Sunday, September 30, 2012

ကလုန်းရဲ့ သက်ရောက်မှု Promotion ပွဲ

ကလုန်းရဲ့ သက်ရောက်မှု Promotion ပွဲ

လွမ်း…သောကြာနေ့က ရန်ကုန်ပြန်ရောက်တော့ ကလုန်းဆီကို ဖုန်းဆက်လိုက်ပါတယ်…

ကလုန်းက ပုဇွန်တောင် Ocean SuperCenter မှာ Promotion ပွဲလေးလုပ်မယ်လို့ ပြောတာနဲ့ လွမ်းလည်း မအားတဲ့ကြားက ပွဲလုပ်မဲ့နေရာကို အချိန်မှီအောင် သွားဖြစ်ခဲ့ပါတယ်…

ကားရပ်လိုက်တာနဲ့ လှမ်းမြင်ရတဲ့ ကလုန်းရဲ့ ကြော်ငြာကို လှမ်းရိုက်ဖြစ်ပါတယ်…





ဒါကတော့ Ocean SuperCenter အဝင်က ဆိုင်းဘုတ်ပါ…





Sunday, September 23, 2012

နေပြည်တော် ရေပန်းဥယျာဉ်

နေပြည်တော် ရေပန်းဥယျာဉ်



လွမ်း…ဒီတစ်ခေါက် နေပြည်တော်ကို အလုပ်ကိစ္စနဲ့  ရောက်နေတာ ရက်တော်တော်ကြာသွားတယ်…

အလုပ်ကိစ္စအတွက် သွားဖို့  လွမ်းကို ကားတစ်စီးစီစဉ်ပေးထားတော့ အတော်လေး အဆင်ပြေပါတယ်…

ကားမောင်းသူကို လမ်းပြပေးဖို့  အဖော်ခေါ်ပြီး ကိုယ်တိုင်ကားမောင်းရတာလည်း အရသာတစ်ခုပါ…

ရန်ကုန်မှာ ကုမ္ပဏီရောက်ဖို့  မီးပွိုင့်မှာ နှစ်ခါ၊ သုံးခါမိပြီး မီးပွိုင့်များစွာကို ကျော်ဖြတ်သွားနေရတဲ့ဒုက္ခက နေပြည်တော်မှာ လုံးဝမရှိခြင်းကလည်း မိမိသွားလိုတဲ့နေရာကို ရောက်မဲ့အချိန် တွက်ဆလို့ ရပါတယ်…

မနေ့ က စနေနေ့ ဆိုတော့ ဆံပင်သွားကောက်ပြီး အပြန်မှာ နေပြည်တော် ရေပန်းဥယျာဉ်ကို ၀င်ရောက် လည်ပတ်ခဲ့ပါတယ်…

Wednesday, September 19, 2012

အချစ်ကြီးသူရဲ့ အရှုံး

အချစ်ကြီးသူရဲ့ အရှုံး


အချစ်ဆိုတာကို စသိသိခြင်းမှာ အချစ်ကြီးချစ်ခဲ့ရသူ ကျွန်မနဲ့ အချစ်တွေ ပေါများလွန်းလှသူ ကိုနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။


ကျွန်မရဲ့အချစ်တွေက ကို တစ်ယောက်တည်းအတွက်သာ ဖြစ်ပေမယ့် “ကို” ရဲ့ အချစ်တွေကတော့ ကျွန်မတစ်ယောက်အတွက် မဟုတ်ခဲ့ရပါဘူး။


 ကို့”ရဲ့ အချစ်တွေက ကျွန်မဆီမှာပဲ အဆုံးသတ်ပါစေလို့ ဆုတောင်းရင်း မရေရာတဲ့ အနာဂတ်ကို မျှော်တွေးလို့ ကြည်နူးတစ်ခါ၊ စိတ်မောတစ်လှည့်နဲ့ ဖြစ်ခဲ့ရတာလည်း အခါခါပါ ကိုရယ်။


သူငယ်ချင်းတွေက ပြောကြတယ်။ “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်တဲ့။ ကျွန်မ မယုံချင်ယောင်ဆောင်ပြီး မဖြစ်နိုင်ဘူးလို့ အတင်းငြင်းလိုက်တယ် ကို


ကျွန်မရင်တွေ လှိုင်းထန်စပြုလာပြီ ကိုရယ်။



ရုံးသွား၊ ရုံးပြန်ကြိုတတ်တဲ့ ကို၊ ညအိပ်ရာဝင်ချိန်တိုင်း ဖုန်းနဲ့ နှုတ်ဆက်တတ်တဲ့ ကို့ရဲ့ အကျင့်လေး တွေလည်း တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့ရပြီ။


