ဪ…အွန်လိုင်းအချစ်
ဒီတစ်ခါ
ကျနော်ရေးမဲ့ဇာတ်လမ်းလေးကို ဖတ်ပြီး သူငယ်ချင်းတို့ ကျနော့်ကို အပြစ်တင်မယ်ဆိုတာ သိပါတယ်…
ကျနော်အရင်က Chatting အရမ်းလုပ်တာ…
လာ
Add သမျှ Accept လုပ်ပြီး ပြောတာ…
ခင်ဗျားတို့
စဉ်းစားကြည့်လေ…
ကျနော်နဲ့ Chatting လုပ်နေရင်းနဲ့ ကျနော့်ကို ချစ်တယ်လို့ လာပြောလို့ ကျနော်က လက်ခံလိုက်တာ ပြောတဲ့သူအပြစ်လား၊ ကျနော့်အပြစ်လား…
ကျနော်လက်ခံလိုက်တဲ့ အွန်လိုင်းရည်းစားက အစပထမ ကျနော့်ကို
မမကြီးလို့ ခေါ်တာဗျ…
နောက်ကြာလာတော့ မမ လို့ ခေါ်တာ…
ချစ်သူလည်းဖြစ်ရော မ လို့ပဲ ခေါ်တော့တာ…
ကျနော်က သူ့ကို အစက မောင်လေးလို့ ခေါ်တာ…
နောက်တော့ ချစ်သူလည်းဖြစ်ရော မောင်လို့ ခေါ်တော့တာ…(ဟီးဟီး
ပြောပြရတာ ရှက်လိုက်တာ)
ချစ်စ၊ ခင်စ၊ ကြင်နာစက ခင်ဗျားတို့ သိတဲ့အတိုင်းပဲ…
အွန်လိုင်းမှာ မတွေ့ရ၊ မနေနိုင်ဖြစ်လာတာ…
မတွေ့ရင် SMS ပို့တာပေါ့ဗျာ…
ကျနော် စင်္ကာပူကို အလည်သွားနေစဉ်အတွင်းမှာလည်း နေ့တိုင်း
ဖုန်းခေါ်တယ်ဗျာ… pfingo ကနေ ခေါ်ရလွယ်တာကိုး…
သူ့မွေးနေ့မှာလည်း မ…စားဖို့ ဆိုပြီး သူ့ Birthday
Cake ဓာတ်ပုံကို ပို့ပေးတယ်…
အဲဒီလိုနဲ့ နေလာရင်းနဲ့  ကျနော် သူ့ Zorpia မှာ ကောင်မလေးတစ်ယောက်နဲ့  အပြန်အလှန် ချစ်တင်းနှောနေတာကို သွားတွေ့ ပါ လေရော...
ကျနော်က အရမ်းဒေါသကြီးတတ်တဲ့မိန်းမလေ...
ချက်ခြင်း သူ့ ကိုမေးတော့ "မ ကလဲကွာ...သူ့ ကို ဒီလောက်မချစ်ပါဘူး...မ ကိုပဲချစ်တာ" တဲ့လေ...
ကျနော် ဘာမှသူ့ ကို ပြန်မပြောလိုက်ပါဘူး...
ဒါပေမဲ့ ဆုံးဖြတ်ချက်ချထားလိုက်တယ်... နာကြည်းစိတ်နဲ့  ဖြတ်ဖို့ ပေါ့..
တစ်ရက်မှာ သူနေ့ လည်ဖက် အွန်လိုင်းဝင်လာတယ်...ဒီအချိန် သူအွန်လိုင်း မဝင်တတ်ဖူး...
ကျနော်လဲ အံ့သြပြီး "မောင် လား"လို့  မေးလိုက်တယ်...
"Who r u" တဲ့ ပြန်မေးလာတယ်...
ကျနော်လဲ စိတ်ပေါက်ပေါက်နဲ့  "မောင့်မိန်းမလေ...မောင်မမှတ်မိတော့ဘူးလား" လို့ ပြောပစ်လိုက်တယ်...
ချက်ခြင်း "ကျမသူ့ ချစ်သူပါ" ဆိုပြီး Offline ဖြစ်သွားတယ်ဗျာ...
နောက်မှ ကျနော်သိလိုက်တာက သူက ကျနော်နဲ့ ပြောခဲ့တဲ့ Chat History တွေကို Delete လုပ်ပြီး
သူ့ ချစ်သူကို သူ့ Nick နဲ့  Password ကို ပေးထားတာတဲ့လေ...
ကဲ ကောင်းရော...သူလဲ သူ့ ချစ်သူကိုတော်တော်ဖြေရှင်းလိုက်ရတယ်...
သူ့ ချစ်သူအလိုကျ ကျနော့်ကိုလဲ Block လုပ်လိုက်တယ်လေ..
ကဲ ကျနော့်ဇာတ်လမ်းက အဲတာပဲ...
သြော်....အွန်လိုင်းအချစ်....အွန်လိုင်းအချစ်.....

၂၇-၀၆-၀၉
နေ့ လည် ၁၁း၅၃
2 comments:
တော်တော်ဆိုးတဲ့ ယောက်ကျာင်္းတွေပဲ..
ဟက် ဟက် ဟက်....ဖြစ်ရပ်မှန်လေးလား
Post a Comment