွင့်ကြည့်နေမိတာ
ဥပဒေ လွတ်ကင်းနိုင်ကောင်းလောက်ပါတယ်လေ…
လူတစ်ယောက်ကို
လွမ်းနေမိတာ
အချစ်ဥပဒေက
ခွင့်မပြုရင်
လွမ်းတော့
ပြစ်ဒဏ်ကျခံရမှာ
သေချာတယ်…
အဲ့ဒါ
မင်းကိုယ့်ကိုကိုယ်
ပြစ်ဒဏ်ချပေးထားတာပဲလေ
ကျနေတဲ့အပြစ်က
သေရာပါဆိုရင်
မင်းငြင်းအုန်းမှာလား…
ငြင်းဆန်နိုင်စွမ်းမရှိတဲ့
အလွမ်းရာဇဝင်ထဲမှာ
နှုတ်မဆက်ဘဲ
တိုးတိုးတိတ်တိတ်
ချစ်နေရုံလေးနဲ့ပဲ
တမ်းတနေပါတော့မယ်….။
တိမ်ပြာ + လွမ်းဧကရီ
No comments:
Post a Comment