Friday, March 8, 2013

အွန်လိုင်းသူငယ်ချင်းလေး "မြတ်သူ" မွေးနေ့ အမှတ်တရ

အွန်လိုင်းသူငယ်ချင်းလေး "မြတ်သူ" မွေးနေ့ အမှတ်တရ

လွမ်းဧကရီသည် အွန်လိုင်းတွင် စာရေးနေသူတစ်ယောက်ဖြစ်ပါတယ်...

သို့ ဖြစ်သည့်အတွက် လွမ်းမှာ အွန်လိုင်းသူငယ်ချင်းများစွာ ရှိပါတယ်...

Ning Website များမှာ Comment ပေးရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...

Gtalk မှာ Chat ရင်း ခင်ခဲ့ရသော သူငယ်ချင်းများ ရှိပါတယ်...

လွမ်းကို မြင်ဖူးသောသူငယ်ချင်းများရှိသလို လွမ်းကို မမြင်ဖူးသေးသော သူငယ်ချင်းများစွာလည်း ရှိပါတယ်...

လွမ်းသည် ရုံးပိတ်ရက်များပါ မအားလပ်သောသူတစ်ယောက် ဖြစ်နေတဲ့အတွက် အွန်လိုင်းသူငယ်ချင်းများနဲ့  ဆုံတွေ့ ရန်  အခွင့်အရေးနည်းပါးပါတယ်...

၅၃-အလှူ၊ ရွှေမြန်မာဥယျာဉ်အလှူ၊ အရူးလွယ်အိတ်အလှူနဲ့  အနာဂတ်ကောင်းကင်အလှူတစ်ချို့ တွင် ပါဝင်ခဲ့ဖူးသဖြင့် လွမ်းကို တွေ့ ဖူးပြီး ယခုအချိန်ထိ ခင်မင်နေသော သူငယ်ချင်းများလည်း ရှိပါတယ်...

အပြင်မှာ မတွေ့ ဖူးပဲ ခင်မင်နေသော အွန်လိုင်းသူငယ်ချင်းများထဲမှ တစ်ယောက်သော သူငယ်ချင်းမှာ မြတ်သူ ဆိုသော သူငယ်ချင်းပါ...

Thursday, February 28, 2013

အမှတ်တရနေ့

အမှတ်တရနေ့

 

၂၀၁၃-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့ဟာ လွမ်းဘဝအတွက် အမှတ်တရဖြစ်ရတဲ့နေ့လေးပါ။

မောင်… လွမ်းကို ခွဲသွားတာ (၉) နှစ်ပြည့်တဲ့နေ့ပါ။

မနက်မိုးလင်းကတည်းက မောင့်ကို တစ်နေ့လုံး သတိရနေမိပါတယ်။

မောင့်ဓာတ်ပုံကိုကြည့်ပြီး လွမ်းကို ခွင့်လွှတ်ဖို့ မောင့်ကို တောင်းပန်နေမိပါတယ်။

လွမ်း… စိတ်ကစားပြီး တစ်ပါးသူကို ချစ်ခဲ့မိပေမဲ့ မောင့်နေရာမှာ အစားထိုးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။

မောင်နဲ့ အတူနေခဲ့ဖူးတဲ့အချိန်လေးတွေကို ပြန်အမှတ်ရပြီး မျက်ရည်ဝဲမိပါတယ်။

လွမ်းကို ထားခဲ့ရက်တယ်ဆိုပြီး မောင့်ကို အပြစ်တင်သလိုဖြစ်ခဲ့ပေမဲ့ မောင်ကိုယ်တိုင်တောင် မသိလိုက်ရတဲ့အဖြစ်မျိုးနဲ့ လွမ်းကို ခွဲခွာသွားတာကို တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။

လွမ်းတယ် မောင်ရယ်။ လွမ်း မောင့်အတွက် ရည်စူးပြီး အိမ်မှာ ဘုရားပန်းလဲ၊ သောက်တော်ရေကပ်ပြီး မောင်နဲ့တကွ အားလုံးသောသတ္တဝါတွေကို အမျှအတန်း ပေးဝေပါတယ်။

အလုပ်ကအပြန် လွမ်းလှူနေကျ ဘုန်းကြီးကျောင်းကို ဝင်ပြီး ဝတ္ထုငွေနဲ့ J-Donut မုန့်ဗူးကို ကပ်လှူပါတယ်။

ဘုန်းဘုန်းကလည်း လွမ်းကို ရေစက်ချခိုင်းပြီး လွမ်းချစ်သူအတွက် ဆုတောင်းပေးပါတယ်။ အမျှပေးဝေပေးပါတယ်။