အဲဒီနေ့က “ကို့”ကို ကောင်မလေးတစ်ယောက်နဲ့ ပုခုံးကို ဖက်လို့ ပျော်ရွှင်နေတဲ့ “ကို့”ကို ကျွန်မတွေ့လိုက်ရတယ် ကို


ကို ကျွန်မကို မြင်မှာစိုးလို့ နေရာကနေ အမြန်ရှောင်ပေးလိုက်မိတယ် ကို


သစ်စိမ်းချိုး မချိုးသေးဘဲနဲ့ ကျွန်မအတွက် “ကို” အဖြစ်ရပ်တည်နေပေးသေးတဲ့ ကို့ကို ချစ်လွန်းစွာနဲ့ အလိုက်တသိ ရှောင်ပေးခဲ့မိတာပါ ကို


ကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် “ကို့” ဘေးမှာ ကျွန်မတစ်ယောက်လုံး ရှိနေသေးတယ်ဆိုတဲ့ စိတ်မျိုးလေးနဲ့ ကျွန်မဆီကို မမေ့သေးဘဲ ပြန်လှည့်လာနိုင်အောင်လို့ ကို့ကို ကျွန်မ ဘယ်တော့မှ မမေးမယ့် စကားတစ်ခွန်းတော့ ရှိတယ် ကို 
 

အဲဒါကတော့ ကို ကျွန်မကို တကယ်လမ်းခွဲသွားပြီလားဆိုတာကိုပါ။

 ဒါပေမယ့် ကိုရယ် အချစ်ကြီးချစ်ခဲ့မရသူ ကျွန်မအတွက် အချစ်ကြောင့်ပဲ နာကျင်စွာနဲ့ ငိုရတဲ့ မျက်ရည်တွေက များရတယ် ကိုရယ်။
 
ကို့ကြောင့် ကဗျာတွေ ရေးတတ်လာတယ်။


ကို့ကြောင့် အလွမ်းသီချင်းတွေကို ခုံခုံမင်မင် နှစ်သက်လာတယ် ကို။ ကျွန်မရဲ့ အချစ်တွေကို ယုံကြည်စွာနဲ့ ပြန်လာမယ့် “ကို့”ကို ဒီသီချင်းလေးနဲ့အတူ ထာဝရစောင့်ကြိုလျက်ပါ ကိုရယ်…


မြတ်သူ


Sunday, September 9, 2012

ဆုံမှတ်ဟာ အနန္တမှာ

ဆုံမှတ်ဟာ အနန္တမှာ


လွမ်းနဲ့ ကိုဟာ ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ကြပါတယ်…

လွမ်းနဲ့ ကိုတို့ရဲ့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါ…

ကိုက ကို့သူငယ်ချင်းအဆိုတော်တစ်ယောက်ရဲ့ သီချင်းကို Flash Song လုပ်ပေးဖို့ လွမ်းကို အကူအညီတောင်းရာကနေ လွမ်းနဲ့ကို တစ်ယောက်နဲ့တစ်ယောက် စာအပြန်အလှန် အဆက်အသွယ် ဖြစ်ခဲ့ကြပါတယ်…

လွမ်းက လွမ်းနေတတ်သူမို့ လွမ်းကို ပျော်အောင်ဆိုပြီး ကိုက ဇာတ်လမ်းလေးတွေ ရေးပို့တယ်…

လွမ်းက 3D ကာတွန်းကားလေးတွေ ကြိုက်လို့ လွမ်းကြည့်ရအောင် 3D ကာတွန်းကားလေးတွေ ပို့ပေးတယ်…

ကိုပို့တဲ့ ဇာတ်လမ်းတွေ၊ ကာတွန်းကားတွေ ကြည့်ပြီးရင် လွမ်းရဲ့အတွေးတွေကို ကို့ကို ပြန်ပြောပြရတယ်…

လွမ်းကလည်း လွမ်းနှစ်သက်တဲ့ သီချင်းတွေကို ကို့ကို နားထောင်ခိုင်းပြီး ကို့ရဲ့အတွေးတွေကို ပြန်မေးတယ်…

ဒီလိုနဲ့ လွမ်းနဲ့ကို သံယောဇဉ် ဖြစ်ခဲ့ပါတယ်…