Monday, May 21, 2012

ပြည်ပခရီးသွားမှတ်တမ်း(၄)

ပြည်ပခရီးသွားမှတ်တမ်း(၄)


လွမ်းတို့ တွေ Ayutthaya City အယုဒ္ဒယမြို့ မှာ ထင်ရှားတဲ့ ဘုရားများဖူးခဲ့တာကို သူငယ်ချင်းများ ဖူးတွေ့ နိုင်ရန် ဆက်လက်တင်ပြပါတယ်...

အယုဒ္ဒယမြို့ ရဲ့ ဘုရားကို ဖူးရတဲ့အခါ ပုဂံက ဘုရားများဖူးတွေ့ ရသလို ခံစားရခဲ့ပါတယ်...

အယုဒ္ဒယမြို့ ဆိုတာ မြန်မာ့သမိုင်းမှာလည်း တပင်ရွှေထီးမင်းလက်ထက်က တိုက်ခိုက်ဝန်းရံခဲ့သောမြို့ ဖြစ်တဲ့အတွက် သမိုင်းဝင်မြို့ ကို ရောက်ခဲ့ရတာပါ...

ထိုင်းနိုင်ငံ ရေကြီးစဉ်က အယုဒ္ဒယမြို့ ဟာ တစ်မြို့ လုံး ရေလွှမ်းမိုးခံရသောမြို့ လို့  သိခဲ့ရပါတယ်...

လွမ်းတို့ ဖူးခဲ့တဲ့ဘုရားနာမည်က WAT YAI CHAIMONGKHON လို့  ခေါ်ပါတယ်...


Sunday, May 13, 2012

အဝေးရောက်ချစ်သူသို့ 

အဝေးရောက်ချစ်သူသို့


နင်ဖတ်မိပါစေဆိုတဲ့ ဆန္ဒနဲ့ ဒီစာကို ငါရေးလိုက်ပါတယ်…

MM Flash Songs Ning Site လေးဟာ နင်နဲ့ ငါ့ကို တွေ့ဆုံပေးလိုက်တဲ့ Site လေးအဖြစ် ငါ့ဘဝမှာ အမြဲအမှတ်တရရှိနေမယ်ဆိုတာ ယုံထားပါဟာ…

MM Flash Songs ကို ဝင်လာသမျှ Member တွေကို နင်ကြိုပေးတတ်တာလေ…

ငါဝင်လာတာကို နင်လာကြိုတော့ ငါက နင့်ဆီ ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ နင်နဲ့ ငါဟာ သူငယ်ချင်းတွေအဖြစ် စခင်ခဲ့ကြတယ်…

နင်က လူတိုင်းအပေါ် ကူညီတတ်တယ်…နင့်စိတ်ဓာတ်ကို ငါ လေးစားခဲ့တယ်…

ငါက အကူအညီတောင်းတိုင်းလည်း မဆိုင်းမတွ နင် ချက်ခြင်း လုပ်ပေးတတ်တယ်…

နောက်တော့ နင်နဲ့ ငါ အပြန်အလှန် စကားတွေ ပြောဖြစ်ကြတယ်…

စရင်း နောက်ပြောင်ရင်းနဲ့ ရင်းနှီးမှုတွေ ရလာခဲ့ကြတယ်…

Friday, May 11, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၃)

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၃)
 

ဧပြီလ (၁၉) ရက်နေ့ မှာတော့ လွမ်းတို့ တွေ Ayutthaya City ကို အလည်အပတ်သွားရောက်ခဲ့ပါတယ်...
 
ပထမဆုံး Floating Market ကို လိုက်ပို့ ပေးပါတယ်...
 
Floating Market ဆိုတာ ရေပေါ်မှာ ဆိုင်တွေဆောက်ပြီး ထိုင်းနိုင်ငံရဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချတာကို တွေ့ ရပါတယ်... 

 
Floating Market ပတ်လည်ကို မော်တော်ဖြင့် လှည့်လည်ကြည့်ရှုနိုင်စေရန် စီစဉ်ထားရှိတာကိုလည်း တွေ့ ရပါတယ်...

  

Monday, May 7, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း(၂)

အပိုင်း(၂)



လွမ်းတို့ တွေ ဧပြီလ(၁၈)ရက်နေ့ မှာ ထိုင်းနိုင်ငံရဲ့ မြို့ တစ်မြို့ ဖြစ်တဲ့ Pattaya (ပတ္တရား) ကို သွားခဲ့ပါတယ်...