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့မှာ မွေးခဲ့တဲ့မောင်က ဖေဖေါ်ဝါရီ (၂၈) ရက်နေ့မှာ လွမ်းကို ထားခဲ့ပြီး ပြန်မလာနိုင်တော့တဲ့နေရာမှာ ရောက်နေပါပြီ။

မောင်ပေးထားခဲ့တဲ့ အမှတ်တရများစွာနဲ့ လွမ်းကျန်ရစ်သူအဖြစ် ရှိနေဆဲပါ။

မောင့်အတွက် ဒီစာလေးကိုပဲ အမှတ်တရရေးဖြစ်ပါတယ်။

မောင်… ရောက်ရာနေရာမှ လွမ်းကို သတိရနိုင်ပါစေ။

မောင်… အဝေးတစ်နေရာကို ခရီးထွက်နေတယ်ဆိုတဲ့စိတ်လေးနဲ့ လွမ်း…နေပါ့မယ်။

 

 

လွမ်းဧကရီ

၂၈-၀၂-၂၀၁၃

ည ၉:၀၅ နာရီ

Thursday, February 14, 2013

အဝေးကပဲ ချစ်နေမယ်

အဝေးကပဲ ချစ်နေမယ်


ကို
 
ဒီနေ့ ချစ်သူများနေ့မှာ ကို့ကို တစ်နေ့လုံး သတိရနေမိပါတယ်။


တကယ်လို့များ လွမ်းနဲ့ကိုဟာ ချစ်သူတွေ ဖြစ်နေဆဲဆိုရင် ကိုက လွမ်းကို ချောကလက်ကျွေးမှာလား၊ လွမ်းကြိုက်တဲ့ အရုပ်မွှေးပွတွေကို ဝယ်ပေးမှာလား၊ လွမ်းကို ကို့ရင်ခွင်မှာထားပြီး သီချင်းဆိုပြမှာလားဆိုပြီး စိတ်ကူးယဉ်နေမိတယ် ကိုရယ်။


လွမ်းအဖြစ်ကို သိရင် ကိုက လှောင်ရယ်နေမလားပဲ။


ကို…ခုချိန်မှာ လွမ်းကို မေ့နေပြီထင်ပါရဲ့။


လွမ်း…ကိုနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် စာမရေးဖြစ်အောင် နေခဲ့ပါတယ်။


ဒါပေမဲ့ ကိုပေးထားတဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိတယ်။


ကိုပေးထားတဲ့ သီချင်းတွေ နားထောင်ပြီး ကို့ကို လွမ်းနေတတ်တယ်။


ကိုရေးပေးထားတဲ့ စာလေးတွေ ပြန်ဖတ်နေမိတယ်။

Sunday, February 3, 2013

အမှတ်တရ လွမ်းသီချင်းလေး

အမှတ်တရ လွမ်းသီချင်းလေး


လွမ်းဘဝက လွမ်းကျန်ရစ်ခဲ့ရသူဖြစ်တဲ့အတွက် လွမ်းဧကရီ နာမည်ဖြင့် ၂၀၀၈-ခုနှစ်မှ စတင်၍ စာရေးလာခဲ့တာ ကြာပါပြီ။


ကွန်ပြူတာနည်းပညာများ ရေးသားသလို အလွမ်းဇာတ်လမ်း မြောက်များစွာကိုလည်း ရေးခဲ့ပါတယ်။


မကြာသောကာလကမှ အဆိုတော်ဦးခင်မောင်တိုး ဆိုထားတဲ့ လွမ်း သီချင်းကို ရခဲ့ပါတယ်။


လွမ်းသီချင်းကို စက်မှုတက္ကသိုလ်ကျောင်းပုံနဲ့ အမှတ်တရ လုပ်ထားပါတယ်။


ဦးခင်မောင်တိုးကလည်း စက်မှုတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။



လွမ်းသီချင်းတွင် ပါတဲ့ “ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့အရိပ်အောက်မှာ” ဆိုတာ စက်မှုတက္ကသိုလ်ကို ရည်ညွှန်းစပ်ဆိုထားပုံ ရပါတယ်။


Saturday, February 2, 2013

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ

လူငယ်များ အချိန်ကို တန်ဖိုးထားနိုင်ပါစေ


လွမ်း...စာမရေးဖြစ်တာ ကြာပါပြီ။

ကုမ္ပဏီအလုပ်က နေ့ စဉ် အဖွဲ့ အစည်းတစ်ခုသို့  သွားရောက်နေရသဖြင့် တနေကုန်ပင်ပန်းကာ အိမ်ပြန်ရောက်တာနဲ့  ခေတ္တအပန်းဖြေရင်း အိပ်ပျော်သွားသည်က များပါသည်။

