Tuesday, February 19, 2008

ရေချမ်းစင်လေး



ရေချမ်းစင်လေး






ငါဟာ ရေချမ်းစင်လေးပါ

ဖြူလွလွသဲပွင့်များပေါ်


ငြိမ်းချမ်းမှုရသနဲ့


ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ


သိသူဖြစ်စေ မသိသူဖြစ်စေ


ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း


ငါက ကြည်ဖြူမှာပါ…


ကိုယ့်အရိပ်လေးထဲ ကိုယ်နေ


ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ ကိုယ်တိမ်မြှုပ်


ဘာကိုမှ အရေးမလုပ်ဘဲ နေနေတာမဟုတ်ပါဘူး


ခရီးသွားတွေဆိုတာ


ငါ့ရှေ့က လမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ


သူတို့အသံတွေကို ငါကြားနေရတာပေါ့


သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့


အမှန်နဲ့အမှား ဘယ်လိုချိုတယ်၊ ဘယ်လိုခါးတယ်ဆိုတာ


ရေချမ်းစင်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ်


စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်


ငါ့ရေချမ်းစင်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်


နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ


နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ


အဲဒီလို ဆိုခွင့်၊ ငိုခွင့် ကင်းမဲ့နေတဲ့ငါ့ကို


ခွင့်လွှတ်ပေးပါဦးကွယ်


စကားတွေ အများကြီးပြောလို့ မရဘူးလေ


ငါက အသက်မဲ့နေတဲ့ ရေချမ်းစင်လေးမို့ပါ…



ရုရှားတွင် ကျောင်းတက်နေသော သူငယ်ချင်းပေးပို့သောကဗျာ ဖြစ်ပါသည်။

 

ချွင်းချက်

 



ချွင်းချက်


ချစ်သူ
 
မမေ့တတ်တာ
 
မှတ်မိလို့ပဲ ထင်ပါရဲ့
 
လေ့ကျင့်ရင်း သင်ယူ
 
သင်ယူရင်း လေ့ကျင့်နဲ့
 
မေ့ခြင်းပညာအဖြာဖြာကို
 
တစ်ဖက်စွန်းရောက်
 
…ငါတတ်မြောက်နေပြီ...
 
ကျောင်းမှာလည်းမေ့
 
အိမ်မှာလည်းမေ့
 
လမ်းပေါ်မှာမေ့
 
ကျူရှင်မှာမေ့
 
ဟိုမေ့ဒီမေ့
 
အင်မတန်မေ့တဲ့
 
ငါဆိုတဲ့ကောင်မလေးမှာ
 
မမေ့ရက်နိုင်တာ
 
နင်တစ်ယောက်ထဲပါ…



လရောင်အောက်က မိန်းမလှ

ကျွန်တော်က တစ်ခါတစ်ခါ အွန်လိုင်းသူငယ်ချင်းတွေ အပေါ် အတ္တဆန်တတ်တယ်ဗျ... ကလေးဆန်တတ်တယ် ပေါ့ဗျာ... အဲဒါကြောင့် ကျွန်တော့်အွန်လိုင်း သူငယ်ချင်းက ဒီPostလေးကို ပို့ ပေးတာ... သူငယ်ချင်းတွေ အားလုံး ဖတ်စေချင်လို့ ပါ... ကျွန်တော်ကတော့ ခံစားရတယ်ဗျာ...

အင်္ဂလိပ်အခေါ် = Epiphyllum
တရုတ်အခေါ် = 昙花

ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊
မှုလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကို
ပူပြင်းခြောက်သွေ့သော သဲကန္တာရနေရာများတွင် ပေါက်ရောက်၊
ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန်ပုံသဏ္ဍာန်၊ ညအချိန်တွင်
ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊
ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်၊
ညအချိန်မှ ပွင့်တတ်တဲ့အတွက် "လရောင်အောက်က မိန်းမလှ" ဟု တင်စား
ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်း။

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ
ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့
တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ
သူထုတ်ပြခဲ့တယ်။

Monday, February 11, 2008

အချစ်ဆုံးသူတစ်ယောက်အကြောင်း

အချစ်ဆုံးသူတစ်ယောက်အကြောင်း

လွမ်းတယ်ဗျာ…

ကျွန်တော် လူ့လောကထဲ ရောက်လာတာ အလွမ်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ နေရအောင် ဖန်တီးပေးထားသလိုပဲ…

ကျွန်တော် လွမ်းတတ်လာတာက ကျွန်တော်ချစ်ရတဲ့သူ စရတဲ့အချိန်က စတော့တာပဲ…

ဒီနေ့က ကျွန်တော့်ချစ်သူရဲ့ မွေးနေ့လေးပါ…

ကျွန်တော့်ဘဝမှာ အချစ်ဆုံးချစ်ခဲ့ရတဲ့ ချစ်သူပါ…

သူကလည်း ကျွန်တော့်ကို အချစ်ဆုံးဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် လုံးဝယုံကြည်တယ်…

