Wednesday, November 23, 2011

မိမိစာမျက်နှာမှာ ပုံတွေထည့်မယ်၊ ပြန်ဖျက်မယ်။

မိမိစာမျက်နှာမှာ ပုံတွေထည့်မယ်၊ ပြန်ဖျက်မယ်။


ဒီနေ့ တော့ မိမိစာမျက်နှာမှာ ဘယ်လိုပုံတွေ ထည့်မယ်ဆိုတာ အဆင့်ဆင့် ရှင်းပြပါမယ်။

၁။ မိမိစာမျက်နှာမှာ ရှိတဲ့ ပုံတွေထည့်မယ် ဆိုတာကို Click ပြုလုပ်ပါမယ်။


၂။ ပုံတွေထည့်တဲ့အခါ .jpg, .gif နဲ့  .png file format တွေကိုပဲ လက်ခံတယ်ဆိုတာ ရေးထားပါတယ်။ ထည့်မဲ့ပုံရဲ့ Size က ငယ်မယ်ဆိုရင် ထည့်ရတာ ပိုမြန်ပါတယ်။ မိမိပုံတွေကို Resolution မကျပဲ ချုံ့ တဲ့နည်းကို လွမ်း ရေးတင်ခဲ့ပြီး ဖြစ်ပါတယ်။
ပုံတွေထည့်တဲ့အခါ လွမ်းကတော့ ရိုးရှင်းသော Uploader ဆိုတာကို အသုံးပြုပါတယ်။

Blog Post တင်နည်း

Blog Post တင်နည်း
 


ဒီနေ့ တော့ စာရေးတင်သူများအတွက် Ning Network မှာ ဘယ်လိုစာတင်ရတယ်ဆိုတာ ရှင်းပြချင်ပါတယ်…


ဒီနေရာမှာ လွမ်း ပြောချင်တာက မိမိရေးသားထားသော ၀တ္ထုတို၊ ကဗျာ၊ မိမိပြုလုပ်ထားသော Flash Songs များကို သူငယ်ချင်းများကို ဖတ်စေလိုတဲ့အခါ၊ ကြည့်စေလိုတဲ့အခါ ဘလော့ပို့ စ် ဆိုတာမှာ တင်ပေးရမှာ ဖြစ်ပါတယ်…


အကြောင်းအရာတစ်ခုကို ဆွေးနွေးချင်တယ်ဆိုရင်တော့ ဖိုရမ်များ ထဲမှာ ၀င်ရောက် ရေးသားရမှာ ဖြစ်ပါတယ်…


Forum ဆိုတဲ့ အဓိပ္ပါယ်ဟာ Place for public discussionပါ…
မြန်မာလို ပြောရရင် ဆွေးနွေးကြရမဲ့ နေရာလေးပါ… ဒီတော့ ဖိုရမ်များထဲမှာ မိမိဆွေးနွေးလိုတဲ့ အကြောင်းအရာကိုသာ တင်သင့်ပါတယ်… ဒါမှ မိမိတင်တဲ့ ဆွေးနွေးတဲ့အကြောင်းအရာအပေါ် ကျန်တဲ့ MM Flash Songs မိသားစုဝင်များပါ ပါဝင်ဆွေးနွေးကြမှာပါ…
ဒါပေမဲ့ အငြင်းပွားဖွယ် အကြောင်းအရာများကိုတော့ တင်ခွင့်ပြုမှာ မဟုတ်ပါဘူး…


စာတစ်ပုဒ်ကို ဘယ်လိုတင်ရတယ်ဆိုတာ လွမ်းရေးထားတဲ့ သေတမ်းကဗျာ ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို နမူနာယူပြီး တင်ပြပါမယ်…

Steve Jobs ကွယ်လွန်ခြင်း

Steve Jobs ကွယ်လွန်ခြင်း


Apple Company ရဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Steve Jobs ဟာ ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်...


ipod, iphone နဲ့  ipad သုံးနေကြတဲ့သူများကတော့ ဒါတွေဟာ Steve Jobs ရဲ့ တီထွင်ဆန်းသစ်မှုတွေဆိုတာ သိထားသင့်ပါတယ်...


