ကွန်ပြူတာအခြေခံ
အပိုင်း(၉)
လွမ်းက AutoCAD လို့ခေါ်တဲ့ Basic
Engineering Drawing ကို သင်ကြားပေးနေသူ ဖြစ်ပါတယ်။
CAD ရဲ့ အဓိပ္ပါယ်ကိုက Computer Aided
Design ပါ။ ကွန်ပြူတာအကြောင်း မသိဘဲ ကွန်ပြူတာနဲ့ ပုံဆွဲတာကို သင်ကြားပေးလို့
မရပါဘူး။
လွမ်းရေးခဲ့တဲ့ ကွန်ပြူတာအခြေခံများဟာ
Application Software တစ်ခုကို မသင်ကြားမှိ သိသင့်တဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့
အခြေခံသဘောတရား၊ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်။
လွမ်းရေးခဲ့တာတွေဟာ
အခြေခံသဘောတရားကလွဲလို့ အသေးစိတ်ရေးထားခြင်း မဟုတ်ပါဘူး။
ကွန်ပြူတာကို သုံးနေသူတစ်ယောက်အနေနဲ့
အခြေခံသိထားသင့်တဲ့ အချက်တွေကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ်။
အခုနောက်ပိုင်း Laptop ဝယ်သည်ဖြစ်စေ၊
Desktop ဝယ်သည်ဖြစ်စေ၊ Operating Software ကို Windows 7 ကိုသာ တင်ပေးတတ်ပါတယ်။
Windows XP တုန်းက သုံးရကောင်းသလို
တော်တော်များများ Software တွေကို တင်ရလွယ်ကူပါတယ်။
Windows Vista ထွက်လာတော့ Graphic
တွေက အရမ်းကောင်းလာပါတယ်။ ဒါပေမဲ့ တစ်ချို့ Software တွေ တင်တဲ့အခါ Error များ ရှိလာပါတယ်။
Windows 7 မှာတော့ Vista လို Graphic
တွေက ကောင်းလာတဲ့အပြင် Software တင်တဲ့အခါမှာလည်း တင်လို့ လွယ်ကူတာကို တွေ့ရမှာပါ။
ဒီနေ့တော့ မိမိရဲ့ ကွန်ပြူတာမှာ File
တွေကို ဘယ်လိုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်ပါတယ်။
လွမ်းရဲ့ Laptop မှာလည်း Windows 7
တင်ထားတာမို့ Windows 7 ကို အခြေခံပြီး ရေးသွားပါမယ်။
Display ပေါ်မှာ မိမိသုံးနေသော Software မှလွဲပြီး
မည်သည့် File မျှ တင်မထားလျှင် ပိုကောင်းပါတယ်။