Wednesday, June 8, 2011

အလႉ

အလႉ

မင်းကွန်းတိပိဋကဓရ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဆရာတော်ဘုရားကြီး


နည်းပေးချီးမြှင့်အပ်သော အန္တရာယ်မရောက် ကိစ္စပြီးမြောက်ကြောင်း ဂါထာပါဌ်အနက်



၁။ ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူဝိဒူ။

 ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

ဗုဒ္ဓေါ - သဗ္ဗညုဗုဒ္ဓအမည်ရသည့် လောကထွဋ်ထား မြတ်ဘုရားသည်၊ ဟဝေ - စင်စစ်ဧကန် အမှန်ပင်၊ ဘ၀သောတံ - ဘ၀သုံးသွယ် ရေပြင်ကျယ်ကို၊ တိဏ္ဏော- နိဗ္ဗာန်ထုတ်ချောက် မှာကမ်းရောက်အောင် ကူးမြောက်တော်မူလေပြီး၊ ၀ါ - ကူးမြောက်တော်မူပြီး ဖြစ်ရကား၊လောကန္တဂူ - လောကဓံအဆုံးသို့  နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ၊ ၀ိဒူ
- ခပ်သိမ်းသောတရားတို့ ကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။


ဧတေန သစ္စ၀ဇ္ဇေန- ၀စီမင်္ဂလာ ဤသစ္စာစကားကြောင့်၊ မေ - အကျွန်ုပ်၏၊ ဂမနံ -ယခုခရီးသွားခြင်းကိစ္စ ခပင်းသည်၊ သမိဇ္ဈတု - သိဒ္ဓိဌာန်ထောက် တံခွန်ဆောက်၍ ပြီးမြောက်ကုံလုံ ပြည့်စုံပါစေသတည်း၊ ၀ါ - အန္တရာယ် မမှောက် ရန်မနှောက်ဘဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း။



Monday, June 6, 2011

ပျော်ခွင့်ပြုပါ

ပျော်ခွင့်ပြုပါ

အွန်လိုင်းသူငယ်ချင်း - ၁
 

တူ…တူ…တူ… (တယ်လီဖုန်းမြည်သံ)

ဟယ်လို…

လွမ်းလား…

ဟင်… ချစ် မဟုတ်လား…

ဟုတ်တယ်… ခဏပြန်လာတာ…

ခု… ဘယ်မှာလဲ ဟင်…

လွမ်း.. လာမလား… ကိုယ် အဝေးပြေးကားဂိတ်ရောက်နေတာ…

ဒါဆို လွမ်းလာမယ်… မိနစ် ၂၀-လောက်တော့ စောင့်နော်…

အိုကေ… စောင့်နေမယ်…
.............................................................................................................

ချစ် စောင့်နေတာ ကြာပြီပေါ့…

တွေ့ချင်တော့လည်း စောင့်ရတာပေါ့ဗျာ…

လွမ်းကိုရော သတိရရဲ့လား…

ရတာပေါ့… ရလို့လည်း ခု ရောက်ရောက်ချင်း တွေ့ချင်လို့ ဖုန်းဆက်ခေါ်လိုက်တာပဲ ဟာ…

အင်းပါ… လွမ်းလည်း သတိရတယ်… ခု တာဝန်နဲ့လား… ခွင့်နဲ့လား…

တာဝန်နဲ့လာတာ… မနက် ရုံးလိုက်ပို့မှာလား…

ပို့ပေးမှာပေါ့… ခု တစ်ခုခု သွားစားရအောင်…

အင်း… သွားလေ…

ပြီးခဲ့တဲ့အပတ်က ချစ်ရုံးကို ဖုန်းဆက်တာ ခွင့်ယူသွားတယ်တဲ့… မှန်မှန်ပြော.. ဘယ်သွားတာလဲ…

လွမ်းကို ပြောဖူးတယ်လေ.. UK က ကောင်မလေး ဆိုတာလေ… သူ မြန်မာပြည်ပြန်လာတာ.. ချောင်းသာကို သူတို့တွေသွားလို့ ကိုယ်ခွင့်ယူပြီး လိုက်သွားတာ…

ကောင်းပ.. အဲ့ဒီအချိန်ဆို လွမ်းကို သတိမရတော့ဘူး ဟုတ်… ရီမနေနဲ့…

ကိုယ်သတိရရင် လွမ်းဆီ ဖုန်းဆက်တာပဲ ဟာ…

အင်းပါ…

.............................................................................................................