Steve Jobs ကွန်လွန်တဲ့သတင်း ကြားရတဲ့အခါ လွမ်းအနေနဲ့ တော့ စိတ်ထဲ တကယ့်ကို ၀မ်းနည်းမိပါတယ်...


ကမ္ဘာလောကကြီးကို နည်းပညာအသစ်တွေနဲ့  ပြောင်းလဲအောင် ကြိုးပမ်းတဲ့သူတွေရဲ့ တီထွင်ဆန်းသစ်မှု နည်းပညာတွေဟာ လွမ်းတို့ အတွက်တော့ အံ့မခန်းပါပဲ...


Steve Jobs ဟာ ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် တီထွင်ပေးခဲ့သူပါပဲ...

ပုံလေးတွေ အရောင်မှိန်ထားမယ်၊ စာမျက်နှာကို ဘောင်ခတ်မယ်

ပုံလေးတွေ အရောင်မှိန်ထားမယ်


ဒီတစ်ခါ ခု လွမ်းရေးပေးတဲ့ Code ကို မိမိ၏ CSS ကုတ်ကြည့်ရန် (သို့ ) ထည့်ရန် နေရာမှာ ထည့်ကြည့်ပါနော်...

a {cursor: hand;}

a img {
border-width:0;
}
a:link img {filter:alpha(opacity=50); -moz-opacity:0.50; opacity:0.50;}a:hover img {filter:alpha(opacity=100); -moz-opacity:1.00; opacity:1.00;}a:active img {filter:alpha(opacity=100); -moz-opacity:1.00; opacity:1.00;}a:visited img {filter:alpha(opacity=50); -moz-opacity:0.50; opacity:0.50;}



အဲဒီ Code လေး ထည့်လိုက်ရင် မိမိစာမျက်နှာမှာ ရှိတဲ့ ပုံလေးတွေက မှိန်သွားပြီး Mouse Pointer နဲ့  ထောက်လိုက်မှ လင်းလာတာကို တွေ့ ပါလိမ့်မယ်...
........................................................................................................................


စာမျက်နှာကို ဘောင်ခတ်မယ်


မိမိ၏ CSS ကုတ်ကြည့်ရန် (သို့ ) ထည့်ရန် နေရာမှာ နောက်ထပ် ထည့်နိုင်တဲ့ Code လေးတစ်ခုပါ ပေးပါမယ်...



body
{border: 6px double gold;}



ဘောင်အထူအပါးကို 6px , 8px , ... စသဖြင့် ပြောင်းပေးနိုင်ပါတယ်...


အဲဒီ Code လေးက သူငယ်ချင်းတို့ ရဲ့ အိမ်လေးကို ရွှေလိုင်း ၂-လိုင်းနဲ့  ဘောင်ခတ်သွားမှာပါ...

စမ်းကြည့်ပါနော်...

အဆင်ပြေကြပါစေ...




လွမ်းဧကရီ
၂၆-၀၉-၂၀၁၁
စာရေးပြီးချိန်-၇း၅၀ နာရီ

Comment Box တွင် ပုံထည့်ခြင်း

Comment Box တွင် ပုံထည့်ခြင်း



ဒီတစ်ခါတော့ လွမ်းကို လာမေးတဲ့သူများတဲ့အတွက် Comment Box လို့  ခေါ်တဲ့ အမှတ်တရစကားရေးရန် နေရာမှာ ပုံထည့်တဲ့ အကြောင်းကို ရှင်းပြပါမယ်...

ပုံကို Comment Box တွင် ထည့်ရမှာဖြစ်တဲ့အတွက် Comment Box အရွယ်အစားအတိုင်း ပုံကို အရင် Crop လုပ်ရပါမယ်... အဲလို မလုပ်ထားရင် Comment Box ထဲ ပုံကို ထည့်တဲ့အခါ ကိုယ်ပေါ်လိုသောအပိုင်း မဟုတ်ပဲ ဖြစ်နေတတ်ပါတယ်...



ပုံကို ပထမရွေးချယ်ပါမယ်...



