ခရီးသွားမှတ်တမ်းများ ရေးသားခြင်း၊ Flash Song Movies များ ဖန်တီးခြင်း၊ အလွမ်းရသစာပေများ ရေးသားခြင်းကို ဝါသနာပါသူ။
Sunday, November 16, 2014
Monday, March 31, 2014
စုပေါင်းရှင်ပြုအလှူမင်္ဂလာတော်
စုပေါင်းရှင်ပြုအလှူမင်္ဂလာတော်
မနေ့က (၃၀-၃-၂၀၁၄) ရက်နေ့က
စုပေါင်းရဟန်းခံရှင်ပြုပွဲကို ဖိတ်တဲ့အတွက် ဖောင်ကြီးမှာရှိတဲ့ ရာဘာခြံထဲက
အလှူမင်္ဂလာကို သွားရောက်ခဲ့ပါတယ်။
Project လုပ်ငန်းမှာ နေ့စဉ်ဆောင်ရွက်နေရတဲ့အတွက် ပင်ပန်းနေတဲ့စိတ်ကို ခဏတာ အပန်းဖြေနိုင်စေရန် သိပ်မကွာဝေးတဲ့ ဖောင်ကြီးကို ဒုတိယအကြိမ်မြောက် ရောက်ခဲ့ပါတယ်။
ရာဘာခြံမြေပြန့်နေရာမှာ
မဏ္ဍပ်ဆောက်ထားပြီး ရွာဓလေ့အတိုင်း တီးဝိုင်းဖြင့် ကြီးမားသော စပီကာများ
အသုံးပြုပြီး သီဆိုဖျော်ဖြေသံက ဆူညံစွာ တစ်ယောက်တစ်ပေါက် ပြောဆိုသံတွေကို
ဖုံးလွှမ်းထားပါတယ်။
မောင်ရှင်လောင်းများကို လူများရဲ့
ပုခုံးထက်မှာတင်ပြီး မဏ္ဍပ်ကို ရောက်လာတာကို ကျနော် တောင်ကုန်းပေါ်က ဆင်းလာရင်း
အပင်များကြားမှ ယခုလိုပဲ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
မောင်ရှင်လောင်းများ မဏ္ဍပ်သို့
ဝင်ရောက်လာစဉ်နှင့် ရှမ်းအိုးစည်ဝိုင်းမှာ ဖျော်ဖြေနေကြပုံများပါ။
Monday, February 17, 2014
အလွမ်းစာမျက်နှာ - ၄
ကိုကိုရေ…
ဒီစာလေးဟာ ကိုကို့အတွက် လွမ်း
နောက်ဆုံးရေးလိုက်တဲ့စာလေးပါပဲ…
လွမ်း…ဒီစာလေးကို ငိုပြီး
ရေးနေတာကိုကို…
ကိုကို့ဆီက ချော့တဲ့စာလေးရရင် လွမ်း
ကိုကို့ရင်ခွင်ထဲ ပြန်လာခဲ့မယ် လို့ လွမ်း ပြောခဲ့ပါတယ်…
လွမ်း…ကိုကို့ဆီက ချော့တဲ့စာ
မရခင်ကလေးမှာပဲ လွမ်းကို အားလုံးက ဝိုင်းပြောကြတယ် ကိုကို…
လွမ်း ခံစားချက်လေးတွေကို
အများသိအောင် ရေးနေတာ အပြစ်တစ်ခုတဲ့လေ…
လွမ်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ
ကိုကို…
လွမ်း…ကိုကိုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ
မရေးတော့ပါဘူး လို့ ကတိပေးပါတယ်…
ကိုကို့ရင်ခွင်ခဲကိုလည်း လွမ်း
ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ ကိုကို…
ကိုကို
လွမ်းကို ချော့ထားတဲ့စာလေးကိုတော့ နောက်ဆုံးအနေနဲ့ ရေးပြမယ်နော်…