ဘန်ကောက်မြို့ ကအထွက်မှာ Toll Gate တစ်ခုကို ဖြတ်ရပါတယ်... 45 Baht ပေးရပါတယ်...

အဝေးပြေးလမ်းမပေါ်အတက်မှာ Toll Gate တစ်ခုကို ထပ်ဖြတ်ရပြန်ပါတယ်... 35 Baht ပေးရပါတယ်...

ဘန်ကောက်မြို့ ကအထွက်မှာ ကားများကြပ်ပြီး မီးပွိုင့်စောင့်ရတာ ကြာပေမဲ့ အဝေးပြေးလမ်းမပေါ်အရောက်မှာတော့ အသွား ၄-လမ်း၊ အပြန် ၄-လမ်း၊ ၈-လမ်းသွား လမ်းမကြီးဖြစ်လို့  ကားများဟာ လျင်မြန်စွာ မောင်းနှင်နိုင်ပါတယ်...

လမ်းများဟာ ချောမွေ့ နေပြီး တစ်မြို့ နဲ့  တစ်မြို့ ၃-နာရီလောက်ကြာ စီးရပေမဲ့ သွားရတာ သက်တောင့်သက်သာရှိပါတယ်...

လမ်းမှာလည်း မိုးပျံတံတားလို့ ခေါ်တဲ့ လမ်းတံတား ၄-ထပ်လောက်လုပ်ထားတာ တွေ့ ရပါတယ်...

Saturday, May 5, 2012

ပြည်ပခရီးသွားမှတ်တမ်း အပိုင်း (၁)

ပြည်ပခရီးသွားမှတ်တမ်း
အပိုင်း (၁)

နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇-ရက်နေ့က MAI နဲ့ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ပါတယ်…
လွမ်းတို့စီးမဲ့ MAI ကို ဓာတ်ပုံ လှမ်းရိုက်ထားတာပါ…
 
မြန်မာနိုင်ငံနဲ့  ထိုင်းနိုင်ငံက လေယာဉ်စီးချိန် တစ်နာရီခန့် သာ ကြာမြင့်ပါတယ်...

အချိန်ကွာခြားချက်က နာရီဝက်ဖြစ်ပါတယ်... လွမ်းတို့  လေယာဉ် နံနက် ၉-နာရီက ထွက်ခဲ့တာ မြန်မာစံတော်ချိန် ၁၀-နာရီမှာ ရောက်ပေမဲ့ ထိုင်းနိုင်ငံအချိန်က ၁၀-နာရီခွဲပါ...

Thursday, May 3, 2012

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၄)


လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၄)


လွမ်းတို့အိမ်မှာ ဧပြီလ (၂၆) ရက်နေ့ ညနေမှ စ၍ Internet Connection မရဖြစ်သွားတာ ဧပြီလ (၃၀) ရက်နေ့ ညနေမှ Internet Connection ပြန်ရခဲ့ပါတယ်…

လွမ်းလည်း Internet မသုံးရတဲ့ရက်တွေမှာ လွမ်းနှစ်သက်တဲ့ သီချင်းလေးတွေ ရွေးချယ်ပြီး Flash Songs များကို ပြုလုပ်နေခဲ့ပါတယ်…

Flash Song လေးတွေ ပြုလုပ်နေတဲ့အချိန်မှာ အချိန်က ကုန်မှန်းမသိ ကုန်သွားခဲ့ပါတယ်…

လွမ်းရဲ့စိတ်ကိုလည်း သီချင်းလေးတွေထဲမှာပဲ နှစ်မြှုပ်ထားနေမိပါတယ်…

လွမ်းသီချင်းလေးတွေက လွမ်း စိတ်ခံစားချက်များနဲ့ တိုက်ဆိုင်တာလေးတွေကို ပြုလုပ်ထားတာပါ…

လွမ်းပြုလုပ်ထားတဲ့ Flash Song များကို သူငယ်ချင်းများ နားဆင်ခံစားနိုင်စေရန် တင်ပေးခြင်း ဖြစ်ပါတယ်…

