အွန်လိုင်းမှ သိသောသူကို အပြင်တွင် တွေ့ ဆုံခြင်း
အပိုင်း(၁) တွေ့ ဆုံရန် ဖန်တီးလာသည့် နိဒါန်း
ကျနော်က ချော့ကလက်မြို့ တော်က မြို့ သူတစ်ယောက်ပါ…
ကျနော်က မန္တလေးသူဆိုတော့ ကျနော်နဲ့ ခင်ဗျားနဲ့ ပဲ ပြောတတ်တယ်…
ရင်းနှီးသွားမှ နင်နဲ့ ငါနဲ့ ပြောတတ်တယ်…
ချော့ကလက်မြို့ တော်မှာ ကျနော်က ခံစားချက်လေးတွေကို စာနဲ့ ချရေးတတ်တယ်…
တစ်ခါတစ်ရံ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာလေးတွေကို ရေးတတ်တယ်…
ကျနော်ကတော့ မြို့ သူ၊ မြို့ သားတွေကို Information Technology ခေတ်မှာ Computer ကို ကျွမ်းကျင်အောင် အသုံးပြုတတ်စေချင်တယ်…
Internet ကိုလဲ ပညာရပ်တစ်ခုအနေနဲ့  အသုံးချတတ်စေချင်ပါတယ်…
ကိုယ်ဝင်ထားတဲ့ Ning Network ကို ကျွမ်းကျင်အောင် အသုံးပြုတတ်စေချင်ပါတယ်…
ဒီတော့ ကျနော်က Comment မှာပှုံလေးတွေ ထည့်ပို့ ရအောင်၊ Home Page လှလှပြင်ကြရအောင်၊ Blog Post မှာ အရောင်လေးတွေနဲ့ရေးတင်ကြမယ် နဲ့ Cbox မှာ စာတွေရေးကြမယ် ဆိုပြီး ရေးတင်တယ်ဗျာ…
အဲဒီတော့ ကျနော် ချော့ကလက်မြို့ တော်ကို ၀င်တာနဲ့  ကျနော်လုပ်တဲ့အလုပ်က-
၁။ ကျနော်ရေးထားတဲ့စာ နဲ့ ပတ်သက်ပြီး မေးထားတဲ့သူတွေကို ပြန်ဖြေရတယ်…
၂။ ကျနော်ရေးတဲ့စာကို လာဖတ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြန်ပို့ တယ်…
၃။ ကျနော့်စာမျက်နှာမှာ Comment လာပို့ ထားတဲ့သူတွေဆီ ပြန်ပို့ ဖို့  ပုံလေးတွေရှာပြီး ပြန်ပို့ တယ်ဗျာ…