Friday, February 14, 2014
အလွမ်းစာမျက်နှာ - ၃
ကိုကိုရေ…
ကိုကို့ကို လွမ်းလို့ စာရေးလိုက်တာလေ…
လွမ်းလေ ကိုကိုနဲ့
ခင်ခဲ့ပြီးနောက်ပိုင်း လွမ်း ကိုကို့ကို သတိရရင် ဖုန်းဆက်တတ်လာတယ်…
ကိုကို့သူငယ်ချင်းတွေက
အားလုံးသိကုန်ကြပြီလေ…
ဖုန်းဆက်လွန်းလို့ လွမ်းအသံကို
မှတ်မိနေကြတယ်…
ကိုကိုမရှိရင် လွမ်း မဟုတ်လား…လွမ်းကိုကို
မရှိဘူး…ည ၁၀-နာရီလောက်မှ ရောက်လိမ့်မယ် လို့ ဖြေတတ်တယ်…
ကိုကိုကလည်း ည ဘယ်အချိန်
ပြန်ရောက်ရောက် ဖုန်းဆက်တတ်တယ်…
ဧပြီလ (၁၂) ရက်နေ့က သူငယ်ချင်းအလှူက
ပြန်လာတော့ မိုးတွေ သဲသဲမဲမဲ ရွာချခဲ့တယ်…
လွမ်းမှာပဲ ထီးပါတယ်…ကိုကိုနဲ့
နှစ်ယောက်အတူ ထီးဆောင်းလိုက်ရတယ်…
ကိုကိုက အရပ်မြင့်တော့ ထီးကိုင်ပြီး
မိုးပေးတယ်… လွမ်းက ကိုကိုနားလေး ကပ်လိုက်ရတာလေ…
အဲ့ဒီနေ့ညက ကိုကိုက လွမ်းအတွက်
ကဗျာစပ်ထားတယ်…mail နဲ့ ပို့ပေးလိုက်မယ် ဆိုပြီး ပို့ပေးခဲ့တယ်…
ကိုကိုစပ်ပေးတဲ့ ကဗျာလေးကို ဖတ်ပြီး
လွမ်း ရင်ခုန်ခဲ့ရတယ်…
ကိုကိုက ပုံလေးနဲ့ တွဲပို့ပေးတယ်…
Thursday, February 13, 2014
အလွမ်းစာမျက်နှာ - ၂
ကိုကိုရေ…
ကိုကို့ဆီက ပြန်စာလေးရတယ်…
“မြန်မြန်ပြန်လာပါတော့ လွမ်းလေးရေ…လွမ်းလှပြီ”
တဲ့…
လွမ်းလည်း ကိုကို့ကို လွမ်းတာပါပဲ
ကိုကိုရယ်…
လွမ်းကို ပစ်တုန်းက ပစ်ထားခဲ့ပြီးတော့
ခုမှ လွမ်းကို လာခေါ်လည်း ပြန်မလာဘူး…
ဒါပေမဲ့ လွမ်းလေ ကိုကို့ကို
လွမ်းလွန်းလို့ ကိုကိုနဲ့ လွမ်းပြောခဲ့ကြတဲ့ Chat History ကို ပြန်ဖတ်နေမိတယ်
ကိုကိုရေ…
ကိုကိုနဲ့ လွမ်း စတွေ့တုန်းက ကိုကိုက
ရီစရာတွေ အရမ်းပြောတာပဲ…
လွမ်း ပြန်ဖတ်ပြီး ပြုံးနေမိတာ…
နောက် ကိုကိုက လွမ်းကို
ကလေးလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်…
နို့ဗူးထဲ နို့ထည့်ထားတဲ့ပုံပို့ပြီး “ကိုကိုဖျော်ထားတာ…သောက်လိုက်အုန်း”
လို့ အမြဲပြောတာ…
အမှတ်တရလေးတွေက
ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်လို့ မရနိုင်ပါဘူး ကိုကိုရာ…
ကိုကိုက လွမ်းအတွက် အမှတ်တရကဗျာလေး
ရေးပို့တယ်…
အလွမ်းစာမျက်နှာ - ၁
ကိုကိုရေ…
လွမ်း…ကိုကို့ကို
သတိရလိုက်တာ…