မျှော်လင့်နေမယ်

မျှော်လင့်နေမယ်


ချစ်သူ…အဝေးကချစ်သူကို ချစ်သူအဖြစ် လက်ခံလိုက်ကတည်းက လွမ်းနေရမယ်ဆိုတာ သိနေပါတယ်…

ချစ်သူ… ဘဝမှာ အတူလက်တွဲနေနိုင်ဘို့ နှစ်ယောက်လုံး ကြိုးစားကြမယ်နော်…

ချစ်သူ… အဝေးက ကောင်းကင်ကြီးမှာကြည့်ရင် အလွမ်းတွေ ပြည့်နေတာကို တွေ့ရမှာပါ…ဒါပေမဲ့ နီးဘို့ ခွဲနေရတာမို့ ဖြေသိမ့်နေပါ့မယ်…

ချစ်သူ… ရင်ထဲမှာ အလွမ်းတွေနဲ့ ငိုခဲ့ရရင်တောင် ခဏတာလေးပဲ ဖြစ်ချင်ပါတယ်…

ချစ်သူ… ချစ်သူ့စကားတွေနဲ့ ရင်ထဲ သာယာချမ်းမြေ့ရတယ်ဆိုတာ သိစေချင်ပါတယ်…

ချစ်သူ… အချစ်ရေးမှာ ဘယ်သူတွေဖျက်ဖျက် မပျက်ကြေးကတိကို ခိုင်မြဲစွာ တည်နေပါ့မယ်…

ချစ်သူ… ချစ်သူကို ယုံကြည်မှုအပြည့်နဲ့ သစ္စာရှိစွာ စောင့်နေပါ့မယ်…

ချစ်သူ… အချိန်တန် အိမ်ပြန်လာရင် ရင်ခွင်တံခါးဖွင့်လို့ စောင့်ကြိုနေပါ့မယ်…

ချစ်သူ… လူ့ဘဝက မျှော်လင့်ချက်ရှိမှ အဓိပ္ပါယ်ရှိတာဆိုတော့ ချစ်သူပြန်လာမဲ့နေ့ကို မျှော်လင့်ရင်း ဘဝမှာ ရှင်သန်နေအောင် ကြိုးစားနေပါ့မယ်…

ကောင်မလေး မင်းကို ငါသနားတယ်…


ကောင်မလေး မင်းကို ငါသနားတယ်…


ကောင်မလေး မင်းကို ငါသနားတယ်…

ကောင်မလေး မင်းက ငါ့ကို Gmail တောင်းပြီး လာ Add တယ်…

ကောင်မလေး မင်းက ငါတတ်ထားတဲ့ ပညာတွေကို လာမေးတယ်…

ကောင်မလေး…မင်းသိချင်တာ မှန်သမျှကို ငါ ရှင်းပြခဲ့ပါတယ်…

ကောင်မလေးက တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာတွေ လာမေးတယ်…

ကောင်မလေးကို ငါဖြေနိုင်တာပဲ ဖြေခဲ့ပါတယ်…

ကောင်မလေးက ငါ Online ရောက်တတ်တဲ့အချိန်ဆို ဝင်လာပြီး ငါ့ကို စကားလာပြောတယ်…

ကောင်မလေးပြောသမျှ ငါ နားထောင်ပေးခဲ့ပါတယ်…

ကောင်မလေးက တစ်ဆင့်တက်ပြီး ငါ့ကို ဘယ်လောက်တန်ဖိုးထားကြောင်း ငါ့ကို ဘယ်လောက် သံယောဇဉ်ရှိကြောင်း လာပြောတယ်…

ကောင်မလေးကို ငါ ခင်တယ်ဆိုတာကလွဲလို့ အပိုမပြောခဲ့ပါဘူး…

ကောင်မလေးက ငါ့နဲ့ အထင်လွဲအောင် လူတကာကို လိုက်ပြောနေမှန်း ငါ ပြန်ကြားခဲ့ပါတယ်…

ကောင်မလေး ငါနဲ့ ချစ်နေသယောင်ယောင်၊ လူတကာ အထင်မှားအောင် နေနေမှန်း ငါ သိခဲ့ပါတယ်…

ကောင်မလေး မင်း မသိသေးတဲ့အကြောင်းက ငါ့မှာ ငါ့အသက်ထက် တန်ဖိုးထားတဲ့ ချစ်သူ ရှိနေတယ်ဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက ငါဟာ ငါ့ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက ငါဟာ မင်းထက် ဉာဏ်ပညာရှိတယ်… အသိဉာဏ်ရှိတယ် ဆိုတာပဲ…