Friday, June 3, 2011

လွမ်းဆန္ဒ


လွမ်းဆန္ဒ






ကိုရယ်…မခေါ်ချင်ရင်လည်း ထားခဲ့ပါတော့

မခေါ်ချင်သူနောက် လိုက်နိုင်တဲ့အင်အား

…လွမ်းမှာ မရှိတော့လို့ပါ…



လွမ်း…ပြုံးချင်ရဲ့နဲ့ မပြုံးနိုင်တာ

ကိုနဲ့ တွေ့ဆုံရဖို့ကံ

…လွမ်းမှာ ပါမလာဘူးလို့ပဲ ထင်မှတ်မိလို့ပါ…




ကိုက မချစ်ချင်လို့ မုန်းသွားခဲ့မယ်ဆိုရင်တောင်

ကို့အချစ်ကို ရင်ဝယ်ပိုက်ရင်း

…နေတတ်အောင် နေသွားပါ့မယ်…




မရှောင်ဘဲ တွေ့ဆုံအောင် ကြိုးစားပါရစေ

တွေ့ခဲ့ရင်တောင်

မမြင်ချင်ယောင် မဆောင်ပါနဲ့နော်

အရာအားလုံးကို ကို့အလိုကျ ဖြစ်စေရင်း

…ကို့အနား နေချင်ခဲ့သူပါ…






လွမ်းဧကရီ


၀၃-၀၅-၂၀၁၁


နံနက် ၁၀:၀၅ နာရီ

Thursday, June 2, 2011

ပြန်ပြောမပြပါနဲ့

ပြန်ပြောမပြပါနဲ့

သူငယ်ချင်းတို့ကို သိအောင် လွမ်းရင်ထဲက ခံစားချက်လေးတစ်ခု ပြောပြမယ်နော်….

သူ့ကိုတော့ ပြန်ပြောမပြပါနဲ့နော်…

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူကို ဆုံးရှုံးခဲ့ဖူးတယ်…


လွမ်းရဲ့ အချစ်ဆုံးချစ်သူနာမည်က တေဇာပါ…(နာမည်တူရှိရင် ခွင့်လွှတ်ပေးပါ။)

လွမ်းဘဝမှာ အချစ်ဆုံးချစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် အထီးကျန်ကာလတွေကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်…


နောက်ပိုင်း လွမ်းရဲ့အဖော်က ကွန်ပြူတာလေး ဖြစ်လာခဲ့တယ်…

အထီးကျန်သူရဲ့တမ်းခြင်း

အထီးကျန်သူရဲ့တမ်းခြင်း

ခံစားချက် - ၁

လွမ်းစာရေးရင် ရင်ထဲက ခံစားချက်တွေ ရေးမိတတ်တော့ စာရေးရမှာ ကြောက်လာတယ်… 
 
ဒီအရွယ်ရောက်နေပြီ… ခံစားတတ်တုန်းပဲလား လို့ မေးရင်တော့ အဖြေကို သိပြီးဖြစ်မှာပါ…

ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုရပြီးတဲ့နောက် ကိုယ့်ဘဝမှာ ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူး…

ဒီလိုအချိန်တွေမှာ ကိုယ့်အတွက် ဖြေသိမ့်ပေးနိုင်တယ်လို့ ထင်ရတဲ့သူငယ်ချင်းတွေနဲ့ ဆုံဆည်း ရတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စကားပြောရတဲ့အချိန်လေးဟာ ကိုယ့်အတွက် ပျော်ရွှင်မှုလေး ရခဲ့တယ်လို့ ဝန်ခံပါတယ်…

