Saturday, February 18, 2012

Flash Song များကို Download ပြုလုပ်နည်း


Flash Song များကို Download ပြုလုပ်နည်း


လွမ်းရဲ့ Flash Song မှ ပုံများကို Download မလုပ်တတ်သူများအတွက် Download ပြုလုပ်ပုံအဆင့်ဆင့်

ပထမနည်း

၁။ လွမ်းပေးထားသော ခေါင်းစဉ် White Flowers ကို Mouse ဖြင့် Right Click ပြုလုပ်ပါ။

၂။ Save Link As... ကို Click ပြုလုပ်ပြီး မိမိသိမ်းလိုသော Folder အောက်တွင်ထား၍ Save ပြုလုပ်ပါ။


လွမ်းရင်ထဲ ထိသောသီချင်းလေး

လွမ်းရင်ထဲ ထိသောသီချင်းလေး


သီချင်းလေးတွေ နားထောင်ရင်း မိမိစိတ်ခံစားချက်နဲ့ တိုက်ဆိုင်ရင် ရင်ထဲမှာ ဝေဒနာလေးတွေ ဖြစ်လာတတ်ပါတယ်…

ဖေဖေါ်ဝါရီလ (၉)ရက်နေ့မနက် လွမ်းသူငယ်ချင်းတွေဆီ မှတ်ချက်လေးတွေ လိုက်ပေးရင်း Double Tun စာမျက်နှာအရောက်မှာ တင်ထားတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ချင်လို့ Play Button လေး အနှိပ်မှာ သီချင်းလေးကို နားထောင်ရင်း စိတ်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်လေး ဖြစ်ပေါ်လာပါတယ်…

လွမ်းက အထီးကျန်နေသူတစ်ယောက်မို့ အလွမ်း၊ အဆွေးသီချင်းလေးတွေကို ပိုနှစ်သက်တတ် ပါတယ်…

Double Tun ရဲ့ တင်ထားတဲ့ Flash Song လေးကို နားထောင်ပြီး သူငယ်ချင်းတွေကို နားထောင်စေ လိုတဲ့ဆန္ဒနဲ့ ဘလော့လေး ရေးတင်လိုက်တာပါ…

သီချင်းလေးကို သူငယ်ချင်းတို့လည်း နားဆင်ပြီး မိမိတို့ရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်ခဲ့ပါနော်…

လွမ်းကတော့ သီချင်းဆိုသူရဲ့ နေရာမှ လွမ်းအနေနဲ့ ဝင်ရောက်ပြီး အရမ်းကို ခံစားရပါတယ်…

လွမ်း အနှစ်သက်ဆုံးသီချင်းလေးအဖြစ် သိမ်းထားမှာပါ…

Double Tun လည်း သီချင်းလေးများကို ဖန်တီးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပါစေ…


လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၁)

လွမ်းဧကရီ၏လက်ရာ Flash Songs များ အပိုင်း (၁)





လွမ်းရေးသားတဲ့ “၂၀၁၁-ခုနှစ်၊ အချစ်သဝဏ်လွှာ” ကို Flash လုပ်ထားတဲ့သူကို လိုက်ရှာရင်းနဲ့ MM Flash Songs ကို ၂၀၁၁-ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှာ ဝင်ရောက်ခဲ့ပါတယ်…

ကိုငြိမ်းက လွမ်းဝင်တဲ့နေ့မှာပဲ အက်မင်တာဝန်ကို ပေးတဲ့အတွက် အက်မင်တာဝန်ယူရင်းနဲ့ ဆိုဒ်နဲ့ ပတ်သက်သော နည်းပညာများကို ရေးတင်ခဲ့ပါတယ်…

Flash Songs များနဲ့ နာမည်ရနေတဲ့ ဆိုဒ်တည်ထောင်သူ ကိုထွန်းထွန်းကိုလည်း ခင်မင်ခွင့် ရခဲ့ပါတယ်…

“၂၀၁၁-ခုနှစ်၊ အချစ်သဝဏ်လွှာ” ကြောင့် ကိုထွန်းထွန်းကို သိကျွမ်းခွင့်ရတဲ့အတွက် ကိုထွန်းထွန်းကို ကိုကိုလို့ ခေါ်ခဲ့ပါတယ်… ကိုကိုက လွမ်းထက် ငယ်ပါတယ်…

ကိုကို့ထံမှ Flash Songs လုပ်တဲ့ နည်းပညာများကို အွန်လိုင်းမှ တဆင့် သင်ကြားခဲ့ပါတယ်…

ယခု Flash Songs လုပ်တဲ့ နည်းပညာ သင်ကြားပြီး ၆-လတာကာလမှာ လွမ်း ပြုလုပ်ခဲ့တဲ့ Flash Songs များကို လွမ်း သူငယ်ချင်းများ ဝေဖန်အကြံပြုနိုင်ရန်အတွက် တင်ပြခြင်း ဖြစ်ပါတယ်…

သီချင်းစာသားပြုလုပ်ရာမှာ လွမ်းက ZawGyi One Font တစ်မျိုးတည်းကိုပဲ သုံးထားပါတယ်…

စာသား Effect ထည့်ရာမှာလည်း ရိုးရှင်းသော ပုံစံကိုသာ သုံးထားတာ တွေ့မှာပါ…

နောက်ခံပုံအများစုကတော့ ဂျပန်နိုင်ငံက သူငယ်ချင်းက ကူညီပံ့ပိုးပေးထားတာပါ…

လွမ်းက လွမ်းနေတတ်သူမို့ အလွမ်းသီချင်းလေးတွေကို ပိုနားထောင်တတ်ပါတယ်…

လွမ်း Flash Song လုပ်ထားတဲ့ သီချင်းတွေက အွန်လိုင်းမှာ ခင်ခဲ့၊ ချစ်ခဲ့ရတဲ့သူတွေ ပို့ပေးထားတာတွေချည်းပါ…

သီချင်းလေးတွေကို ဘယ်လိုဖန်တီးထည့်တယ်ဆိုတဲ့ ပညာလေးကို ရလိုက်တဲ့အတွက် အွန်လိုင်းကနေ သင်ကြားပေးခဲ့တဲ့ ကိုကို့ကို အထူးကျေးဇူးတင်ပါတယ်…

သီချင်းလေးတွေ လုပ်ဖြစ်တိုင်း ကိုကို့ကို သတိတရရှိနေမှာပါ…