မိမိစာမျက်နှာကို လှအောင် ပြုပြင်နည်း အပိုင်း (၂)

မိမိစာမျက်နှာကို လှအောင် ပြုပြင်နည်း အပိုင်း (၂)


မိမိစာမျက်နှာရဲ့ နောက်ခံကို ဘယ်လိုလှအောင် ပြင်မယ်ဆိုတာကို ရေးတင်ခဲ့ပြီး ဖြစ်ပါတယ်…


ခုတစ်ခါ လွမ်းရဲ့ စာမျက်နှာကို ဘယ်လိုပြုပြင်ထားတာလဲလို့  လာမေးကြသူတွေအတွက် ပြုပြင်နည်း အပိုင်း (၂) အနေနဲ့  ရေးတင်တာပါ...


မိမိစာမျက်နှာမှာ နောက်ဆုံးလုပ်ဆောင်ချက် ဆိုတာ အပေါ်မှာ ရှိနေတာကို တွေ့ ရမှာပါ…


နောက်ဆုံးလုပ်ဆောင်ချက် ဆိုတဲ့ ခေါင်းစဉ်ဘယ်ဖက်ဘေးကို Mouse Pointer နဲ့  ထောက်ကြည့်ရင် အပေါင်းမျှား ( 4 Headed Arrow ) ကို မြင်တွေ့ ရမှာပါ…




အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  တွဲပြောကြရအောင်

အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  တွဲပြောကြရအောင်


ဒီနေ့ တော့ လွမ်းတို့ တွေ MM Flash Songs လေးတွေကို လာနားထောင်ရင်းနဲ့  သူငယ်ချင်း အချင်းချင်း အမှတ်တရစကားလေးတွေကို ပုံလေးတွေနဲ့  ဘယ်လိုတွဲပြောရတယ်ဆိုတာကို လွမ်း အဆင့်ဆင့် ရှင်းပြပေးသွားပါမယ်...
ပုံလေးတွေ ထည့်တဲ့အခါ နည်း (၃) နည်း ရှိပါတယ်...
(၁) မိမိကွန်ပျူတာထဲတွင် ရှိသောပုံကို ထည့်နည်း
(၂) Google Image Search မှ မိမိလိုချင်တဲ့ပုံလေးကို ရှာပြီး ထည့်နည်း နဲ့ 
(၃) Image Website များမှ ပုံများကို ထည့်နည်း တို့  ဖြစ်ပါတယ်...
………………………………………………………………………………………………………..

MM Flash Songs မှ Mail များ မ၀င်လာစေချင်ရင်

MM Flash Songs မှ Mail များ မ၀င်လာစေချင်ရင်



မိမိ Mail များကို စစ်သည့်အခါ မိမိ ၀င်ထားသော Ning Network မှ စာများ များပြားစွာ ၀င်ရောက်နေသည်ကို တွေ့ လျှင် စိတ်ရှုပ်ထွေးတတ်ကြပါတယ်...

ဒါကြောင့် မိမိ Mail များကို ဘယ်လို တားနိုင်တာတယ်ဆိုတာကို သိရှိနိုင်ရန် ရေးသားပါမယ်...
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ပုံတွင် ပြထားသည့်အတိုင်း လုပ်ဆောင်သွားပါ…



အပန်းဖြေစရာ Website လေးတစ်ခု

အပန်းဖြေစရာ Website လေးတစ်ခု


ဒီနေ့ တော့ အားလပ်ရက်လည်းဖြစ်တာနဲ့  သူငယ်ချင်းတို့ ကို Website တစ်ခုနဲ့  မိတ်ဆက်ပေးမယ်နော်...
သူငယ်ချင်းတို့ အိမ်မှာ အလှဆင်ချင်ရင်၊ သူငယ်ချင်း အချင်းချင်း Comment လှလှပို့ ချင်ရင် စုံလင်အောင် ထည့်ပေးထားတဲ့ Site လေးတစ်ခုပါ...
အဲဒီ Website ကတော့ http://www.crazyprofile.com ပါ... မသိသေးသူများအတွက် ရည်ညွှန်းတင်ပေးပါတယ်...
Website ကို ၀င်ရင် မြင်ရမဲ့ မြင်ကွင်းပါ...