လွမ်း
ကိုကို့ရင်ခွင်ထဲက ထွက်ချင်လို့ ထွက်လာတာ မဟုတ်ပါဘူး ကိုကိုရယ်…
ကိုကို့နားမှာ
လွမ်း နေချင်ခဲ့တာပေါ့…
ကိုကို့ရင်ခွင်ထဲမှာနေပြီး
ကိုကိုနဲ့ စကားတွေ ပြောချင်နေခဲ့တာပေါ့…
ဒါပေမဲ့
ကိုကိုရယ်…ကိုကိုက လွမ်းနားမှာ မနေနိုင်ခဲ့ပါဘူး…
လွမ်း
အရမ်းဝမ်းနည်းတာပဲ…
လွမ်းကလေ
လူ့ဘဝမှာ မနာလိုမှုတွေနဲ့ နေနေတာကိုကို…
လွမ်း
အမှန်အတိုင်း ဝန်ခံတာ…
အဲ့ဒီ
မနာလိုမှုတွေက လွမ်းဘဝအတွက် တက်လမ်းတွေ ဖြစ်စေခဲ့သလို လွမ်းဘဝအတွက်
ဝမ်းနည်းကြေကွဲမှုတွေကိုလည်း ဖြစ်စေတယ်ကိုကို…
လွမ်း
ကျောင်းသူဘဝ၊ အင်ဂျင်နီယာဘဝတုန်းက သူများကိုယ့်ထက်သာမှာကို မနာလိုလို့ လွမ်း
ကြိုးစားတယ်ကိုကို…အောင်မြင်ခဲ့တယ်…
လွမ်း
ကိုကို့ကို စတွေ့ပြီး ခင်ခဲ့ရတုန်းကလည်း ကိုကို သူများတွေကို လွမ်းထက်
ပိုခင်သွားမှာကို လွမ်း စိုးရိမ်ခဲ့တယ်…
ကိုကို
သူများတွေနဲ့ ပြောနေရင် မနာလိုဖြစ်ခဲ့ရတယ်…
လွမ်းဘဝမှာ
အချစ်ဆုံးချစ်သူ မရှိတဲ့နောက် လွမ်း အထီးကျန်ညတွေကို ဖြတ်သန်းနေရတာ ကိုကို…
အဲ့ဒီညတွေမှာ
ကိုကိုဟာ လွမ်းအတွက် စကားပြောဖော်တစ်ယောက်အနေနဲ့ လွမ်းဘဝထဲ ဝင်လာတဲ့အတွက် လွမ်း
ပျော်ခဲ့ရပါတယ် ကိုကိုရယ်…
လွမ်း
ကိုကို့အတွက် ခံစားရတဲ့ဇာတ်လမ်းလေးတွေ ရေးဖြစ်ခဲ့တယ်…
ကိုကိုက
လွမ်းကိုပြောတယ်… “တကယ့်အဖြစ်အပျက်သာဆိုရင်တော့ ကိုကို ငိုမှာပဲ” တဲ့…
လွမ်းကလည်း
ကိုကို့ကို ရီပြီးပြောခဲ့တယ်လေ… “ကိုကို့ကို တစ်ဖက်သတ်ချစ်နေတဲ့သူအနေနဲ့
ကိုကို့ကို အရမ်းချစ်ပြမှာ” လို့လေ…
လွမ်း
အဲလိုတွေ ပြောနေပေမဲ့ တကယ်ခံစားနေရတာပါ ကိုကိုရယ်…
လွမ်းချစ်သူအကြောင်းတွေကိုလည်း
ကိုကို့ကို အကုန်ဖွင့်ပြောပြတယ်…
ဒါပေမဲ့
ကိုကို လွမ်းကို အရင်လို မချစ်တော့မှာစိုးတဲ့စိတ်နဲ့ ဖွင့်မပြောခဲ့တာတွေလည်း
ရှိခဲ့ပါတယ် ကိုကို…
ကိုကိုက
လွမ်းကို အရင်လိုပဲ မပြောင်းလဲဘဲ ဆက်ဆံတယ်…
လွမ်းနဲ့
ကိုကို ဖုန်းပြောရင် လွမ်း ကိုကို့ကို ချွဲပြောလည်း ကိုကို နားထောင်ပြီး
ပြန်ပြောပေးတယ်…
လွမ်းကို
အမျိုးမျိုး နှစ်သိမ့်မှုတွေ ပေးခဲ့တယ်…
လွမ်း
ကိုကိုနဲ့ ဖုန်းပြောရင် ပျော်နေမိတာလေ…
ကိုကို့အသံကို