အချစ်နဲ့ ပတ်သက်ပြီး ကိုယ့်ဘဝအတွက် ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒတွေ မရှိတော့ပါဘူး…

အချစ်အတွက် တစ်ချိန်မှာ ကိုယ်ပဲ ခံစားပြီး ကျန်ရစ်ခဲ့ရမယ်ဆိုတာကို သိနေပါတယ်…

ဒါကြောင့် နောင်ဖြစ်လာမဲ့ အနာဂတ်ဆိုတာကို တွေးမထားချင်ပါဘူး…

ယခုလက်ရှိ ဘဝလေးထဲမှာပဲ နေပျော်ချင်ပါတယ်…


Wednesday, June 1, 2011

ချော့ကလက်မြို့ တော်မှ အလွမ်းမင်းသမီး လွမ်းနှင့် တွေ့ ဆုံမေးမြန်းခန်း



ချော့ကလက်မြို့ တော်မှ အလွမ်းမင်းသမီး လွမ်းနှင့် တွေ့ ဆုံမေးမြန်းခန်း


ဒီနေ့ စာဖတ်သူများ စိတ်ဝင်စားမဲ့ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ ပါ...

ကျွန်တော်တို့ ချော့ကလက်မြို့ တော်မှာ ပထမဆုံးတင်ဆက်မဲ့အစီအစဉ်လေးပါ...
တွေ့ ဆုံမေးမြန်းခန်း လေးပါ...

ပထမဆုံးတင်ဆက်မဲ့အစီအစဉ်မှာ တွေ့ ဆုံမေးမြန်းခန်းလေးကို ချော့ကလက်မြို့ တော်မှာ လွမ်းစာတွေနဲ့  လွမ်းကဗျာတွေချည်းပဲ ရေးသားနေတဲ့ အလွမ်းမင်းသမီးလေးလွမ်းနဲ့  စတင်တွေ့ ဆုံမေးမြန်းမှာ ဖြစ်ပါတယ်...
စာဖတ်သူများလဲ ဘယ်လိုဖြေကြားမယ်ဆိုတာ သိချင်နေကြမှာပါပဲ...

ကျွန်တော်တို့ တွေ့ ဆုံမေးမြန်းမဲ့ အဖွဲ့ ဟာ လွမ်းအိမ်ကို ရောက်သွားတဲ့အချိန်မှာတော့ လွမ်းက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်များနေတာတွေ့ ရပါတယ်...
သူ မနက်မိုးလင်းကတည်းက ကွန်ပျူတာရှေ့ရောက်နေတာလို့  သိရပါတယ်...

မျက်နှာလဲ သစ်ရသေးပုံ မရပါဘူး...
သူ့ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိပဲ အမြဲထိုင်နေလို့ ထင်ပါတယ်ခင်ဗျား...

အတန်ငယ်ဝနေပါတယ်...စာဖတ်သူများ ခန့် မှန်းနိုင်ပါတယ်...
ကျနော်တို့ တွေ့ ဆုံမေးမြန်းဘို့ လာတဲ့ အကြောင်းရှင်းပြတော့ သူ့ ရဲ့ Online Friend တွေကို ဒီအကြောင်းလေးပြောပြီး နှုတ်ဆက်မလို့ ခဏစောင့်ပါဆိုလို့  နာရီဝက်စောင့်လိုက်ရပါတယ်...

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြည်တွင်း ခရီးသွားမှတ်တမ်း-၃

ပြည်တွင်း ခရီးသွားမှတ်တမ်း-၃

လွမ်းတို့  မနက် ၇-နာရီ ပင်းတယမြို့ ရဲ့ Inle Inn Hotel မှာ နံနက်စာစားပြီးတာနဲ့ ကုံလုံဆရာတော်ဘုရားရဲ့ ရုပ်ကလာပ်တော်ထားရာ စံကျောင်းတော်ကို သွားခဲ့ကြပါတယ်...
ဆရာတော်ရဲ့ရုပ်ကလပ်တော်ကို အနီးကပ်ဖူးတွေ့ ခွင့်ရခဲ့ပါတယ်...