ကောင်မလေး မင်း မသိသေးတာက မင်းရေးသမျှ ငါ့ချစ်သူကို ပေးဖတ်တယ် ဆိုတာပဲ…

ဒါကြောင့် ကောင်မလေး မင်းကို ငါသနားတယ်…



မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုလေးရှိတတ်ပါလားလို့ မိန်းခလေးတွေ သိထားအောင်လို့ပါ။




လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
ညနေ ၅:၂၀ နာရီ

မောင့်ကို ကျမ သနားတယ်


မောင့်ကို ကျမ သနားတယ်


မောင့်ကို ကျမ သနားတယ်…

မောင်နဲ့ ကျမ Internet Connection ရှိမှ ဝင်လို့ရတဲ့ Online မှာ စတင်တွေ့ဆုံခဲ့ပါတယ်…

မောင်နဲ့ ကျမ Ning Site အတူတူ ဝင်ထားရာကနေ Mail Address အပြန်အလှန် ပေးခဲ့ကြတယ်…

မောင်နဲ့ ကျမ Site အကြောင်းတွေပဲ ပြောရင်း ခင်မင်လာကြတယ်…

မောင်က ကျမ နားမလည်တဲ့ Website အကြောင်းတွေ ရှင်းပြတယ်…

မောင်က ကျမ မေးတဲ့မေးခွန်း မှန်သမျှ စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တယ်…

မောင်က ကျမလိုချင်တဲ့ သီချင်းတွေကို မငြီးမငြူ ပို့ပေးတတ်တယ်…

မောင်က ကျမ အသံကြားချင်တယ်ဆိုလို့ မောင်နဲ့ စကားပြောပေးပါတယ်…

မောင့်ရဲ့ အားနည်းချက်တွေကို မောင်နဲ့ စကားပြောရင်း ကျမ သိလာရပါတယ်…

မောင်က Internet ကို ဆိုင်မှာ သုံးနေတဲ့သူဆိုတာ သိလာရပါတယ်…

မောင် ရှင်းပြတဲ့ Website တွေအကြောင်း ဖတ်ရတဲ့အခါ မောင်က ပညာတတ်တစ်ယောက် မဟုတ်မှန်း သိလာရပါတယ်…

မောင်က ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေသူတစ်ယောက်မှန်း သိလာရပါတယ်…

မောင့်ကို ကျမရဲ့ အပျင်းပြေ စကားပြောဖော်တစ်ယောက်အနေနဲ့ ပြောနေမှန်း မောင် မသိပါ…

မောင့်ကို သဝန်တိုချစ်ပြပေမဲ့ တကယ်ချစ်တာ မဟုတ်မှန်း မောင် မသိပါ…

မောင့်ကို ချစ်တယ်လို့ ပြောတဲ့ကျမမှာ ခံစားချက် လုံးဝမရှိမှန်း မောင် မသိပါ…

မောင့်ကို လွမ်းလိုက်တာ လို့ ကျမပြောရင် မောင်ကလည်း မောင်လည်း လွမ်းတာပေါ့ လို့ ပြန်ဖြေတတ်ပါတယ်…

မောင့်ကို လွမ်းလိုက်တာ လို့ ပြောနေတဲ့ ကျမမျက်နှာမှာ ပြုံးနေမှန်း မောင် မသိပါ…

မောင့်ကို ကျမဘဝလက်တွဲဖော်အဖြစ် မစဉ်းစားမှန်း မောင် မသိပါ…

ဒါကြောင့် မောင့်ကို ကျမ သနားတယ်…



မှတ်ချက်။ ။ Online အချစ်ဆိုတာ ဒီလိုမျိုးလေးတွေလည်း ရှိတတ်ပါလားလို့ ယောင်္ကျားလေးတွေ သတိထားနိုင်အောင်လို့ပါ… :P
ကျမ = ကျွန်မ (အသံထွက်အတိုင်း ရေးသားထားခြင်း ဖြစ်ပါတယ်။)




လွမ်းဧကရီ
၁၀-၀၄-၂၀၁၂
နံနက် ၇:၀၀ နာရီ

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၃)


လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၃)



လွမ်းလည်း ခုတလော Flash Song လေးတွေ လုပ်ဖြစ်နေပါတယ်…

လွမ်း…ခုလို Flash Song လုပ်တတ်သွားတာ Double Tun ရဲ့ ကျေးဇူးကြောင့်ပါ…

ဒါကြောင့် Double Tun သင်ကြားပေးထားသော Flash Song နည်းပညာများကို အချိန်ရရင် ရသလို တင်ပြပေးသွားပါမယ်…