လွမ်း စကြားရကတည်းက ကိုကို့အပေါ် လွမ်းတကယ် ခင်သွားတာ…
လွမ်းနဲ့ ကိုကို ဘယ်လိုတွေပြောပြော ကိုကို ပြောနေကျစကားက
“လွမ်းရာ ကိုကိုတို့က စာပေမောင်နှမတွေပဲ” လို့ ပြောတတ်တယ်လေ…
Tuesday, February 11, 2014
“ကို”
သောကတောင်တန်း
“ကို”
စာရေးတိုင်း “ဧကရီကို ကို သိပ်ချစ်တယ်” လို့ ပြောတတ်တဲ့…ကို
“လွမ်း ဘာလုပ်နေလဲ”
ဆိုပြီး တစ်နေ့မှာ ၁၆-ခါလောက် ဖုန်းဆက်မေးတတ်တဲ့…ကို
Saturday, February 8, 2014
ပြည်ပခရီးစဉ် အပိုင်း (၂)
ပြည်ပခရီးစဉ်
အပိုင်း
(၂)
(၁၂-၁-၂၀၁၄) ရက်နေ့မှာ Singapore မှာ အသစ်ဖွင့်ထားတဲ့ River Safari ကို သွားခဲ့ပါတယ်။
Singapore Zoo နေရာမှာပဲ ရှိတာပါ။
ငါးမျိုးစုံမွေးမြူထားသောကန်များနဲ့ Animal မျိုးစုံကို ကဏ္ဌများခွဲပြီး ပြသထားပါတယ်။
River Boat စီးပြီး မွေးမြူထားသော တိရစ္ဆာန်များကို လှည့်လည်ကြည့်ရှုရသော အစီအစဉ်လည်း ပါဝင်ပါတယ်။
River
Safari မှ ရိုက်လာခဲ့သော ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
Wednesday, February 5, 2014
ပြည်ပခရီးစဉ် အပိုင်း(၁)
ပြည်ပခရီးစဉ်
အပိုင်း(၁)
ခရီးသွားပြီးတိုင်း
မိမိခရီးသွားမှတ်တမ်းလေးကို အမှတ်တရ ပြန်ရေးလေ့ရှိတဲ့ လွမ်းထုံးစံအတိုင်း
ပြည်ပခရီးစဉ်လေးကို စတင်ရေးသားလိုက်ပါတယ်။
(၁၁-၁-၂၀၁၄)ရက်နေ့က Singapore ကို Singapore Airline နဲ့
ခရီးထွက်ခဲ့ပါတယ်။
Singapore Airline က လေယာဉ်ပိုကြီးပြီး မိမိရှေ့က ထိုင်ခုံနောက်မှာ
TV Screen တစ်ခုစီ တပ်ဆင် ထားပါတယ်။
လွမ်းက ထုံးစံအတိုင်း Window Seat ကို တောင်းပြီး လေယာဉ်မှန်ကနေ
အပြင်ကို ကြည့်ပြီး အတွေးများစွာ တွေးပြီး လိုက်ပါသွားပါတယ်။
ပြည်ပခရီးစဉ်အတွက် ပြည်ပထွက်ခွာခွင့် ရအောင် ကြိုးပမ်းခြင်း
ပြည်ပခရီးစဉ်အတွက် ပြည်ပထွက်ခွာခွင့် ရအောင် ကြိုးပမ်းခြင်း
ပထမဆုံး လွမ်း လေယာဉ်လက်မှတ်ဝယ်ပါတယ်။
Singapore Airline က Promotion ပေးနေတယ်ဆိုတာနဲ့  လက်မှတ်ဝယ်လိုက်ပါတယ်။
လွမ်းက Singapore သွားတိုင်း Silk Air နဲ့ ပဲ သွားခဲ့တာပါ။
လွမ်း ပြည်ပခရီး စင်္ကာပူသွားတိုင်း ကိုယ်တိုင် Visa ရအောင် လိုက်လုပ်ဖြစ်တာ များပါတယ်။
