ကိုကိုရေ
ကိုကို
ကလေးဘဝမှာ ကိုကိုနဲ့ ဆုံတွေ့ခဲ့မယ်လို့ ဘယ်တုန်းကမှ ထင်မထားပါဘူး…
ကိုကို့ကို သိခွင့်၊ ခင်ခွင့်ရတော့ ကိုကို့ကို အထင်ကြီး လေးစားခဲ့ပါတယ်…
ကိုကို့ကို ကလေး အနိုင်ကျင့်သမျှ ကိုကိုက အလိုလိုက်ခဲ့လို့လည်း ကိုကို့ကို သံယောဇဉ် ရှိခဲ့မိပါတယ်…
ကလေးအပေါ်ကိုလည်း ကိုကို သံယောဇဉ်ရှိခဲ့မယ်ဆိုတာ ကလေး ယုံထားပါတယ် ကိုကို…
ကိုကို့ကို ကလေး တကယ်ချစ်ခဲ့တာပါ ကိုကိုရယ်…
ကလေး ကိုကို့ကို ချစ်တာ ဘာကြောင့်လဲ လို့ ကလေးကို လာမေးရင် ကလေး မဖြေတတ်ဘူး ကိုကို…
ကလေး ကိုကို့ကို ချစ်တာပဲ သိတယ်…