လွမ်းက Flash Song လုပ်ရာမှာ လွမ်းနှစ်သက်တဲ့ သီချင်းလေးတွေ၊ လွမ်း အမြဲနားထောင်နေကျ သီချင်းလေးတွေကို လုပ်ထားတဲ့အတွက် သီချင်းများနားထောင်ရင်း လွမ်းခံစားချက်များကို သိနိုင်ပါတယ်…

Flash Song တွင် Image များ အ၀င်အထွက်ပြုလုပ်ခြင်း

Flash Song တွင် Image များ အ၀င်အထွက်ပြုလုပ်ခြင်း



ဒီတစ်ခါတော့ Flash Song နည်းပညာလေးတစ်ခုကို ရေးပါမယ်...

Flash Song လုပ်တတ်သူတိုင်း သိပြီးသားနည်းပညာဖြစ်မှာပါ...

မသိသေးသောသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်...

သီချင်းစာသားများ ထည့်သွင်းရာမှာ သီချင်းအ၀င်အထွက်ကို Timeline မှာ Effect များကို Appear into position နဲ့  Disappear from position အသုံးပြုပြီး ထည့်သွင်းရတာကို အားလုံးသိပြီး ဖြစ်ပါတယ်...

Insert >>> Import Image ထည့်ရမှာလည်း ထည့်တဲ့ပုံတွေကို Effect များသုံးပြီး ထည့်လို့ ရပါတယ်...

လွမ်းရဲ့ လက်ရာ အဝေးရောက်ချစ်သူ Flash Song မှာ စုံတွဲ Image ပုံနဲ့  Animation ပုံတို့ ကို သီချင်းပေါ်မူတည်ပြီး အ၀င်အထွက် ပြုလုပ်ထားတာကို တွေ့ မြင်ရမှာပါ...

PhotoShop Software ဖြင့် အရောင်ပြောင်း Animation ပြုလုပ်ခြင်း

PhotoShop Software ဖြင့် အရောင်ပြောင်း Animation ပြုလုပ်ခြင်း




လွမ်းရဲ့လက်ရာ သူငယ်ချင်းဆိုတဲ့ Flash Song ရဲ့ နောက်ခံအဖြစ် ထည့်ထားတဲ့ မိန်းခလေးရဲ့အကျီင်္ဟာ အရောင်တွေပြောင်းနေတာကို သူငယ်ချင်းတို့  သတိထားမိကြမှာပါ…



အရောင်ပြောင်းတာကို PhotoShop Software ဖြင့် ပြုလုပ်ပုံကို တင်ပြပါမယ်…

နည်းပညာလေးများ

နည်းပညာလေးများ



လွမ်းကို လာမေးတာကို မသိသေးတဲ့ သူငယ်ချင်းများအားလုံးအတွက် ဖြေပေးလိုက်ပါတယ်...


မေးခွန်း(၁) မိမိအိမ်ကို ၀င်လိုက်တာနဲ့  သီချင်းသံပေါ်ချင်ပါတယ်...

မိမိတင်တဲ့ Flash Song မှာ Play Button ဖြုတ်ထားရပါမယ်...

Play Button မပါတဲ့ Flash Song Code ကို မိမိစာမျက်နှာရဲ့ Text Box ထဲမှာ ထည့်ပေးရပါမယ်...

Flash Song ထည့်ရန် Code



<center><object width="500" height="370" classid="clsid:d27cdb6e-ae6d-11cf-96b8-444553540000" codebase="http://download.macromedia.com/pub/shockwave/cabs/flash/swflash.cab#version=6,0,40,0"><param name="src" value="သီချင်းလင့်ထည့်ရန်" /><param name="wmode" value="opaque" /><param name="quality" value="high" /><embed width="500" height="370" type="application/x-shockwave-flash" src="သီချင်းလင့်ထည့်ရန်" wmode="opaque" quality="high" /></object></center>
 


သီချင်းလင့်ကိုတော့ ယူတတ်မယ်ထင်ပါတယ်...

Flash Song ကို ဖွင့်ထားရင် Address Bar ပေါ်မှာရှိတဲ့ Link ကို ကူးထည့်ပေးရမှာပါ...


ဒီလောက်ဆိုရင် မိမိစာမျက်နှာမှာ မိမိနှစ်သက်ရာ Flash Song တွေ တင်တတ်သွားမယ်ထင်ပါတယ်...

