အချစ်လို့ ခေါ်လား
ကို
လွမ်းတယ်ကိုရယ်…
လွမ်းက ကို့အပေါ်
တကယ်ချစ်သွားခဲ့မှန်း လွမ်းကိုယ်လွမ်းတောင် သတိမထားခဲ့မိပါဘူး…
လွမ်းနဲ့ ကို စတွေ့တဲ့နေရာလေးကတော့
တစ်ချိန်က လွမ်း နှစ်သက်ပြီး နေ့တိုင်းရောက်ခဲ့ရတဲ့ MM FLASH SONG WEBSITE ပါ…
ကို… လွမ်းစာမျက်နှာမှာ လာပေးတတ်တဲ့ Comment လေးတွေကိုလည်း ပြန်လည်
သတိရတမ်းတမိပါတယ်…
မိတ်ဆွေတစ်ယောက်အနေနဲ့ e-mail နဲ့
စာအပြန်အလှန်ပို့ကြရင်း ခင်မင်ရင်းနှီးလာပါတယ်…
တစ်ယောက်အကြောင်း
တစ်ယောက်ပြောဖြစ်ခဲ့ပါတယ်…
ကိုက လွမ်းနားထောင်ဖို့ သီချင်းလေးတွေ
ပို့ပေးတတ်ပါတယ်…
ကို ပို့ပေးတဲ့သီချင်းလေးတွေ
နားထောင်ပြီး လွမ်း ခံစားလာမိပါတယ်…
ကို့အပေါ် ခံစားချက်လေးတွေ
ချရေးဖြစ်ရင်းနဲ့ ကို့အချစ်ကို လွမ်း ရခဲ့တာပါ…