သူ ကျွန်တော့ကို နှုတ်မဆက်ဘဲ ထားသွားခဲ့တယ်…

တစ်ချို့လူတွေက သူတို့ချစ်သူကို စွန့်ခွာခါနီးမှာ နှုတ်ဆက်စကား၊ အကြောင်းပြချက်စကားတွေ ပြောပြပြီးမှ စွန့်ခွာသွားကြတာလေ…

ကျွန်တော့ချစ်သူက ကျွန်တော့်ကို ဘာမှမပြောဘဲ ထားသွားခဲ့တာ…

ကျွန်တော်ကတော့ သူ့ရဲ့ အမှတ်တရနေ့လေးတွေမှာ သူ့ကို တမ်းတရင်းနဲ့ လွမ်းနေဆဲပါ…

အွန်လိုင်းသူငယ်ချင်းများအပေါ် ခံစားချက်

ကျွန်တော်ဘလော့ဂ်စရေးပြီး လိုအပ်တာတွေကို တစ်ခုချင်းလုပ်ကြည့်ပြီး စမ်းရေးနေတာလေ...ခုထိကို မပြည့်စုံသေးပါဘူး...ကျွန်တော်စာတွေက ပညာရပ်နဲ့  မသက်ဆိုင်သလို ဘယ်လိုမှလဲ ခင်ဗျားတို့ အတွက် ခံစားမှုကို ပေးနိုင်မှာမဟုတ်ဖူးဆိုတာ သေချာတယ်...ဒါဆို ဘာရည်ရွယ်ချက်နဲ့ ရေးတာ လဲလို့ မေးချင်နေမှာဘဲ...ကျွန်တော်က ၀က်ပေ့ခ်ျလုပ်ရတာကို ၀ါသနာပါတာဗျ...ကျွန်တော် ပုံတွေ တင်တယ်...သူငယ်ချင်းတွေ ၀က်ပေ့ခ်ျသွားကြည့်တယ်...မှတ်ချက်တွေရေးခဲ့တယ်...ကျွန်တော်ကြိုက်တဲ့ ပုံလေးတွေ ထည့်ပေးခဲ့တယ်....အဲဒါ ကျွန်တော့်အလုပ်ဘဲ...ကျွန်တော့် ခံစားချက် ကျွန်တော်ရေးချင်တာလေးတွေ ရေးချင်လို့  လုပ်ထားတာလို့ ဘဲ ပြောပါရစေ....ကျွန်တော့်ရေးတာကိုတော့ အများဖတ်စေချင်တာလေ...ကျွန်တော့် ပရိသတ်က ကျွန်တော့်အွန်လိုင်းက သူငယ်ချင်းတွေဘဲ... သူတို့ အကြောင်းကို ပြောပြချင်လို့  ဒီစာလေးကို ရေးဘို့  နိဒါန်းပျိုးနေတာလေ...


Friday, February 8, 2008

ဆန်ဒ နဲ့ ဘဝ



ဆန်ဒ နဲ့ ဘဝ

နွေးထွေးတဲ့ မျက်ဝန်း

နူးညံ့တဲ့ နှုတ်ခမ်း

ချိုသာတဲ့ အသံလေးတွေနဲ့

ပြုံးနေမဲ့ ချစ်သူမျက်နှာ

အာရုံမှာ အရုပ်ထင်

စိတ်ကူးမှာ ရေးဆွဲ

မမြင်ဘူးပဲနဲ့ ချစ်ခဲ့

ဪ သံယောဇဉ်ဆိုတာ

…မမြင်ဘူးပဲနဲ့ ငြိတွယ်တတ်ပါသလား…

ချစ်သူရေ တစ်ခါတစ်လေတော့လည်း

ငှက်တွေလို အတောင်ပေါက်

လေယာဉ်ပျံကြီးစီးပြီး

အလင်းရဲ့ အလျင်နှုန်းထက်မြန်တဲ့

စိတ်ရဲ့အမြန်နှုန်းနဲ့ ကိုယ်လှမ်းလို့ လာချင်ခဲ့

ဒါပေမဲ့ ချစ်သူရေ

ဘဝဆိုတာ ဆန္ဒမှ မဟုတ်တာ

ခုတော့လည်း ဆန္ဒကို အသာထား

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးပြီး

ကိုယ်တို့နှစ်ယောက်ရဲ့ ဘဝတွေဟာ….



သူငယ်ချင်းတေဇာ အွန်လိုင်းရှိစဉ်က ပေးပို့သောကဗျာကို အမှတ်တရ ဖော်ပြခြင်း ဖြစ်ပါသည်။