................................................................................................................................

ရေခဲကမ္ဘာ ( Ice Wonder Land ) သို့ အလည်တစ်ခေါက်

ရေခဲကမ္ဘာ ( Ice Wonder Land ) သို့ အလည်တစ်ခေါက်


ရန်ကုန်မြို့ မှာ ရေခဲကမ္ဘာ ဖွင့်တယ်လို့  ကြော်ငြာတာနဲ့  တူမလေးက လိုက်ပို့ ဖို့  ပူဆာပါတယ်...
မသွားခင် ရုံးမှာ ရေခဲကမ္ဘာရောက်ဖူးတဲ့သူကို စုံစမ်းမေးမြန်းရပါတယ်...

အထဲမှာ အရမ်းအေးကြောင်း၊ လက်၊ ခြေထောက်များ အေးလာကြောင်း၊ အထဲမှာ ဓါတ်ပုံရိုက်ရင်း ခလုတ်နှိပ်မရတော့ကြောင်း စတဲ့အချက်တွေ သိရပါတယ်...

ဒါကြောင့် နှစ်ထပ်အကျီင်္ဝတ်သွားပါတယ်... လက်အိတ်နဲ့ Magic Scarf ကို ဆောင်သွားပါတယ်...

လွမ်းသွားတာ ၀၆-၀၃-၂၀၁၂ နေ့  ရွှေတိဂုံဘုရားက အပြန်ဝင်တာမို့  ကြားရက်ဖြစ်တော့ တစ်ယောက် ၄၀၀၀-ကျပ်ပဲ ပေးရပါတယ်...

ရုံးပိတ်ရက်ဆိုရင် ၀င်ကြေးက လူကြီး - ၅၀၀၀-ကျပ်၊ ကလေး - ၃၀၀၀ ကျပ်ပါ...

အထဲဝင်တော့ ကုတ်အကျီင်္ ပေးပါတယ်... ဖွင့်တာမကြာသေးတော့ အကျီင်္တွေက သစ်ပါတယ်...
လွမ်းသွားတာ လွမ်းမမကြီးနဲ့  တူမလေးနဲ့ ဆိုတော့ (၃)ယောက်ပါ... ကင်မရာ တစ်ယောက်တစ်လုံးယူလာပါတယ်...

အထဲရောက်တော့ ရေခဲနဲ့  လုပ်ထားတဲ့ အရုပ်တွေကို အခန်းလေးတွေ ခြားပြီး လုပ်ထားပါတယ်...
သူငယ်ချင်းတွေအတွက်ပါ စိတ်ကူးပြီး ဓါတ်ပုံရိုက်ရင်း လွမ်း ကင်မရာ Error ဖြစ်သွားပါတယ်... Lens ပွင့်ရက်နဲ့  ပြန်ပိတ်လို့ လည်း မရတော့ပါဘူး... တော်ပါသေးရဲ့ ကင်မရာ နှစ်လုံးကျန်သေးလို့ ...

အထဲက ရေခဲရုပ်တွေ အရည်မပျော်ဖို့  အထဲမှာ အအေးလွှတ်ထားတာ ဘယ်လောက်အေးမလဲဆိုတာ ခန့် မှန်းကြည့်လို့ ရပါတယ်...

လွမ်းက အထဲရောက်တော့ လက်အိတ်ဝတ်တယ်... Magic Scarf ကို လည်ပင်းပတ်ထားလိုက်တယ်...
နောက်ဆုံးအခန်းမှာ ရေခဲလျှောစီးဖို့  နှစ်ဖက်လုပ်ထားပါတယ်... လက်မှတ်တစ်စောင်ကို တစ်ကြိမ်စီးခွင့်ပေးတာမို့  လွမ်းလည်း လျှောစီးခဲ့ပါသေးတယ်...

ရေခဲလျှောက အရမ်းမြန်တယ်လေ... အောက်မှာ လူတွေကာထားလို့ ပဲ... ၀င်တိုက်ပြီး ရပ်သွားတာ
အထဲမှာ ကြိုက်သလောက်နေခွင့်ပေးထားပါတယ်... လွမ်းတို့ က အထဲမှာ ၂-ပတ်လောက်ပတ်ပြီး ဓါတ်ပုံရိုက်နေတာ...

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် တပေါင်းပွဲတော်

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် တပေါင်းပွဲတော်



ဒီနေ့ က တပေါင်းလပြည့်နေ့ ပါ...