ဒီတစ်ခါတော့ လူငယ်မောင်မယ်များအတွက် သိသင့်သည်များကို ရေးချင်ပါသည်။

အပြင်သို့  သွားလာနေရသဖြင့် ပြင်ပလောကတွင် လှုပ်ရှားရုန်းကန်နေကြသော လူငယ်များနှင့် ဆုံတွေ့ ရပါသည်။

လူငယ်များသည် မိမိဝမ်းစာရေးအတွက် ဘ၀မှာ ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားရုန်းကန်နေကြပါသည်။

မိမိတို့ ရဲ့ ကြိုးစားမှုပေါ်မူတည်၍ ဘ၀သည်လည်း ပြောင်းလဲသွားမှာ အမှန်ပါ။

လွမ်းပတ်ဝန်းကျင်မှ မိန်းခလေးတစ်ဦးကို စံပြုပြီး ရေးပါမည်။

Thursday, January 24, 2013

ဘာကြောင့်လဲ

ဘာကြောင့်လဲ

လွမ်း...တနင်္ဂနွေနေ့ (၂၀-၁-၂၀၁၃) ရက်နေ့ က မရောက်တာကြာလို့  ဒဂုံမြို့ သစ်မြောက်ပိုင်းက အိမ်ကို သွားပြီး ခြံထဲရှင်းလင်း၊ အခန်းတွင်း ဖုံများတက်နေတာကို သန့် ရှင်းရေးလုပ်ပါတယ်။

ညနေ ပြန်လာတော့ ကားရှေ့ ညာဖက်တာယာက လေနည်းနေတာကို တွေ့ ရတဲ့အတွက် ဒဂုံမြို့ သစ်အိမ်လမ်းထိပ်က လေထိုးဆိုင်မှာ ၀င်ပြီး လေထိုးလိုက်ပါတယ်။

မနက်ပိုင်း ရုံးသွားဖို့  ကားဂိုဒေါင်မှ ကားထုတ်တဲ့အခါ ကားရှေ့ ညာဖက်တာယာက လေတော်တော် နည်းနေတာကို တွေ့ ရပြန်ပါတယ်။ 

အနီးဆုံး ဆိုင်မှာပဲ ဘီးတာယာသွားဖာဖို့  ဖြည်းဖြည်းချင်းမောင်းသွားပါတယ်။

ကားလေထိုးဆိုင်မှာ လူငယ်လေးတစ်ယောက်ကပဲ ဘီးကိုဖြုတ်ပြီး လေထိုးပါတယ်။

Sunday, January 6, 2013

နေပြည်တော်သို့  ခရီးတစ်ခေါက်

နေပြည်တော်သို့  ခရီးတစ်ခေါက်

နှစ်ကူးအစ (၀၁-၀၁-၂၀၁၃) ရက်နေ့ က အလုပ်ကိစ္စနဲ့  နေပြည်တော်ကို သွားရမယ်လို့  မန်နေဂျင်းဒါရိုက်တာ စီစဉ်မှုဖြင့် နေပြည်တော်သို့  ခရီးတစ်ခေါက်ရောက်ခဲ့ပြန်ပါတယ်။

လမ်းခရီးတ၀က် ၁၁၅-မိုင်က စားနေကျ Feel Express မှာပဲ ညနေစာ ထမင်းစားကြပါတယ်။

ထူးခြားလာတာကတော့ နေပြည်တော်အ၀င်မှာ Toll Gate အသစ်တစ်ခု ထပ်မံပြုလုပ်ထားပြီး မြို့ ဝင်ခအတွက် ကျပ်ငွေတစ်ထောင် ထပ်မံကောက်ခံတာပါပဲ။

လမ်းမတစ်ချို့ မှာ ကွန်ကရစ်လမ်းပေါ်မှာ ကတ္တရာလမ်း ခင်းနေတာကို တွေ့ မြင်ရပါတယ်။

တည်းနေကျ Mount Pleasant Hotel မှာ သွားရောက်တည်းခဲ့ပါတယ်။ 

ဒီတစ်ခါတော့ Reception နဲ့  နီးတဲ့ သီးခြားအဆောင်လေးတွေမှာပဲ တည်းဖြစ်ပါတယ်။

လွမ်းနေခဲ့တဲ့ အခန်းပြင်ဆင်ထားပုံလေးကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။