Singapore Visa ရဖို့  လိုအပ်ချက်က အရင်ကထက် ပိုများလာပါတယ်။
လျှောက်လွှာ Form နဲ့ အတူ စင်္ကာပူမှာရှိတဲ့ သူငယ်ချင်းရဲ့ ခေါ်စာ Form လိုလာပါတယ်။
ခေါ်တဲ့သူက EP ရတဲ့သူမဟုတ်ဘဲ PR နဲ့  Citizen ရတဲ့သူက ခေါ်ဖို့  လိုတာပါ။
ခေါ်တဲ့သူရဲ့ Singapore Identity Card ကို ရှေ့ ၊ နောက် Scan ဖတ်ထားတာကိုပါ တွဲတင်ရပါတယ်။
နောက် အိမ်ထောင်စုဇယား Notary ပြုလုပ်ပြီး မြန်မာ၊ အင်္ဂလိပ်မိတ္တူ ပေးရပါတယ်။
လွမ်း ၀ယ်ထားတဲ့ လေယာဉ်အသွားအပြန်လက်မှတ်ကို မိတ္တူပေးရပါတယ်။
စာရွက်စာတမ်းပြည့်စုံပြီဆိုရင်တော့ US$ 23/- နဲ့ အတူ တင်ထားခဲ့ရပါတယ်။
ရုံးဖွင့်ရက် ၄-ရက် အချိန်ယူပြီးမှ Visa ထုတ်ပေးပါတယ်။
လွမ်းရတဲ့ Visa က Multiple Visit တစ်လ ရတာပါ။
Friday, January 31, 2014
အမှတ်တရနေ့လေး
အမှတ်တရနေ့လေး
၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈)
ရက်နေ့ဟာ ကျနော့်ဘဝမှာ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးဆိုတာ
သူငယ်ချင်းတို့လည်း သိကြမှာပါ။
ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို
မျှော်နေတဲ့သူပါ။
၂၀၀၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉)
ရက်နေ့တုန်းကပေါ့။
မျှော်နေတဲ့သူမလာဘဲ ကျနော့်ဆီကို
ရောက်လာတဲ့သူတွေကတော့ -
ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့
သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ…
သမီးရယ်…အန်ကယ်ပြောရမှာ
စိတ်မကောင်းပါဘူး…သူတို့သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ
ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာ တာဝန်ကျနေတော့ သူအပါအဝင် ငါးယောက်
သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ…
သမီး မယုံဘူး အန်ကယ်…
တကယ်ဖြစ်သွားခဲ့တာပါ…သမီး ယုံပါကွယ်…
သမီး မကြားပါရစေနဲ့ အန်ကယ်…သူပြန်လာမယ်လို့
သမီးကို ပြောသွားခဲ့တာ…
အန်ကယ် တကယ်စိတ်မကောင်းပါဘူး သမီးရယ်…
Tuesday, January 21, 2014
အရမ်းကို တိုးတက်နေသော စင်္ကာပူ
အရမ်းကို
တိုးတက်နေသော စင်္ကာပူ
လွမ်း စင်္ကာပူကို မရောက်တာ ကြာပါပြီ။
ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တဲ့အတွက် စင်္ကာပူမသွားဖြစ်ဘဲ
ထိုင်းနိုင်ငံသို့သာ သွားဖြစ်ပါတယ်။
ဒီနှစ်စမှာတော့ မရောက်တာကြာပြီဖြစ်တဲ့
စင်္ကာပူကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံကို
၇-ကြိမ်မြောက် ခရီးထွက်ခြင်းပါ။
(၆) ကြိမ်မြောက်က ၂၀၁၀-ခုနှစ်က ရောက်ခဲ့တာပါ။
စင်္ကာပူနိုင်ငံအကြောင်းရေးရင်း လွမ်း ပြောပြချင်တဲ့အကြောင်းက
နိုင်ငံခြားမှာ ပစ္စည်းဝယ်ရင် Refund ပြန်ပေးတတ်တဲ့အကြောင်းပါ။
လွမ်း
စင်္ကာပူနိုင်ငံမှာ လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖြစ်ပါတယ်။
လွမ်းအတွက် အသုံးကျမဲ့ 2TB External
Harddisk ဝယ်ဖြစ်ပါတယ်။
Mobile Phone နဲ့ TV တွဲသုံးနိုင်တဲ့ကြိုး၊ Player နဲ့ TV
တွဲသုံးနိုင်တဲ့ကြိုးတွေ ဝယ်ဖြစ်ပါတယ်။
Mobile Phone မှာ
ထည့်သုံးဖို့ Memory Card ဝယ်ပါတယ်။
ဝယ်တဲ့ပစ္စည်းအတွက်
Refund လိုချင်ကြောင်းပြောတဲ့အခါ လွမ်း Passport ကို ပြရပါတယ်။
Form မှာ လွမ်းနာမည်နဲ့ Passport ထည့်ရေးထားတဲ့စာရွက်ကို ဆိုင်က
ပေးလိုက်ပါတယ်။
Sketcher ဖိနပ်ဆိုင်မှာလည်း Refund အတွက် စာရွက်တောင်းလာခဲ့ပါတယ်။
Sketcher ဖိနပ်ဆိုင်မှာလည်း Refund အတွက် စာရွက်တောင်းလာခဲ့ပါတယ်။
Monday, January 20, 2014
မြန်မာ
မြန်မာ
လွမ်း ဘန်ကောက် ကုမ္ပဏီနှစ်ပတ်လည်ပွဲကို ၂၀-၁၂-၂၀၁၃ ရက်နေ့က သွားခဲ့ပါတယ်။
၂၁-ရက်နေ့နဲ့ ၂၂-ရက်နေ့မှာ ဈေးဝယ်ထွက်ကြပါတယ်။
၂၁-ရက်နေ့က Platinum Plaza မှာ အဝတ်အထည်တွေနဲ့ Hand Carrier Baggage တစ်လုံး ဝယ်ပါတယ်။
၂၂-ရက်နေ့က Big C ကို သွားပြီး အိမ်သုံးပစ္စည်းတွေ ဝယ်ပါတယ်။
Robinson မှာ Air Fryer ဝယ်တော့ Baht 6000/- ပေးရပါတယ်။
Saturday, January 18, 2014
ဘန်ကောက်မြို့သို့ အလည်တစ်ခေါက်
ဘန်ကောက်မြို့သို့
အလည်တစ်ခေါက်
ကုမ္ပဏီနှစ်ပတ်လည်ပွဲအတွက်
ဖိတ်ကြားလို့ ဘန်ကောက်မြို့ကို (၂၀-၁၂-၂၀၁၃) ရက်နေ့က အလည်တစ်ခေါက်
သွားရောက်ခဲ့ပါတယ်။
ယခုတစ်ကြိမ်နှင့်ဆိုလျှင်
(၃)ကြိမ်မြောက်ရောက်ခြင်းပါ။
လေဆိပ်ကို ကုမ္ပဏီက
ကားလာကြိုပေးတဲ့အတွက် အဆင်ပြေပါတယ်။
Subscribe to:
Comments (Atom)









