နှလုံးသားအရင်းအနှီး
သိမ့်နဲ့ မောင်က အသက်ကွာတယ်။
အင်တာနက်မှာတွေ့ပြီး ခင်ရာကနေ
ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။
အပြင်မှာဆုံတော့လည်း မောင်က သိမ့်ကို
ဆက်ချစ်ခဲ့ပါတယ်။
မောင်နဲ့ ချစ်သူဖြစ်တဲ့သက်တမ်းမှာ
မောင်နဲ့ သုံးကြိမ်ပဲ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ မောင်က အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့သူမို့ပါ။
မောင်နဲ့ တွေ့ဆုံခွင့်ရတဲ့အချိန်မှာ
မောင်က ကလေးတစ်ယောက်လိုပါပဲ။
သိမ့်ပြောသမျှ နားထောင်တတ်ပါတယ်။
မောင့်အိမ်ကတော့ သိမ့်ကို မောင့်ချစ်သူတစ်ယောက်အနေနဲ့တော့ မသိထားပါဘူး။
မောင့်မိသားစုနဲ့တော့ ခင်မင်ခွင့်
ရခဲ့ပါတယ်။
တကယ်တမ်းပြောရရင် သိမ့်မိသားစုကိုလည်း
မောင်က သိမ့်ချစ်သူပါလို့ ဖွင့်မပြောထားပါဘူး။
ဘာလို့လည်းဆိုတော့ မောင်က
သိမ့်ထက်ငယ်တဲ့အပြင် အရာရှိငယ်လေးတစ်ယောက် ဖြစ်နေလို့ပါပဲ။
မောင်နဲ့ သိမ့်က ချစ်သူအဖြစ်
နေနေရတာကိုပဲ ကျေနပ်နေကြသူတွေ ဆိုပါတော့။
မောင် အဝေးကနေ သိမ့်ဆီကို
အမြဲဖုန်းဆက်တတ်ပါတယ်။
သိမ့်ကို မောင်တကယ်ချစ်ခဲ့တယ်ဆိုတာ
သိမ့် ယုံပါတယ်။