ပဲခူးမြို့
သာမဏေကျော် ပရိယတ္တိစာသင်တိုက်
လွမ်းရဲ့ကားကို မိတ်ဆွေရဲ့အိမ်မှာ ထားခဲ့ပြီး မိတ်ဆွေရဲ့ကားနဲ့ ပဲခူးမြို့ကို လိုက်သွားခဲ့ပါတယ်။
ရုံးနဲ့ အိမ်၊ အိမ်နဲ့ ရုံး၊ တစ်ခါတစ်လေ Site Office, Custom House, Sea Port တွေကို အလုပ်နဲ့ သွားလာလှုပ်ရှားနေရတဲ့အတွက် ခုလို ခရီးထွက်လိုက်ရတဲ့အခါ စိတ်ထဲ လွတ်လပ်မှုတစ်ခုလို ခံစားရပါတယ်။
ပဲခူးမြို့ ဘုန်းကြီးကျောင်းရောက်လို့ မိတ်ဆွေတို့ရဲ့အလှူမှာ မုဒိတာပွားပြီး လွမ်းကပါ သင်္ကန်း ပရိက္ခယာတစ်စုံ လှူဒါန်းဖြစ်ခဲ့ရတာကလည်း ဝမ်းသာစရာပါ။
အလှူအတွက် အမျှသုံးကြိမ်ပေးဝေပြီး ရဟန်းအပါး (၂၅၀)ကို ဆွမ်းလောင်းလှူရတာကလည်း ကြည်နူးစရာပါ။
လွမ်းသွားရောက်ခဲ့တဲ့ ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက်
ဓာတ်ပုံများကို သူငယ်ချင်းများ မုဒိတာပွားများစေရန် တင်ပေးလိုက်ပါတယ်။