ခံစားချက်လေးများ
အချစ်ကို
အဓိပ္ပါယ်အမျိုးမျိုးဖွင့်နေကြပေမဲ့ ကျနော်ကတော့ သူနဲ့ပြောလို့
စိတ်ခံစားမှုပေးနိုင်ရင် သူ့ကိုချစ်နေမိတာပဲလို့ ယူဆတယ်…
ကျနော်က အချစ်နဲ့ ပတ်သက်ရင် အတ္တကြီးတယ်…
ကျနော်ကလွဲပြီး ဘယ်သူ့ကိုမှ
ချစ်တယ်ဆိုတာကို မပြောစေချင်ဘူး…
ကျောင်းနေတုန်းက အတန်းထဲမှာ ပထမရအောင်
အမြဲကြိုးစားတယ်…
ပြိုင်ရင် အနိုင်ရအောင် ကြိုးစားတယ်…
အချစ်ကို ရခဲ့တုန်းကလည်း
မပြိုင်သင့်တဲ့ ပြိုင်ပွဲလေး လုပ်ခဲ့ဖူးတယ်…
၅၂၈-မေတ္တာနဲ့ ၁၅၀၀-မေတ္တာ
ပြိုင်တာမှာ ကျနော် အနိုင်ရခဲ့ဖူးတယ်…
ပြန်စဉ်းစားကြည့်တော့ ကျနော် မလုပ်သင့်ဘူး…
ကျနော့်ချစ်သူအတွက်
ကျနော်ထည့်မစဉ်းစားခဲ့တာ…
သူအခက်အခဲတွေကြားက ကျနော့်ကို
ကျေနပ်အောင် လုပ်ပေးသွားတာ…
ဒါတွေက ဟိုးလွန်ခဲ့တဲ့ ကာလလေးတုန်းကပါ…
လွမ်း