 

အဲဒီ့ Website မှာ Layout များ၊ Comment များ၊ Banner များကို ထည့်ပေးထားပါတယ်...
မိမိဓါတ်ပုံများကို Slide Show လုပ်ချင်သူများအတွက် -


Animation Text ပြုလုပ်နည်း

Animation Text ပြုလုပ်နည်း



ပုံတွေမှာ Animation Text ထည့်နည်းလေးကို ဒီနေ့  ရေးပါမယ်…


၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…


၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…
၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…



PhotoShop ဖြင့် Text ထည့်ခြင်း

PhotoShop ဖြင့် Text ထည့်ခြင်း


အခုတလော Internet Connection ကြောင့် Gtalk ကနေ စကားပြောဖို့ ဝေးရော၊ Connection တက်လိုက်၊ ကျလိုက်နဲ့ ကိုယ်ရေးတာ သူမဖတ်ရ၊ သူရေးတာ ကိုယ့်ဆီမရောက်နဲ့ စိတ်ညစ်နေရတဲ့ အနေအထားပါ…


ဒီကြားထဲ Internet Connection ကြောင့် ကိုကိုနဲ့ မတွေ့ရတော့ဘူးဆိုပြီး လွမ်းကို လာနောက်ပြောင်နေတဲ့သူက ရှိသေးတယ်ဗျာ…


လွမ်းကလည်း တစ်ခွန်းမခံ ပြန်ပြောတာပဲ…


ကိုကိုနဲ့ စကားမပြောရပေမဲ့လည်း စာပို့ပြီး အပြန်အလှန်ပြောကြတာပေါ့လို့… စာပို့လို့ ရသေးလို့ တော်ပါသေးရဲ့… :P

ဒီနေ့တော့ စိတ်လိုလက်ရ ကိုကို့ဆီ စာပို့ဖို့ ပြင်ဆင်တာလေးကို သူငယ်ချင်းတို့ကို ပြောပြမယ်နော်… (တကယ်တော့ မပို့ပါဘူး… စိတ်ဝင်စားအောင် ပြောတာပါ… :P)

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

PhotoShop ဖြင့် မိမိပုံကို ဖြတ်ထုတ်ခြင်း

 

လွမ်း… ပြည်ပခရီးစဉ်လေးကို ရေးရင်းနဲ့ နည်းပညာလေးတစ်ခုကို စာရေးတင်အုန်းမယ်လို့ စိတ်ကူးရလာပါတယ်…

လွမ်းက စာရေးတဲ့အခါ ကိုယ်ပိုင်ခံစားချက်နဲ့ စာရေးတတ်ပြီး ခရီးသွားမှတ်တမ်း ရေးသားတဲ့အခါ ကိုယ်တိုင်ရိုက်လာတဲ့ ဓာတ်ပုံများကိုသာ အသုံးပြုတတ်ပါတယ်…

Website မှ ပုံများကို အသုံးပြုတဲ့အခါ တစ်ခါတစ်ရံ မိမိအသုံးပြုတဲ့ပုံက Website မှာ မရှိတော့ရင် Blank ဖြစ်သွားတတ်သလို Picture Not Found ဆိုတဲ့စာတွေ ပေါ်လာတတ်ပါတယ်…

ဒီတော့ မိမိကိုယ်ပိုင်ပုံလေးကို အသုံးပြုတဲ့အခါ Double Helix Bridge ကို သီးခြားရိုက်ထားတာ မရှိတဲ့အတွက် လွမ်းပါနေတဲ့ ဓာတ်ပုံမှာ လွမ်းပုံကို ဖြတ်ထုတ်ဖို့ PhotoShop Software ကို အသုံးပြုခဲ့ပါတယ်…

ပုံတွေကို Edit လုပ်တဲ့အခါဖြစ်စေ၊ ပုံတွေမှာ စာရေးတဲ့အခါဖြစ်စေ၊ Animation စာလေးတွေ လုပ်ချင်တဲ့အခါ လွမ်း PhotoShop Software ကို အသုံးပြုပါတယ်…

လွမ်းပုံကို ဖြတ်ထုတ်ထားပုံ အဆင့်ဆင့် ရေးပြပါမယ်…