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို ၂၂-၀၂-၂၀၁၂ နေ့ ကနေ ၀၇-၀၃-၂၀၁၂ နေ့ အထိ ၁၅-ရက်တိုင်တိုင် ကျင်းပပြုလုပ်နေပါတယ်...

၀၆-၀၃-၂၀၁၂ နေ့ က ရုံးကနေ ခွင့်ယူပြီး ရွှေတိဂုံဘုရားကို လွမ်း...သွားရောက်ဖူးမြော်ခဲ့ပါတယ်...

အလုပ်ပိတ်ရက်သွားရင် လူများမှာစိုးလို့  ကြားရက်ခွင့်ယူပြီး သွားလိုက်တာပါ...

ရွှေတိဂုံရင်ပြင်တော်ပေါ်ရောက်တာနဲ့  အသံမစဲ ပဌာန်းရွတ်ဆိုနေရတာကို နာကြားရပါတယ်..

ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ဘုရားဖူးလာသူများ၊ နိုင်ငံခြားဧည့်သည်တော်များ၊ ရှင်လောင်းလှည့်နေသူများနဲ့  စည်ကားနေတာကို တွေ့ ရပါတယ်...

ရွှေတိဂုံဘုရား နှစ်-၂၆၀၀ ပြည့်အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရောင်းချပေးနေတာကိုလည်း တွေ့ မြင်ခဲ့ရပါတယ်...

သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲ

ဒီနေ့  MM Flash Songs အိမ်ရှေ့ တွင် လူများစုရုံးရောက်ရှိနေကြပါတယ်…

MM Flash Songs အက်မင်များက ရှေ့ ဆုံးမှ နေရာယူထားကြပြီး သတင်းယူမဲ့ သတင်းထောက်များ၊ လာရောက်နားထောင်သော မိသားစုဝင်များနဲ့  အိမ်ရှေ့  တစ်ခုလုံး ပြည့်နေပါတယ်…


အဲဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲ စတင်ပါတယ်…


သတင်းထောက်။ ။ MM Flash Songs မှာ ဖြစ်ပေါ်နေတဲ့ လွမ်းဧကရီက ချစ်သူရည်းစားများတဲ့ သတင်းက မှန်ပါသလားခင်ဗျာ…

Comment များနဲ့ ပေါက်ကွဲခြင်း


Comment များနဲ့ ပေါက်ကွဲခြင်း

ကျနော်က Comment ချစ်တတ်သူပါ…

Comment လာပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်နေရင်းနဲ့ Member တစ်ယောက်နဲ့ အပြန်အလှန် Comment နဲ့ ကစားရာကနေ ချစ်သူဖြစ်သွားတယ်ဗျ…

ကျနော်တို့ နှစ်ယောက်က Comment ကနေ ချစ်သူဖြစ်လာတဲ့သူဆိုတော့ Comment နဲ့ပဲ အပြန်အလှန် ချစ်စကားပြောကြရပါတယ်…

ခင်ဗျားတို့ကတော့ ဘယ်လိုမြင်မလဲတော့ မသိဘူးပေါ့ဗျာ…

ကျနော်တို့နှစ်ယောက်က အဝေးမှာနေကြရပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူများလို Chatting လည်း မလုပ်နိုင်ဘူးလေ…

တစ်ယောက်နဲ့ တစ်ယောက်ကလဲ မမြင်ဖူးကြဘူးလေ… မမြင်ဖူးဘဲ ဖြစ်ခဲ့ရတဲ့သံယောဇဉ်က အခုအချိန်မှာ ဖြတ်လို့မရဘဲ ချစ်သူအဖြစ်ရှိနေတယ်ဆိုတာ သူငယ်ချင်းတို့တော့ ယုံပါ့မလားမသိဘူး…

ဒီနေ့ ကျနော့်ချစ်သူအပေါ် Comment နဲ့ ပေါက်ကွဲသံစဉ်လေးတစ်ခုအဖြစ် ရေးသားတာကို သူငယ်ချင်းတို့ ခံစားပေးဖို့ပါ...

Comment လာပေးတတ်တဲ့ချစ်သူက Comment မပေးနိုင်ဘဲ အဝေးကို ထွက်သွားမယ်လို့ ကျနော်သိလိုက်တဲ့အချိန်မှာ ကျနော့် ခံစားချက်လေးပါ…